Pages

Friday, November 1, 2013

ညလုံးပေါက် အချိန်ပို အလုပ်စေခိုင်းသည့် အလုပ်ရှင်များကို အရေးယူမည်

RangonNewsDaily:: November . 1 .2013
အစိုးရက တရားဝင်ခွင့်ပြုသောအချိန်ပိုနာရီထက်ပိုမိုခိုင်းစေခြင်းနှင့်ညလုံးပေါက်အချိန်ပိုအလုပ်စေခိုင်းသည့်
အလုပ်ရှင်များကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း၊ သာမန်လုပ်ငန်းများအတွက် တရက် အချိန်
ပို ၃ နာရီ နှင့် စနေနေ့တွင် အချိန်ပို ၅ နာရီ စုစုပေါင်း တပတ်လျှင်အချိန်ပို နာရီ၂၀သာအလုပ်စေခိုင်းရမည်
ဖြစ်ကြောင်း၊
အဆက်မပြတ်လုပ်ရသောလုပ်ငန်းများအတွက် တနေ့လျှင် ၂ နာရီ ၄၀ မိနစ်နှုန်းဖြင့် ၆ ရက်လျှင် အချိန်ပို ၁၆
နာရီ နှုန်းသာအလုပ်စေခိုင်းရန်ညွှန်ကြားထားကြောင်း၊အချိန်ပိုအလုပ်ခိုင်းစေရာတွင်အလုပ်သမား၏သဘော
တူညီ လက်မှတ်ရေးထိုးမှုကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း၊ 

ညွှန်ကြားချက် မလိုက်နာသော အလုပ်ရှင်များကို ဥပဒေနှင့် အညီ အရေးယူမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဒုတိယ၀န်ကြီးဦးထင်အောင်က ယမန်နေ့ ပြည်ထောင်စု လွှတ်တော်အစည်း
အဝေးတွင် ထုတ်ဖော်ပြောဆိုသည်။

ဧရာဝတီ  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment