Pages

Friday, November 1, 2013

ရန်ကုန်မြို့တွင် နှစ်ရက်အတွင်းမီးလောင်မှု နှစ်ကြိမ်ဖြစ်ပွား

Photo: နှစ်ရက်အတွင်း နှစ်ကြိမ်မီးလောင်
Friday, November 1, 2013

ရန်ကုန်မြို့တွင် အောက်တိုဘာ ၃၀ ရက်ညနှင့် ၃၁ ရက် နံနက်က မီးလောင်မှု  နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၃၁ ရက်  နံနက် ၈ နာရီ ၄၅ မိနစ်တွင် မြောက်ဥက္ကလာပမြို့နယ် (ည) ရပ်ကွက်၊ သုနန္ဒာပတ်လမ်းရှိ ဒေါ်တင်အေး၏ နေအိမ်တွင် တိုင်းရင်းဆေးဖော်စပ်ရာ၌ အသုံးပြုသော တောင်ဆိတ်ဆီများထည့်ထားသည့် ပုံးပေါ် ဖယောင်းတိုင်မီးတင်ထွန်းထားရာမှ ဖယောင်းတိုင်လဲကျပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်ရာသို့ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့ မှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် အဖွဲ့တို့မှ အုပ်ချုပ်မှုယာဉ် ကိုးစီး၊ မီးသတ်ယာဉ် ၂၅ စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ်အကြာ နံနက် ၈ နာရီ ၅ မိနစ်တွင် မီးငြှိမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ် ဖွဲ့မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
မီးလောင်မှုကြောင့် အိမ်နှစ်လုံးမီးလောင်ခဲ့ပြီး တန်ဖိုးငွေကျပ် ၃၉ သိန်းခန့် ဆုံးရှုံးခဲ့သောကြောင့် မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်တင်အေးကို ဝေဘာဂီနယ်မြေရဲစခန်းပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
သင်္ဃန်းကျွန်းမြို့နယ်၊ ဘ၀မြင့်ရပ်ကွက်၊ ရတနာလမ်းရှိ ရေသူဇာအပြုံး ကာရာအိုကေဆိုင်တွင် အောက်တိုဘာ ၃၀ ရက်က မီးလောင်မှုဖြစ်ပွားခဲ့သည်။ ရေသူဇာအပြုံး ကာရာအိုကေဆိုင်ရှိ မီးဖိုခန်းမှ အကြော်ကြော်နေစဉ်ချိန်တွင် ဂက်စ်အိုးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားရာ အကြော်ဆရာနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းဆိုင်နှင့်ကပ်လျက်ရှိ မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှု အပြည်ပြည်ဆိုင်ရာ လူမှုအဖွဲ့(Marie Stopes) ရုံးခန်းကိုလည်း မီးလောင်မှုကူးဆက်ခဲ့သည်။
ည ၇ နာရီ ၃၅ မိနစ် အချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ၇ နာရီ  မိနစ် ၅၀ အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ရာ မီးသတ်ကားအစီး၂၀ ဖြင့် လာရောက်ငြှိမ်းသတ်ခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါမီးလောင်မှုကြောင့် ကာရာအိုကေဆိုင်ရှိ တီဗီနှင့်ဆောင်းဘောက်များ ပျက်စီးခဲ့သည်။
““ဆုံးရှုံးမှုတန်ဖိုးက ခုနစ်သောင်းရှိပါတယ်။ ကာရာအိုကေဆိုင်ကနေ စပြီး မီးလောင်တာပါ။ အကြော်ဆရာနှစ်ဦး ဒဏ်ရာရပါတယ်””ဟု ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ ခရိုင်မှူးကြီးမြင့်အေးကပြောသည်။အဆိုပါကာရာအိုကေဆိုင်၏ တာဝန်ရှိသူကို ပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း ရဲမှူးကြီးမြင့်အေးက ဆက်လက်ပြောသည်။

အောက်တိုဘာ ၃၀ ရက် ညက သင်္ဃန်းကျွန်းမြို့နယ်တွင် လောင်ကျွမ်းသော မီးကို မီးသတ်တပ်ဖွဲ့ဝင်များ ငြှိမ်းသတ်နေစဉ် ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ) 

7Day Daily
အောက်တိုဘာ ၃၀ ရက် ညက သင်္ဃန်းကျွန်းမြို့နယ်တွင် လောင်ကျွမ်းသော မီးကို မီးသတ်တပ်ဖွဲ့ဝင်များ ငြှိမ်းသတ်နေစဉ် ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
RangonNewsDaily:: November . 1 .2013
ရန်ကုန်မြို့တွင် အောက်တိုဘာ ၃၀ ရက်ညနှင့် ၃၁ ရက် နံနက်က မီးလောင်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၃၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် မြောက်ဥက္ကလာပမြို့နယ် (ည) ရပ်ကွက်၊ သုနန္ဒာပတ်
လမ်းရှိ ဒေါ်တင်အေး၏ နေအိမ်တွင်တိုင်းရင်းဆေးဖော်စပ်ရာ၌အသုံးပြုသော တောင်ဆိတ်ဆီများထည့်ထား
သည့် ပုံးပေါ် ဖယောင်းတိုင်မီးတင်ထွန်းထားရာမှ ဖယောင်းတိုင်လဲကျပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်ရာသို့ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့ မှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် အဖွဲ့တို့မှ အုပ်
ချုပ်မှုယာဉ် ကိုးစီး၊ မီးသတ်ယာဉ် ၂၅ စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ်အကြာ နံနက် ၈ နာရီ ၅ မိနစ်တွင် မီးငြှိမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ် ဖွဲ့မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

မီးလောင်မှုကြောင့် အိမ်နှစ်လုံးမီးလောင်ခဲ့ပြီး တန်ဖိုးငွေကျပ် ၃၉ သိန်းခန့် ဆုံးရှုံးခဲ့သောကြောင့် မီးပေါ့ဆ
စွာသုံးစွဲသူ ဒေါ်တင်အေးကို ဝေဘာဂီနယ်မြေရဲစခန်းပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သ
တင်းရရှိသည်။သင်္ဃန်းကျွန်းမြို့နယ်၊ ဘ၀မြင့်ရပ်ကွက်၊ ရတနာလမ်းရှိ ရေသူဇာအပြုံး ကာရာအိုကေဆိုင်
တွင် အောက်တိုဘာ ၃၀ ရက်က မီးလောင်မှုဖြစ်ပွားခဲ့သည်။
 
 ရေသူဇာအပြုံး ကာရာအိုကေဆိုင်ရှိ မီးဖိုခန်းမှ အကြော်ကြော်နေစဉ်ချိန်တွင် ဂက်စ်အိုးမှတစ်ဆင့် မီးလောင်
မှုဖြစ်ပွားရာ အကြော်ဆရာနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းဆိုင်နှင့်ကပ်လျက်ရှိ မျိုးဆက်ပွားကျန်းမာရေးစောင့်
ရှောက်မှု အပြည်ပြည်ဆိုင်ရာ လူမှုအဖွဲ့(Marie Stopes) ရုံးခန်းကိုလည်း မီးလောင်မှုကူးဆက်ခဲ့သည်။

ည ၇ နာရီ ၃၅ မိနစ် အချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ၇ နာရီ မိနစ် ၅၀ အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ရာ မီးသတ်ကားအစီး၂၀ ဖြင့် လာရောက်ငြှိမ်းသတ်ခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါမီးလောင်မှုကြောင့် ကာ
ရာအိုကေဆိုင်ရှိ တီဗီနှင့်ဆောင်းဘောက်များ ပျက်စီးခဲ့သည်။

““ဆုံးရှုံးမှုတန်ဖိုးကခုနစ်သောင်းရှိပါတယ်။ကာရာအိုကေဆိုင်ကနေစပြီး မီးလောင်တာပါ။ အကြော်ဆရာနှစ်
ဦး ဒဏ်ရာရပါတယ်””ဟု ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ ခရိုင်မှူးကြီးမြင့်အေးကပြောသည်။အဆိုပါကာရာ
အိုကေဆိုင်၏ တာဝန်ရှိသူကို ပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း ရဲမှူးကြီးမြင့်အေးက ဆက်
လက်ပြောသည်။

7Day Daily , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment