Pages

Saturday, August 10, 2013

အလုပ်ဖိအားများကြောင့် ဟယ်လီဘယ်ရီ စိတ်ရောဂါကု ဆရာဝန်နှင့် တိုင်ပင်ခဲ့ရ

Photo: အလုပ်ဖိအားများကြောင့် ဟယ်လီဘယ်ရီ စိတ်ရောဂါကု ဆရာဝန်နှင့် တိုင်ပင်ခဲ့ရ
Saturday, August 10, 2013

James Bond ဇာတ်ဆောင်ဟောင်း မင်းသမီးသည် မိမိ၏ အနုပညာ လုပ်ငန်းများတွင် ဖိအားများလွန်းပြီး ယင်းအတွက် စိတ်ထွက်ပေါက် လိုအပ်နေသည်ဟု ဝန်ခံထားသည်

အလုပ်တွင် ဖိအားများလွန်းသဖြင့် ဟယ်လီဘယ်ရီတစ်ယောက် စိတ်ရောဂါ အထူးကု ဆရာဝန် တစ်ဦးနှင့်ပါ တိုင်ပင် အကြံယူခဲ့ရကြောင်း သိရှိရသည်။ James Bond ဇာတ်ဆောင်ဟောင်း မင်းသမီးသည် မိမိ၏ အနုပညာ လုပ်ငန်းများတွင် ဖိအားများလွန်းပြီး ယင်းအတွက် စိတ်ထွက်ပေါက် လိုအပ်နေသည်ဟု ဝန်ခံထားသည်။ အသက်(၄၆)နှစ်ရှိ ဟယ်လီသည် ချစ်သူဟောင်း ဂါဘရီရယ်လ် အော်ဘရီနှင့် ရခဲ့သည့် (၅)နှစ်အရွယ် သမီးလေး နာလာအတွက်လည်း အချိန်ပေးနေရသူ ဖြစ်သည်။ သူမသည် ယခုလက်ရှီ ခင်ပွန်းဖြစ်သူ အိုလီဗီယာ မာတီနက်ဇ်နှင့်လည်း သားဦးလေး ရရှိရန် မျှော်လင့်နေသည်။ သူမက တစ်ခါတစ်ရံတွင် ရိုက်ကွင်းများမှ ဖိအားသည် သူမအတွက် အတွေးအခေါ်ပိုင်းမှအစ လမ်းကြောင်း ချော်ထွက်သွားလောက်အောင် ပြင်း ထန်တတ်ကြောင်း ဖွင့်ဟခဲ့သည်။

ကျွန်မအဖေက အရက်သမားတစ်ယောက် ဖြစ်ခဲ့တယ်။ လူတိုင်းကို အနိုင်ကျင့်တတ်တဲ့သူ တစ်ယောက်ပါ။ ကျွန်မရဲ့ အမေက ကျွန်မအနေနဲ့ ဘက်မလိုက်ဘဲ အကြံပေးတတ်တဲ့ လူတစ်ယောက်ကို ရင်ဖွင့်ဖို့ ငယ်ငယ်ကတည်းက ဘယ်လောက် လိုအပ်ခဲ့တယ် ဆိုတာကို နားလည်စေခဲ့တယ်။ ကျွန်မအနေနဲ့ ခံစားချက်တွေ၊ စိတ်ထွေပြားမှုတွေကို ဘယ်လို ထိန်းချုပ်ရမယ် ဆိုတာကို ကူညီလမ်းပြခဲ့တယ်လေ"ဟု သူမက Total Film မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။ ဟယ်လီက ကျွန်မ စိတ်ဖိစီးမှုတွေ ကြုံရလွန်းတဲ့အခါ စိတ်ပညာ ဆရာဝန် တစ်ယောက်ကို ဖုန်းခေါ်တယ်။ ပြီးတော့ သူနဲ့အတူ ဆွေးနွေးဖို့ အချိန်ယူတယ်။ ကျွန်မရဲ့ အလုပ်အကိုင် နယ်ပယ်မှာ ခံစားရတာတွေကို ဖွင့်ဟတယ်။ နောက် တစ်ချက်က ကျွန်မ သမထကျင့်စဉ် တရားထိုင်တာတွေ အများကြီး လုပ်ဖြစ်တယ်။ ကျွန်မတို့ရဲ့ စိတ်ဟာ တကယ့်ကို စွမ်းအားကြီးပါတယ်။ အရာတိုင်းကို ကျွန်မတို့ ဘယ်လိုရှုမြင်တယ် ဆိုတာကို ထိန်းချုပ်နိုင်ဖို့ လိုပါတယ်ဟုလည်း မှတ်ချက်ပြုခဲ့သည်။

သူမက မီးမဖွားမီ ရိုက်ကွင်းများမှ အနားယူနေသော်လည်း မြန်နိုင် သမျှမြန်မြန် အနုပညာ လုပ်ငန်းများ ပြန်လည် စတင်ရန် မျှော်လင့်ကြောင်း လည်း ဖွင့်ဟခဲ့သည်။ ကျွန်မအနေနဲ့ အလုပ်တွေကို ဘဝရဲ့ အပိုင်းတစ်ခုအဖြစ် ချန်ထားဖို့တော့ လိုအပ်နေပါပြီ။ အိမ်ကို ပြန်လာ တဲ့အချိန် ကျွန်မမှာ ကိုယ်ပိုင်ဘဝပဲ တသီးတခြား ရှိသင့်သွားပြီ။ အထူးသဖြင့် ကျွန်မတို့မှာ ကလေးတွေ ရှိလာတဲ့အခါပေါ့။ အိမ်ကိုပြန်လာရင် ကျွန်မဟာ အမေတစ်ယောက်ပဲ ဖြစ်ရပါမယ်။ ပြီးတော့ အိမ်ကနေ အလုပ်ခွင်ကို ထွက်သွားချိန်ထိလည်း အဲဒီအတိုင်း ဖြစ်နေရမယ်လေဟု ဟယ်လီက ဖွင့်ဟသွားသည်။

Planet Myanmar Network

RangonNewsDaily:: Aug 10, 2013

James Bond ဇာတ်ဆောင်ဟောင်း မင်းသမီးသည် မိမိ၏ အနုပညာ လုပ်ငန်းများတွင် ဖိအားများလွန်းပြီး ယင်းအတွက် စိတ်ထွက်ပေါက် လိုအပ်နေသည်ဟု ဝန်ခံထားသည် အလုပ်တွင် ဖိအားများလွန်းသဖြင့် ဟယ်လီဘယ်ရီတစ်ယောက် စိတ်ရောဂါ အထူးကု ဆရာဝန် တစ်ဦးနှင့်ပါ တိုင်ပင် အကြံယူခဲ့ရကြောင်း သိရှိရသည်။ James Bond ဇာတ်ဆောင်ဟောင်း မင်းသမီးသည် မိမိ၏ အနုပညာ လုပ်ငန်းများတွင် ဖိအားများလွန်းပြီး ယင်းအတွက် စိတ်ထွက်ပေါက် လိုအပ်နေသည်ဟု ဝန်ခံထားသည်။ အသက်(၄၆)နှစ်ရှိ ဟယ်လီသည် ချစ်သူဟောင်း ဂါဘရီရယ်လ် အော်ဘရီနှင့် ရခဲ့သည့် (၅)နှစ်အရွယ် သမီးလေး နာလာအတွက်လည်း အချိန်ပေးနေရသူ ဖြစ်သည်။ သူမသည် ယခုလက်ရှီ ခင်ပွန်းဖြစ်သူ အိုလီဗီယာ မာတီနက်ဇ်နှင့်လည်း သားဦးလေး ရရှိရန် မျှော်လင့်နေသည်။ သူမက တစ်ခါတစ်ရံတွင် ရိုက်ကွင်းများမှ ဖိအားသည် သူမအတွက် အတွေးအခေါ်ပိုင်းမှအစ လမ်းကြောင်း ချော်ထွက်သွားလောက်အောင် ပြင်း ထန်တတ်ကြောင်း ဖွင့်ဟခဲ့သည်။

ကျွန်မအဖေက အရက်သမားတစ်ယောက် ဖြစ်ခဲ့တယ်။ လူတိုင်းကို အနိုင်ကျင့်တတ်တဲ့သူ တစ်ယောက်ပါ။ ကျွန်မရဲ့ အမေက ကျွန်မအနေနဲ့ ဘက်မလိုက်ဘဲ အကြံပေးတတ်တဲ့ လူတစ်ယောက်ကို ရင်ဖွင့်ဖို့ ငယ်ငယ်ကတည်းက ဘယ်လောက် လိုအပ်ခဲ့တယ် ဆိုတာကို နားလည်စေခဲ့တယ်။ ကျွန်မအနေနဲ့ ခံစားချက်တွေ၊ စိတ်ထွေပြားမှုတွေကို ဘယ်လို ထိန်းချုပ်ရမယ် ဆိုတာကို ကူညီလမ်းပြခဲ့တယ်လေ"ဟု သူမက Total Film မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။ ဟယ်လီက ကျွန်မ စိတ်ဖိစီးမှုတွေ ကြုံရလွန်းတဲ့အခါ စိတ်ပညာ ဆရာဝန် တစ်ယောက်ကို ဖုန်းခေါ်တယ်။ ပြီးတော့ သူနဲ့အတူ ဆွေးနွေးဖို့ အချိန်ယူတယ်။ ကျွန်မရဲ့ အလုပ်အကိုင် နယ်ပယ်မှာ ခံစားရတာတွေကို ဖွင့်ဟတယ်။ နောက် တစ်ချက်က ကျွန်မ သမထကျင့်စဉ် တရားထိုင်တာတွေ အများကြီး လုပ်ဖြစ်တယ်။ ကျွန်မတို့ရဲ့ စိတ်ဟာ တကယ့်ကို စွမ်းအားကြီးပါတယ်။ အရာတိုင်းကို ကျွန်မတို့ ဘယ်လိုရှုမြင်တယ် ဆိုတာကို ထိန်းချုပ်နိုင်ဖို့ လိုပါတယ်ဟုလည်း မှတ်ချက်ပြုခဲ့သည်။

သူမက မီးမဖွားမီ ရိုက်ကွင်းများမှ အနားယူနေသော်လည်း မြန်နိုင် သမျှမြန်မြန် အနုပညာ လုပ်ငန်းများ ပြန်လည် စတင်ရန် မျှော်လင့်ကြောင်း လည်း ဖွင့်ဟခဲ့သည်။ ကျွန်မအနေနဲ့ အလုပ်တွေကို ဘဝရဲ့ အပိုင်းတစ်ခုအဖြစ် ချန်ထားဖို့တော့ လိုအပ်နေပါပြီ။ အိမ်ကို ပြန်လာ တဲ့အချိန် ကျွန်မမှာ ကိုယ်ပိုင်ဘဝပဲ တသီးတခြား ရှိသင့်သွားပြီ။ အထူးသဖြင့် ကျွန်မတို့မှာ ကလေးတွေ ရှိလာတဲ့အခါပေါ့။ အိမ်ကိုပြန်လာရင် ကျွန်မဟာ အမေတစ်ယောက်ပဲ ဖြစ်ရပါမယ်။ ပြီးတော့ အိမ်ကနေ အလုပ်ခွင်ကို ထွက်သွားချိန်ထိလည်း အဲဒီအတိုင်း ဖြစ်နေရမယ်လေဟု ဟယ်လီက ဖွင့်ဟသွားသည်။

Planet Myanmar Network , RangonNewsDaily
kolatt (Pabedan): 10.8.2013

0 comments:

Post a Comment