Pages

Saturday, August 10, 2013

ဂျပန်နှင့် ပိုင်နက်အငြင်းပွားရေပြင်တွင် တရုတ်က အချိန်အကြာဆုံး ကင်းလှည့်

Photo: ဂျပန်နှင့် ပိုင်နက်အငြင်းပွားရေပြင်တွင် တရုတ်က အချိန်အကြာဆုံး ကင်းလှည့်
Saturday, August 10, 2013

တရုတ်ရေတပ် သင်္ဘောများသည် ဂျပန်တို့ ထိန်းချုပ်ထားသည့်နောက်ပိုင်း ရှင်ကာကူ ကျွန်းစုအနီးတွင် အချိန်အကြာဆုံး စံချိန်အနေဖြင့် (၂၈)နာရီကြာ ကင်းလှည့်မှု တစ်ခုကို ပြုလုပ်သွားခဲ့သည်။

ပိုင်နက် အငြင်းပွားနေသည့် ရေပြင်တွင် အချိန်အကြာဆုံး ကင်းလှည့်မှု တစ်ခုကို ပြုလုပ်ခြင်းဖြင့် တရုတ်က ဂျပန်၏ သည်းခံနိုင်စွမ်းကို အကဲစမ်းလိုက်ကြောင်း သိရှိရသည်။ တရုတ်ရေတပ် သင်္ဘောများသည် ဂျပန်တို့ ထိန်းချုပ်ထားသည့်နောက်ပိုင်း ရှင်ကာကူ ကျွန်းစုအနီးတွင် အချိန်အကြာဆုံး စံချိန်အနေဖြင့် (၂၈)နာရီကြာ ကင်းလှည့်မှု တစ်ခုကို ပြုလုပ်သွားခဲ့သည်။ အဆိုပါ ကျွန်းစုများသည် မိမိတို့ ပိုင်ဆိုင်ကြောင်း တရုတ်က အရေးဆိုထားပြီး တရုတ်ဘက်တွင် ဒိုင်အိုယူ ကျွန်းစုအဖြစ် အမည်သတ်မှတ်ထားသည်။ တရုတ်သည် တောင်တရုတ် ပင်လယ်အတွင်း ဖိလစ်ပိုင်နှင့် ပိုင်ဆိုင်ခွင့် အငြင်းပွားနေသော ပိုင်နက်ရေပြင်ကို ထိန်းချုပ်ခွင့် ရရှိခဲ့သည့်နောက် ဂျပန်နှင့် အရေးတွင်ပါ အရဲကိုးလာခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများက ဆိုသည်။

စကာဘရိုး သောင်ခုံကျွန်းများ တည်ရှိရာ ရေပြင်ကို တရုတ်က ထိန်းချုပ်ခွင့် ရခဲ့သည့်နောက် ဂျပန်ရေတပ် ထိန်းချုပ်ထားသည့် ရေပြင်ကို တရုတ်၏ ဖွဲ့စည်းမှု သက်တမ်း မကြာလှသေးသည့် ကမ်းခြေစောင့် တပ်ဖွဲ့များက အချိန်ကြာကြာ ဝင်ရောက်လာခြင်း ဖြစ်သည်။ ကြာသပတေးနေ့တွင် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တရုတ်သံအမတ်ထံသို့ ယခုလုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း အသိပေးလိုက်သည်။ လေ့လာသူများက တရုတ်သမ္မတ ဇီကျင်ပင်း အနေဖြင့် ရေတပ်အင်အားကို တိုးမြှင့်ကာ ဒေသတွင်း ဩဇာသက်ရောက်မှုကို ဖြန့်ကျက်ရန် ကြိုးပမ်းနေခြင်း ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ဖစ်ရပ်နှစ်ခုက တော်တော်ဆင်တယ်လေဟု ဂျပန်နိုင်ငံ၊ တော်ဝင် ကာကွယ်ရေးနှင့် လုံခြုံရေး လေ့လာမှု ဌာန၏ တိုကျိုဗျူရိုမှ လေ့လာသူ ချိုင်ကီအေကီမိုတိုက မှတ်ချက်ပြုခဲ့သည်။ ၎င်းက ဖိလစ်ပိုင်နှင့် ဂျပန်နှစ်နိုင်ငံတို့အပေါ် တရုတ်ရေတပ်၏ ချဉ်းကပ်ပုံ ဆင်တူမှု ကို ထောက်ပြခဲ့ခြင်းလည်း ဖြစ်သည်။သူတို့ စိတ်ကူးက နည်းနည်းချင်း၊ နည်းနည်းချင်းစီ အကဲစမ်း ရှေ့တိုးလာဖို့ ဖြစ်လိမ့်မယ်။ တစ်ဖက်ကလည်း ဂျပန်က ဘယ်လိုများ တုံ့ပြန်မလဲ ဆိုတာကိုတော့ သူတို့ စိုးရိမ်စိတ်နဲ့ စောင့်ကြည့်နေမှာပါဟု အေကီမိုတိုက ဆိုသည်။ ဇွန်လအတွင်းက ဖိလစ်ပိုင်သည် မိမိတို့ ရေပိုင်နက်သို့ တရုတ်ရေတပ် သင်္ဘောများ အလုံးအရင်းဖြင့် ကင်းလှည့် ဝင်ရောက်မှုကို ကန့်ကွက်ကြောင်း ပြောဆိုခဲ့သေးသည်။

အဆိုပါ ကိစ္စအတွက် ဖိလစ်ပိုင်က အမေရိကန် ပြည်ထောင်စုကို ဇန်နဝါရီလ အတွင်းက အကူအညီ တောင်းခံခဲ့ဖူးသည်။ သို့သော်လည်း တရုတ်နှင့် ဖိလစ်ပိုင် တိုက်သင်္ဘောများ အပြန်အလှန် စောင်နေခဲ့သည့် ဖြစ်ရပ်များအပြီး တစ်နှစ်မျှအကြာ ယခုအချိန်တွင်မူ တရုတ်က စကာဘရိုးကို ထိန်းချုပ်လိုက်ပြီ ဖြစ်သည်။ ယခုသီတင်းပတ် အတွင်းတွင် တရုတ်ကမ်းခြေစောင့် တပ်ဖွဲ့မှ တိုက်သင်္ဘော (၄)စင်းသည် ဂျပန်တို့ ထိန်းချုပ်ထားသည့် ကျွန်းစုများ ပတ်ဝန်းကျင်တွင် (၂၈)နာရီကြာ ခုတ်မောင်းနေခဲ့သည်။ ယင်းတို့သည် ဂျပန်ပိုင် မီနာမီကိုဂျီးမား ကျွန်းနှင့် (၅)ကီလိုမီတာမျှ အကွာထိ ရောက်ရှိခဲ့ကြောင်း ဂျပန်က စွပ်စွဲခဲ့သည်။

အဆိုပါ သင်္ဘောများသည် (၂၈)နာရီကြာ ကင်းလှည့်တာဝန် အပြီးနောက် ကြာသပတေးနေ့ နေ့လယ်ပိုင်းက ပြန်လည် ထွက်ခွာသွားသည်။ ရှင်ကာကူဟာ ဂျပန်ပိုင်နက် နယ်မြေပါ။ ဒါဟာ သမိုင်းကြောင်း အရရော၊ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေ အရပါ အမှန်တရား ဖြစ် ပါတယ်ဟု ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဆိုသည်။ ဂျပန်သည် ဒုတိယ ကမ္ဘာစစ်တွင် စစ်ရှုံးခဲ့သည့်နောက် (၂၀)ရာစု အစောပိုင်းက ၎င်းတို့ ကျူးကျော် သိမ်းပိုက်ထားသည့် ကျွန်းစုများ ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်ပြီး အငြင်းပွားစရာ အခြေအနေများ ကြုံခဲ့ရသည်။ လက်ရှိတွင် ရှင်ကာကူကျွန်း ပိုင်နက် ကိစ္စနှင့် ပတ်သက်၍ ဂျပန်နှင့် တရုတ်တို့ကြား တင်းမာမှုများ မြင့်တက်နေဆဲ ဖြစ်သည်။ အဆိုပါ နှစ်နိုင်ငံကြား ဆက်ဆံရေး အေးခဲမှုနှင့်အတူ ဇူလိုင်လတွင် ဂျပန်နိုင်ငံသို့ တင်ပို့ရောင်းချသည့် တရုတ် ကုန်စည်ပမာဏ (၂)ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

RangonNewsDaily:: Aug 10, 2013

တရုတ်ရေတပ် သင်္ဘောများသည် ဂျပန်တို့ ထိန်းချုပ်ထားသည့်နောက်ပိုင်း ရှင်ကာကူ ကျွန်းစုအနီးတွင် အချိန်အကြာဆုံး စံချိန်အနေဖြင့် (၂၈)နာရီကြာ ကင်းလှည့်မှု တစ်ခုကို ပြုလုပ်သွားခဲ့သည်။ ပိုင်နက် အငြင်းပွားနေသည့် ရေပြင်တွင် အချိန်အကြာဆုံး ကင်းလှည့်မှု တစ်ခုကို ပြုလုပ်ခြင်းဖြင့် တရုတ်က ဂျပန်၏ သည်းခံနိုင်စွမ်းကို အကဲစမ်းလိုက်ကြောင်း သိရှိရသည်။ တရုတ်ရေတပ် သင်္ဘောများသည် ဂျပန်တို့ ထိန်းချုပ်ထားသည့်နောက်ပိုင်း ရှင်ကာကူ ကျွန်းစုအနီးတွင် အချိန်အကြာဆုံး စံချိန်အနေဖြင့် (၂၈)နာရီကြာ ကင်းလှည့်မှု တစ်ခုကို ပြုလုပ်သွားခဲ့သည်။ 
 
အဆိုပါ ကျွန်းစုများသည် မိမိတို့ ပိုင်ဆိုင်ကြောင်း တရုတ်က အရေးဆိုထားပြီး တရုတ်ဘက်တွင် ဒိုင်အိုယူ ကျွန်းစုအဖြစ် အမည်သတ်မှတ်ထားသည်။ တရုတ်သည် တောင်တရုတ် ပင်လယ်အတွင်း ဖိလစ်ပိုင်နှင့် ပိုင်ဆိုင်ခွင့် အငြင်းပွားနေသော ပိုင်နက်ရေပြင်ကို ထိန်းချုပ်ခွင့် ရရှိခဲ့သည့်နောက် ဂျပန်နှင့် အရေးတွင်ပါ အရဲကိုးလာခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများက ဆိုသည်။

စကာဘရိုး သောင်ခုံကျွန်းများ တည်ရှိရာ ရေပြင်ကို တရုတ်က ထိန်းချုပ်ခွင့် ရခဲ့သည့်နောက် ဂျပန်ရေတပ် ထိန်းချုပ်ထားသည့် ရေပြင်ကို တရုတ်၏ ဖွဲ့စည်းမှု သက်တမ်း မကြာလှသေးသည့် ကမ်းခြေစောင့် တပ်ဖွဲ့များက အချိန်ကြာကြာ ဝင်ရောက်လာခြင်း ဖြစ်သည်။ ကြာသပတေးနေ့တွင် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တရုတ်သံအမတ်ထံသို့ ယခုလုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း အသိပေးလိုက်သည်။ လေ့လာသူများက တရုတ်သမ္မတ ဇီကျင်ပင်း အနေဖြင့် ရေတပ်အင်အားကို တိုးမြှင့်ကာ ဒေသတွင်း ဩဇာသက်ရောက်မှုကို ဖြန့်ကျက်ရန် ကြိုးပမ်းနေခြင်း ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ဖစ်ရပ်နှစ်ခုက တော်တော်ဆင်တယ်လေဟု ဂျပန်နိုင်ငံ၊ တော်ဝင် ကာကွယ်ရေးနှင့် လုံခြုံရေး လေ့လာမှု ဌာန၏ တိုကျိုဗျူရိုမှ လေ့လာသူ ချိုင်ကီအေကီမိုတိုက မှတ်ချက်ပြုခဲ့သည်။ ၎င်းက ဖိလစ်ပိုင်နှင့် ဂျပန်နှစ်နိုင်ငံတို့အပေါ် တရုတ်ရေတပ်၏ ချဉ်းကပ်ပုံ ဆင်တူမှု ကို ထောက်ပြခဲ့ခြင်းလည်း ဖြစ်သည်။သူတို့ စိတ်ကူးက နည်းနည်းချင်း၊ နည်းနည်းချင်းစီ အကဲစမ်း ရှေ့တိုးလာဖို့ ဖြစ်လိမ့်မယ်။ တစ်ဖက်ကလည်း ဂျပန်က ဘယ်လိုများ တုံ့ပြန်မလဲ ဆိုတာကိုတော့ သူတို့ စိုးရိမ်စိတ်နဲ့ စောင့်ကြည့်နေမှာပါဟု အေကီမိုတိုက ဆိုသည်။ ဇွန်လအတွင်းက ဖိလစ်ပိုင်သည် မိမိတို့ ရေပိုင်နက်သို့ တရုတ်ရေတပ် သင်္ဘောများ အလုံးအရင်းဖြင့် ကင်းလှည့် ဝင်ရောက်မှုကို ကန့်ကွက်ကြောင်း ပြောဆိုခဲ့သေးသည်။

အဆိုပါ ကိစ္စအတွက် ဖိလစ်ပိုင်က အမေရိကန် ပြည်ထောင်စုကို ဇန်နဝါရီလ အတွင်းက အကူအညီ တောင်းခံခဲ့ဖူးသည်။ သို့သော်လည်း တရုတ်နှင့် ဖိလစ်ပိုင် တိုက်သင်္ဘောများ အပြန်အလှန် စောင်နေခဲ့သည့် ဖြစ်ရပ်များအပြီး တစ်နှစ်မျှအကြာ ယခုအချိန်တွင်မူ တရုတ်က စကာဘရိုးကို ထိန်းချုပ်လိုက်ပြီ ဖြစ်သည်။ ယခုသီတင်းပတ် အတွင်းတွင် တရုတ်ကမ်းခြေစောင့် တပ်ဖွဲ့မှ တိုက်သင်္ဘော (၄)စင်းသည် ဂျပန်တို့ ထိန်းချုပ်ထားသည့် ကျွန်းစုများ ပတ်ဝန်းကျင်တွင် (၂၈)နာရီကြာ ခုတ်မောင်းနေခဲ့သည်။ ယင်းတို့သည် ဂျပန်ပိုင် မီနာမီကိုဂျီးမား ကျွန်းနှင့် (၅)ကီလိုမီတာမျှ အကွာထိ ရောက်ရှိခဲ့ကြောင်း ဂျပန်က စွပ်စွဲခဲ့သည်။

အဆိုပါ သင်္ဘောများသည် (၂၈)နာရီကြာ ကင်းလှည့်တာဝန် အပြီးနောက် ကြာသပတေးနေ့ နေ့လယ်ပိုင်းက ပြန်လည် ထွက်ခွာသွားသည်။ ရှင်ကာကူဟာ ဂျပန်ပိုင်နက် နယ်မြေပါ။ ဒါဟာ သမိုင်းကြောင်း အရရော၊ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေ အရပါ အမှန်တရား ဖြစ် ပါတယ်ဟု ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဆိုသည်။ 
 
ဂျပန်သည် ဒုတိယ ကမ္ဘာစစ်တွင် စစ်ရှုံးခဲ့သည့်နောက် (၂၀)ရာစု အစောပိုင်းက ၎င်းတို့ ကျူးကျော် သိမ်းပိုက်ထားသည့် ကျွန်းစုများ ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်ပြီး အငြင်းပွားစရာ အခြေအနေများ ကြုံခဲ့ရသည်။ လက်ရှိတွင် ရှင်ကာကူကျွန်း ပိုင်နက် ကိစ္စနှင့် ပတ်သက်၍ ဂျပန်နှင့် တရုတ်တို့ကြား တင်းမာမှုများ မြင့်တက်နေဆဲ ဖြစ်သည်။ 
 
အဆိုပါ နှစ်နိုင်ငံကြား ဆက်ဆံရေး အေးခဲမှုနှင့်အတူ ဇူလိုင်လတွင် ဂျပန်နိုင်ငံသို့ တင်ပို့ရောင်းချသည့် တရုတ် ကုန်စည်ပမာဏ (၂)ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်းလည်း သိရှိရသည်။

Planet Myanmar Network , RangonNewsDaily
kolatt (Pabedan): 10.8.2013

0 comments:

Post a Comment