Pages

Friday, November 1, 2013

အမေရိကန်က ကုလသမဂ္ဂကို စပိုင်မလုပ်ဟု အာမခံ

Photo: အမေရိကန်က ကုလသမဂ္ဂကို စပိုင်မလုပ်ဟု အာမခံ
Friday, November 1, 2013

အမေရိကန်အစိုးရသည် ကုလသမဂ္ဂ၏ အတွင်းရေးများကို စပိုင်လုပ်မည် မဟုတ်ကြောင်း အာမခံချက်ပေးခဲ့သည်ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Mattin Nesirky က ဆိုသည်။ သြဂုတ်လ အတွင်းက ဂျာမနီမှ အပတ်စဉ် သတင်းစာ Der Spiegel က အမေရိကန် စပိုင် အေဂျင်စီသည် ၂၀၁၂ နှစ်လယ်ပိုင်း ကာလများအတွင်း  ကုလသမဂ္ဂ၏ ကွန်ပျူတာ စနစ်များအတွင်း ထိုးဖောက်ဝင်ရောက်ခဲ့သည်ဟု ရေးသားပြီးနောက်ပိုင်း ယခုကဲ့သို့ ကတိပေးစကား ပြောခဲ့ခြင်းဖြစ်သည်။

သတင်းစာတွင် ဖော်ပြချက်အရ ကုလသမဂ္ဂ သံအမတ်များ၏ အတွင်းရေးများ၊ အများနှင့် မသတ်ဆိုင်သော သတင်း အချက်အလက် များစွာကို ကြားဖြတ်နားထောင်ခဲ့သည်ဟုလည်း စွပ်စွဲထားသည်။ စနိုးဒင်ထံမှ ရသော မှတ်တမ်း တစ်ခု၌ ၂၀၁၁ခုနှစ်အတွင်း တရုတ်လျို့ဝှက် ထောက်လှမ်းရေးက ကုလသမဂ္ဂတွင် ကြားဖြတ်နားထောင်မှုကို ဖမ်းမိသည့်ဖြစ်ရပ် တွင်လည်း နောက်ကွယ်က NSA ပါဝင်သည်ဟု ဆိုထားသည်။

ထိုမျှမက Der Spiegel က ၂၀၁၂ စက်တင်ဘာလ နယူးယောက်တွင် အီးယူအဖွဲ့၏ ရုံးခန်းသစ် ပြောင်းရွှေ့ချိန်ကလည်း မှတ်တမ်း မှတ်ရာများ ထောက်လှမ်း ခံရသည်ဟုလည်း ရေးသားထားသည်။ အချို့မီဒီယာများကမူ ပြင်သစ်၊ ဂျာမနီနှင့် ကုလသမဂ္ဂသည် NSA ၏ ပစ်မှတ်အဖြစ် ကျန်ရှိနေဆဲ ဖြစ်သည်ဟု ပြောဆိုလျှက် ရှိသည်။

အောက်တိုဘာ ၃၀ရက်က Nesirky နှင့် သတင်းထောက်များ တွေ့ဆုံချိန်တွင် အမေရိကန် အနေဖြင့် ကုလသမဂ္ဂ၏ ဆက်သွယ်ရေး ကွန်ရက်ကို အတိတ်မှာရော ၊ အနာဂတ်မှာပါ မစောင့်ကြည့်ခဲဟု သူက ယုံကြည်ကြောင်းဆိုသည်။ သို့သော်လည်း သတင်းထောက်များက အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ တယ်လီဖုန်းနှင့် ဗီဒီယို ဆွေးနွေးခန်များကို ကြားဖြတ်နားထောင်ခဲ့သည့် သတင်းအတွက် မေမြန်းခြင်းကိုမူ ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

မြန်မာ့ခေတ်

RangonNewsDaily:: November . 1 .2013
အမေရိကန်အစိုးရသည် ကုလသမဂ္ဂ၏ အတွင်းရေးများကို စပိုင်လုပ်မည် မဟုတ်ကြောင်း အာမခံချက်ပေးခဲ့သည်ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Mattin Nesirky က ဆိုသည်။ သြဂုတ်လ အတွင်းက ဂျာမနီမှ အပတ်စဉ် သတင်းစာ Der Spiegel က အမေရိကန် စပိုင် အေဂျင်စီသည် ၂၀၁၂ နှစ်လယ်ပိုင်း ကာလများအတွင်း ကုလသမဂ္ဂ၏ ကွန်ပျူတာ စနစ်များအတွင်း ထိုးဖောက်ဝင်ရောက်ခဲ့သည်ဟု ရေးသားပြီးနောက်ပိုင်း ယခုကဲ့သို့ ကတိပေးစကား ပြောခဲ့ခြင်းဖြစ်သည်။ သတင်းစာတွင် ဖော်ပြချက်အရ ကုလသမဂ္ဂ သံအမတ်များ၏ အတွင်းရေးများ၊ အများနှင့် မသတ်ဆိုင်သော သတင်း အချက်အလက် များစွာကို ကြားဖြတ်နားထောင်ခဲ့သည်ဟုလည်း စွပ်စွဲထားသည်။ စနိုးဒင်ထံမှ ရသော မှတ်တမ်း တစ်ခု၌ ၂၀၁၁ခုနှစ်အတွင်း တရုတ်လျို့ဝှက် ထောက်လှမ်းရေးက ကုလသမဂ္ဂတွင် ကြားဖြတ်နားထောင်မှုကို ဖမ်းမိသည့်ဖြစ်ရပ် တွင်လည်း နောက်ကွယ်က NSA ပါဝင်သည်ဟု ဆိုထားသည်။

ထိုမျှမက Der Spiegel က ၂၀၁၂ စက်တင်ဘာလ နယူးယောက်တွင် အီးယူအဖွဲ့၏ ရုံးခန်းသစ် ပြောင်းရွှေ့ချိန်ကလည်း မှတ်တမ်း မှတ်ရာများ ထောက်လှမ်း ခံရသည်ဟုလည်း ရေးသားထားသည်။ အချို့မီဒီယာများကမူ ပြင်သစ်၊ ဂျာမနီနှင့် ကုလသမဂ္ဂသည် NSA ၏ ပစ်မှတ်အဖြစ် ကျန်ရှိနေဆဲ ဖြစ်သည်ဟု ပြောဆိုလျှက် ရှိသည်။
 
သို့သော်လည်း သတင်းထောက်များက အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ တယ်လီဖုန်းနှင့် ဗီဒီယို ဆွေးနွေးခန်
များကို ကြားဖြတ်နားထောင်ခဲ့သည့် သတင်းအတွက် မေမြန်းခြင်းကိုမူ ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

မြန်မာ့ခေတ် , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment