Pages

Friday, November 1, 2013

ကျောက်တန်းမြို့နယ်တွင် စက်လှေတစ်စီး ရေအောက်ကျောက်ဆောင်နှင့် တိုက်မိနစ်မြုပ်

RangonNewsDaily:: November . 1 .2013
၁.၁၁.၂၀၁၃ရက်နေ့၁၀၁၅အချိန် ကျောက်တန်းမြို့နယ်၊ တံတားမြို့နယ်ခွဲ၊ (၁)ရပ်ကွက်နေ အေးဆွေ (ဘ)ဦးမြတ်သောင်း၊ မောင်းနှင်သော အလျား ၃၅ ပေ၊ အနံ ၈ ပေ၊ ရေစူး ၆ ပေရှိပြီး မြင်းကောင်ရေ (၂၂)ကောင်အင်ဂျင် တပ်ဆင်ထားသော အောင်ငြိမ်းချမ်းအမည်ရှိ သစ်သားစက်လှေသည်

ရှမ်းချောင်းကျေးရွာမှ ကျောက်တန်းမြို့သို့ ကျပ်သိန်း(၆၀)တန်ဘိုးရှိ ဆန်အိတ် (၃၁၄)အိတ်ကို တင်ဆောင်မောင်းနှင်လာရာ ကျောက်တန်းမြို့၊ အလယ်ပိုင်းရပ်ကွက်၊ ကျောက်တံတားဆိပ်အနီးကမ်းစပ်နှင့်ကိုက်(၁၀၀)ခန့်
အကွာအရောက်တွင် ရေအောက်ရှိ ကျောက်ဆောင်နှင့်တိုက်မိကာ စက်လှေဝမ်းဗိုက်ပေါက်၍နစ်မြုပ်သွားခဲ့ပါသည်။

ထိုသို့ စက်လှေနစ်မြုပ်စဉ် စက်လှေပေါ်ပါသူ ဦးသန်းလွင်၊ ဦးမောင်မြင့်နှင့် စက်လှေမောင်း အေးဆွေတို့ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြကြောင်း၊ ရေယာဉ်ပေါ်တွင် အန္တရာယ်ဖြစ်စေလောက်အောင် ၀န်ပိုများတင်ဆောင်၍ပေါ့လျော့စွာမောင်းနှင်သူ စက်လှေမောင်း အေးဆွေအား
ကျောက်တန်းမြို့မရဲစခန်း(ပ) ၂၇၉/၂၀၁၃၊ ပုဒ်မ ၂၈၂ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time