Pages

Friday, November 1, 2013

တရုတ်နိုင်ငံစစ် ရေးအင်အားပြသမှု ကို ထိုင်ဝမ်မှ ပြန်လည်တုံပြန်

Photo: ငါတို့မှာ ဒါတွေရှိတယ်ဟု ထိုင်ဝမ်ပြသ
Friday, November 1, 2013

အောက်တိုဘာ ၂၉ ရက်က တရုတ်နိုင်ငံသည် ဒေသတွင်း နိုင်ငံများကို တရုတ်၏စစ်ရေး စွမ်းပကားကိုပြသသည့်အနေဖြင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ် သင်္ဘောရေယာဉ်အုပ်(Submarine Fleet)   တစ်ခုချီတက်လှုပ်ရှား နေပုံကို စီစီတီဗီက ထုတ်လွှင့် ပြသသွားခဲ့ပြီး ၂ ရက်အကြာ တရုတ်(တိုင်ပေ) ကလည်း ၎င်း တို့၏ ရေငုပ်သင်္ဘောတိုက်ဖျက် ရေးဒုံးကျည်များတပ်ဆင်ထား သည်မဟာဗျူဟာမြောက်ထောက် လှမ်းရေးလေယာဉ် AP-3C Orion  တစ်စီးကို ထုတ်ဖော်ပြသ လိုက်သည်။

အမေရိကန်ပြည်ထောင်စု လော့ခ်ဟိမာတင်ကုမ္ပဏီသည် အဆိုပါ မဟာဗျူဟာမြောက် ထောက်လှမ်းရေးလေယာဉ်ကို အမေရိကန်က မကြာမီကမှ တရုတ်(တိုင်ပေ) သို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ယခုနှစ်ကုန်တွင် ၂ စီး ထပ်မံရောက်ရှိမည်ဖြစ်ပြီး ၂၀၁၅ တွင် ၈ စီးထိရှိလာမည်ဖြစ်သည် ဟု သိရသည်။ ဝေဟင်မှ မြေပြင် ပစ် AGM-65 မာဘရစ်၊ AGM-84 ဟာဖွန်း ရေငုပ်သင်္ဘောဖျက် ဒုံးကျည်များ တပ်ဆင်ထားသည်။ 

ဗုံးကြဲလေယာဉ်အဖြစ်ပါ အသုံး ပြုနိုင်ပြီး နျူကလီးယားဗုံးများပင် သယ်ဆောင်တိုက်ပွဲဝင်နိုင်သည့် မဟာဗျူဟာမြောက် ဘက်စုံသုံး တိုက်လေယာဉ်ပင်ဖြစ်သည်။ ဆီ တစ်ခါဖြည့်ပြီးလျင် မိုင် ၄၈၀၀ ထိ မရပ်မနားပျံသန်းတိုက်ပွဲဝင်နိုင် ပြီး တစ်စက္ကန့်လျှင် ၁၆ မိုင်နှုန်း ဖြင့် ပျံသန်းနိုင်သည်။ အမြင်ပေ ၂၈၀၀၀ အတွင်း စစ်ကစားလှုပ် ရှားနိုင်သည်။ ၀န်ချိန် ပေါင်- ၆၁၀၀၀ (တန်ချိန် ၆၀ ကျော်) သယ်ဆောင်ပျံသန်းနိုင်သည်။ တစ်နာရီ မိုင် ၄၀၀ ပျံသန်းနိုင် သည်။          

Hot News Journal

RangonNewsDaily:: November . 1 .2013
အောက်တိုဘာ ၂၉ ရက်က တရုတ်နိုင်ငံသည် ဒေသတွင်း နိုင်ငံများကို တရုတ်၏စစ်ရေး စွမ်းပကားကိုပြသ
သည့်အနေဖြင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ် သင်္ဘောရေယာဉ်အုပ်(Submarine Fleet) တစ်ခုချီတက်လှုပ်
ရှား နေပုံကို စီစီတီဗီက ထုတ်လွှင့် ပြသသွားခဲ့ပြီး ၂ ရက်အကြာ တရုတ်(တိုင်ပေ) ကလည်း၎င်းတို့၏ ရေငုပ်သင်္ဘောတိုက်ဖျက် ရေးဒုံးကျည်များတပ်ဆင်ထားသည်မဟာဗျူဟာမြောက်ထောက်
လှမ်းရေးလေယာဉ် AP-3C Orion တစ်စီးကို ထုတ်ဖော်ပြသ လိုက်သည်။

အမေရိကန်ပြည်ထောင်စု လော့ခ်ဟိမာတင်ကုမ္ပဏီသည်အဆိုပါမဟာဗျူဟာမြောက် ထောက်လှမ်းရေးလေ
ယာဉ်ကိုအမေရိကန်ကမကြာမီကမှ တရုတ်(တိုင်ပေ) သို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ယခုနှစ်ကုန်တွင်၂ စီး ထပ်
မံရောက်ရှိမည်ဖြစ်ပြီး ၂၀၁၅ တွင် ၈ စီးထိရှိလာမည်ဖြစ်သည် ဟု သိရသည်။ ဝေဟင်မှ မြေပြင် ပစ် AGM
-65 မာဘရစ်၊ AGM-84 ဟာဖွန်း ရေငုပ်သင်္ဘောဖျက် ဒုံးကျည်များ တပ်ဆင်ထားသည်။

ဗုံးကြဲလေယာဉ်အဖြစ်ပါ အသုံး ပြုနိုင်ပြီး နျူကလီးယားဗုံးများပင် သယ်ဆောင်တိုက်ပွဲဝင်နိုင်သည့် မဟာဗျူ
ဟာမြောက် ဘက်စုံသုံး တိုက်လေယာဉ်ပင်ဖြစ်သည်။ ဆီ တစ်ခါဖြည့်ပြီးလျင် မိုင် ၄၈၀၀ ထိ မရပ်မနားပျံ
သန်းတိုက်ပွဲဝင်နိုင် ပြီး တစ်စက္ကန့်လျှင် ၁၆ မိုင်နှုန်း ဖြင့် ပျံသန်းနိုင်သည်။ အမြင်ပေ ၂၈၀၀၀ အတွင်း စစ်က
စားလှုပ် ရှားနိုင်သည်။ ၀န်ချိန် ပေါင်- ၆၁၀၀၀ (တန်ချိန် ၆၀ ကျော်) သယ်ဆောင်ပျံသန်းနိုင်သည်။ တစ်နာရီ မိုင် ၄၀၀ ပျံသန်းနိုင် သည်။

Hot News Journal , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment