Pages

Friday, November 1, 2013

ဇနီးဖြစ်သူမှ ဖေ့စ်ဘွတ်ပေါ် ဓာတ်ပုံတင်၍ အိန္ဒိယဆော့ဖ်ဝဲ အင်ဂျင်နီယာတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်

RangonNewsDaily:: November . 1 .2013
မိမိ၏ကြင်စဦးဇနီးမှ ဖေ့စ်ဘွတ်ပေါ်ဓာတ်ပုံတင်သည့်အကြောင်းဖြင့် အချင်းများပြီးနောက် MNC ၌လုပ်ကိုင်
နေသည့် ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးသည် ယမန်နေ့က မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။
Jharkand မှ ချန်ဒန်ကူးမား (၂၉ နှစ်) သည် မိဘ၏သဘောကိုဆန့်ကျင်၍ Chennai မှ စန်ဟီယာနှင့် Chennai ရှိ ချာ့ခ်ျကျောင်းတစ်ခုတွင် မကြာသေးမီက လက်ထပ်ထိမ်းမြားခဲ့သည်။

သတို့သမီး စန်ဟီယာသည် ခရစ်ယာန်ဖြစ်ပြီး ချန်ဒန်သည် ဟိန္ဒူဖြစ်သည်။ ချန်ဒန်၏မိသားစုမှ သဘောမတူ
သော်လည်း စန်ဟီယာမိသားစု၏ အကျိုးဆောင်မှုဖြင့် ချာ့ခ်ျတစ်ခု၌ လက်ထပ်ထိမ်းမြားရန် သဘောတူခဲ့ကြ
သည်။ မင်္ဂလာပွဲပြီးဆုံးပြီးနောက် ထိမ်းမြားမှုဓာတ်ပုံများကို စန်ဟီယာမှ ဖေ့စ်ဘွတ်ပေါ် တင်လိုက်သည်။ 

Jharkand ရှိ ချန်ဒန်၏ ၀မ်းကွဲညီအစ်ကိုများမှသိရှိပြီး သူ့မိဘများထံ အကြောင်းကြားနိုင်စေရန် ဖြစ်သည်။ ချန်
ဒန်၏မိဘများကသူ့အားမဆိုင်းမတွဆက်သွယ်လာပြီး၎င်းတို့အနေဖြင့်အလွန်ပင်စိတ်ထိခိုက်ခံစားရကြောင်း
ဖော်ပြလေရာ သူက ဖေ့စ်ဘွတ်ပေါ်တင်ထားသောဓာတ်ပုံများကို ချက်ခြင်းဖယ်ရှားလိုက်၏။ 

ယင်းသို့ပြုခြင်းကိုစန်ဟီယာမှကန့်ကွက်ပြီး မရှေးမနှောင်းမှာပင် ယင်းအဖြစ်ဆိုးကိုကြုံရခြင်းဖြစ်သည်။ စုံစမ်း
မေးမြန်းပြီးနောက် ရဲတပ်ဖွဲ့က စန်ဟီယာသည် မိမိတို့၏ တရားဝင်ထိမ်းမြားမှုဓာတ်ပုံများကို မဖယ်ရှားလိုခဲ့
ပါဟု ပြောဆိုသည်။ စနေနေ့ညဥ့်က အချေအတင်စကားများခဲ့ကြသည်။ 

၎င်းနောက် သီးခြားစီ အခန်းခွဲအိပ်ခဲ့ကြသည်။ တနင်္ဂနွေနေ့ နံနက်ခင်းတွင် ချန်ဒန်သည် အခန်းတွင်းမှထွက်
မလာသဖြင့် စန်ဟီယာမှာ တံခါးဖွင့်ကြည့်ရာ မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်ထားကြောင်း တွေ့ခဲ့ရသည်။ အဆုံးစီရင်ရခြင်း စာတိုတစ်စောင်ကိုလည်းရေးသားခဲ့သည်။ 

၎င်းစာအရချန်ဒန်သည်မိမိ၏ဇနီးအား ချစ်မြတ်နိုးဆဲဖြစ်သော်လည်း သူမသည် ဖေ့စ်ဘွတ်ပေါ်မှဓာတ်ပုံများ
ကို မဖယ်ရှားသည့်အတွက် အလွန်စိတ်ထိခိုက်ကာ မိမိဘ၀ကိုအဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်
ပြထားသည်။ ယင်းအမှုကို Chennai ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးဆဲဖြစ်သည်။ 

M-Media ,,,, kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment