Pages

Friday, November 1, 2013

အမေရိကန်ရဲ့ ဖုန်းခိုးနားထောင်ခံရမှု အင်ဒိုနီးရှားနိုင်ငံလည်းဖြေရှင်းချက်တောင်းပြီ

Photo: ကန်ဖုန်းခိုးနားထောင်တဲ့ကိစ္စ အင်ဒိုလည်း ဖြေရှင်းချက်တောင်း
Thursday, October 31, 2013 

အမေရိကန်ရဲ့ ဖုန်းခိုးနားထောင်မှုကို ဖြေရှင်းချက်တောင်းတဲ့ ကမ္ဘာ့နိုင်ငံတွေ
အထဲမှာ အင်ဒိုနီးရှားနိုင်ငံကလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဟာ သူတို့ရဲ့သံရုံးတွေကနေတဆင့် လျှို့ဝှက်ထောက်
လှမ်းမှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက်
ပိုင်း ဂျာကာတာ မြို့တော်အခြေစိုက် အမေရိကန်သံကိုယ်စားလှယ်ကို တရားဝင် ဖြေရှင်းချက်ပေးဖို့ အင်ဒိုနီးရှား အစိုးရက တောင်းဆိုလိုက်ပါတယ်။

ဒီကိစ္စတွေဟာ မှန်ကန်ခဲ့မယ်ဆိုရင် အမေရိကန်ရဲ့ လုပ်ရပ်ဟာ လုံခြုံရေး ချိုးဖောက်မှု၊ ကြီးမားတဲ့ သံတမန်ရေးဆိုင်ရာ ချိုးဖောက်မှု တွေ ဖြစ်တဲ့
အတွက် မိတ်ဘက်နိုင်ငံများဆိုတဲ့ အချက်နဲ့ ကိုက်ညီမှု မရှိဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က ထုတ်ဖော် 
ပြောဆိုခဲ့ပါတယ်။

ဝရမ်းပြေး အမေရိကန် ထောက်လှမ်းရေး ၀န်ထမ်းဟောင်း Edward Snowden ရဲ့ ထုတ်ဖော်မှုကို အခြေခံပြီး ကမ္ဘာ့ သတင်းမီဒီယာတွေက အမေရိကန်ရဲ့ ဖုန်းကြားဖြတ် နားထောင်မှုအကြောင်း အကျယ်အ၀န့် ဖော်ပြ
ခဲ့ကြတာ ဖြစ်ပြီး သြစတြေးလျနိုင်ငံထုတ် Sydney Morning Herald သတင်းစာရဲ့ အဆိုအရ အရှေ့နဲ့ အရှေ့တောင်အာရှ နိုင်ငံတွေ မှာ အမေရိကန်က စောင့်ကြပ်ထောက်လှမ်းရေး ပစ္စည်း ကိရိယာတွေ ထားရှိတယ်လို့ ဆိုပါတယ်။

အဲဒီမြေပုံမှာ  အမေရိကန်က စောင့်ကြပ်ထောက်လှမ်းရေး ပစ္စည်း ကိရိယာ ထားရှိတဲ့ နေရာ ၉၀ ကို ပြသတဲ့ လျှို့ဝှက် မြေပုံတခုကို ဂျာမနီ သတင်း
မီဒီယာ Der Spiegel က ဖော်ပြခဲ့ပါတယ်။

အဲဒီနေရာ ၉၀ ထဲမှာ Indonesia, Malaysia, Thailand, Cambodia နဲ့ Myanmar နိုင်ငံလည်း အပါအ၀င် ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အမေရိကန်ရဲ့ အထူးမိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ Australia, New Zealand, Britain, Japan နဲ့ Singapore တွေကတော့ မပါဝင်ဘူးလို့ သိရပါတယ်။

တခြား ဖြစ်ရပ်တခုမှာတော့ အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီဟာ ကမ္ဘာ့ ကုလသမဂ္ဂ ရဲ့ လုံခြုံရေးကွန်ယက်ထဲကို ချိုးဖောက်ဝင်ရောက်
 ထောက်လှမ်းမှုတွေရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက်
ပိုင်းမှာတော့ ကုလသမဂ္ဂကို လျှို့ဝှက်ထောက်လှမ်းမှု လုပ်မနေသလို 
နောက်လည်း လုပ်ဖို့ အစီအစဉ်မရှိဘူးလို့ အမေရိကန် အစိုးရက ပြောကြား
လိုက်ပါတယ်။

ABC

RangonNewsDaily:: November . 1 .2013
အမေရိကန်ရဲ့ ဖုန်းခိုးနားထောင်မှုကို ဖြေရှင်းချက်တောင်းတဲ့ ကမ္ဘာ့နိုင်ငံတွေ အထဲမှာ အင်ဒိုနီးရှားနိုင်ငံက
လည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဟာ သူတို့ရဲ့သံရုံးတွေကနေတဆင့် လျှို့ဝှက်ထောက်လှမ်းမှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ 
သတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်း ဂျာကာတာ မြို့တော်အခြေစိုက် အမေရိကန်သံကိုယ်စားလှယ်ကို တရားဝင် ဖြေရှင်းချက်ပေးဖို့ အင်ဒိုနီးရှား အစိုးရက တောင်းဆိုလိုက်ပါတယ်။

ဒီကိစ္စတွေဟာ မှန်ကန်ခဲ့မယ်ဆိုရင် အမေရိကန်ရဲ့ လုပ်ရပ်ဟာ လုံခြုံရေး ချိုးဖောက်မှု၊ ကြီးမားတဲ့ သံတမန်
ရေးဆိုင်ရာ ချိုးဖောက်မှု တွေ ဖြစ်တဲ့အတွက် မိတ်ဘက်နိုင်ငံများဆိုတဲ့ အချက်နဲ့ ကိုက်ညီမှုမရှိဘူးလို့ အင်ဒိုနီး
ရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဝရမ်းပြေး အမေရိကန် ထောက်လှမ်းရေး ၀န်ထမ်းဟောင်း Edward Snowden ရဲ့ ထုတ်ဖော်မှုကို အခြေခံပြီး ကမ္ဘာ့ သတင်းမီဒီယာတွေက အမေရိကန်ရဲ့ ဖုန်းကြားဖြတ် နားထောင်မှုအကြောင်း အကျယ်အ၀န့် ဖော်ပြခဲ့
ကြတာ ဖြစ်ပြီး သြစတြေးလျနိုင်ငံထုတ် Sydney Morning Herald သတင်းစာရဲ့ အဆိုအရ အရှေ့နဲ့ အရှေ့
တောင်အာရှ နိုင်ငံတွေ မှာအမေရိကန်က စောင့်ကြပ်ထောက်လှမ်းရေး ပစ္စည်း ကိရိယာတွေ ထားရှိတယ်လို့ ဆိုပါတယ်။

အဲဒီမြေပုံမှာ အမေရိကန်က စောင့်ကြပ်ထောက်လှမ်းရေး ပစ္စည်း ကိရိယာ ထားရှိတဲ့ နေရာ ၉၀ ကို ပြသတဲ့ လျှို့ဝှက် မြေပုံတခုကို ဂျာမနီ သတင်းမီဒီယာ Der Spiegel က ဖော်ပြခဲ့ပါတယ်။

အဲဒီနေရာ ၉၀ ထဲမှာ Indonesia, Malaysia, Thailand, Cambodia နဲ့ Myanmar နိုင်ငံလည်း အပါအ၀င် ဖြစ်ပါ
တယ်။

ဒါပေမယ့်လည်း အမေရိကန်ရဲ့ အထူးမိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ Australia, New Zealand, Britain, Japan နဲ့ Singapore တွေကတော့ မပါဝင်ဘူးလို့ သိရပါတယ်။

တခြား ဖြစ်ရပ်တခုမှာတော့ အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီဟာ ကမ္ဘာ့ ကုလသမဂ္ဂ ရဲ့ လုံခြုံရေး
ကွန်ယက်ထဲကို ချိုးဖောက်ဝင်ရောက်ထောက်လှမ်းမှုတွေရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက်
ပိုင်းမှာတော့ ကုလသမဂ္ဂကို လျှို့ဝှက်ထောက်လှမ်းမှု လုပ်မနေသလို နောက်လည်း လုပ်ဖို့ အစီအစဉ်မရှိဘူး
လို့ အမေရိကန် အစိုးရက ပြောကြားလိုက်ပါတယ်။

ABC News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment