ခရီးစဉ် အစ အဆုံး လေအေးပေးစက် ဖွင့်ပြီး ခ၇ီးသည်တွေကို
လိုရာခရီးရောက်အောင် ပို့ဆောင်ပေးမယ့်မီတာစနစ်နဲ့ မောင်းနှင်တဲ့
ယာဉ်လိုင်းသစ်တစ်ခု မန္တလေးမှာ ပေါ်ပေါက်လာပါပြီ။မန္တလေးဂုဏ်ကုမ္ပဏီလီမိတက် က စတင်ပြေးဆွဲတဲ့ ဂျာမဏီနိုင်ငံထုတ် Vauxhall
Astra ယာဉ်ငယ်ဆယ်စီးနဲ့ မြို့တွင်းမြို့ပြင် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု
လုပ်ငန်းကို စတင်လုပ်ကိုင်လာတာပါ။
မန္တလေးမြို့ ၅၈လမ်း၊ ၂၂x၂၃ လမ်းကြား အောင်မြေသာစံမြို့နယ် ၊ ရုံး -၉၄(န-၁)
မှာ မန္တလေး ဂုဏ် ကုမ္ပဏီ
လီမိတက် ကနေတက္ကစီယာဉ်လိုင်းသစ်ကို ဒီနေ့ နံနက်
ဆယ်နာရီအချိန်တွင် ဖွင့်လှစ်လိုက်တာဖြစ်ပြီး ဆက်
သွယ်ငှားရမ်းမယ်ဆိုရင်လည်း
၀၉-၆၅၀၄၂၅၇။ ၀၉-၇၃၂၄၁၂၃၀။ ၀၂-၇၃၃၇၇ ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။
RND: 5.3.2013
မန္တလေးခေတ်

0 comments:
Post a Comment