Pages

Friday, November 1, 2013

အောက်တိုဘာ ၃၀ ရက် ညပိုင်းက သင်္ဃန်းကျွန်းမြို့နယ်တွင် ကေတီဗွီတစ်ခုတွင် ဂက်စ်မီးဖိုမှ မီးလောင်မှု ဖြစ်ပွား

RangonNewsDaily:: November . 1 .2013
သင်္ဃန်းကျွန်းမြို့နယ် ဘ၀မြင့်ရပ်ကွက်တွင်ရှိသော ရေသူမအပြုံး (Mermaid Smile KTV) ဆိုင်တွင် အောက်

တိုဘာ ၃၀ ရက် ညက မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးကဆိုသည်။မီးလောင်မှုမှာ ယင်းနေ
့ ည ၇ နာရီ ခွဲခန့်က ကေတီဗွီ မီးဖိုခန်းအတွင်းမှ စတင်လောင်ကျွမ်းခဲ့ကြောင်းကို ရဲတပ်ဖွဲ့စစ်ဆေးတွေ့ရှိခဲ့
သည်။
မီးလောင်မှု အကြောင်းအရင်းမှာလည်း အကြော်ဆရာဖြစ်သူ စစ်မင်း (၁၉) နှစ်က ဂတ်စ်အိုးဘားကိုဖွင့်၍ စက္ကူစအား မီးရှို့ပြီး ဂတ်စ်မီးဖိုပေါ်သို့ ပစ်တင်လိုက်စဉ် ဂတ်စ်များပန်းထွက်ပြီး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ် ဟု ကနဦး စစ်ဆေးချက်အရ သိရှိထားရသည်ဟု ဆိုသည်။

မီးလောင်မှုကြောင့် စစ်မင်းတွင်လည်း ၀ဲ/ယာ လက်ဖျံ၊ ဆီးခုံ၊ ၀ဲ/ယာ ခြေထောက်တို့တွင် မီးလောင်ဒဏ်ရာရ

ရှိသည်။ ယင်းအပြင် ၀ိုင်းကူလုပ်ပေးသည့် မင်းမင်းထွန်း(၂၇)နှစ်တွင် ယာခြေချင်းဝတ်၊ ယာတင် ပါးတို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။

လက်ရှိတွင် ၎င်းတို့ နှစ်ဦးကို သင်္ဃန်းကျွန်း စံပြဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ)များအဖြစ် ဆေးကု

မှုပေးနေရသည်။

မီးလောင်မှုကိုလည်း မီးသတ်ယာဉ်သုံးစီးဖြင့် ၀ိုင်းဝန်းငြှိမ်းသတ်လိုက်သဖြင့် ည ၇ နာရီ ၅၀ မိနစ်အချိန်မှာ

ပင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့်ဂတ်စ်အိုးတစ်လုံး၊ဒယ်အိုး တစ်လုံး၊ ဂတ်စ်မီးဖို တစ်လုံးတို့ ပျက်စီးသွားပြီး တန်ဖိုးအားဖြင့်

 ငွေကျပ်ခုနစ်သောင်းခန့် ဆုံးရှုံးခဲ့ရသည်ဟု ရဲတပ်ဖွဲ့က အတည်ပြုသည်။

မီးလောင်မှုကြောင့် မီးပေါ့ဆစွာ သုံးစွဲပြီး လူကိုထိခိုက်ဒဏ်ရာရအောင်ပြုလုပ်သူ စစ်မင်းကို အရေးယူပေး

ရန် ဒု- ရဲအုပ်ငွေမိုးက တရားလိုပြုလုပ် တိုင်တန်းထားသည်။ ယင်းတိုင်တန်းမှုကို သင်္ဃန်းကျွန်း ရဲစခန်းက (ပ)၄၅၁/ ၂၀၁၃ဖြင့် အမှုဖွင့် စစ်ဆေးနေပြီး ပုဒ်မ ၂၈၅/၂၈၆/၃၃၇ တို့ဖြင့် အရေးယူသွားမည်ဟု ဆိုထား သည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment