Pages

Tuesday, March 5, 2013

ထားဝယ်တွင် ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးသူ တစ်ဦး သေဆုံး

Tuesday, March 5, 2013

ထားဝယ်မြို့၊ရှမ္မလည်ဆွဲရပ်၊အာဇာနည်လမ်းရှိပညာရေးကောလိပ်ရှေ့တွင် ယနေ့နံနက်(၈း၃၀)နာရီအချိန်
ခန့်က ယာဉ်မောင်း ဦး---- မောင်းနှင်လာသော super custom အမျိုးအစား မော်တော်ယာဉ်သည် ဆိုင်ကယ်နှစ်စီးအား ဆက်တိုက်တိုက်မိပြီးမိုးလုံလေလုံအားကစားရုံရှေ့ ရေမြောင်းအတွင်းသို့ထိုးကျမှုတစ်ခုဖြစ်ပွားခဲ့သည်။ ထိုအခင်းဖြစ်စဉ်တွင် မျက်နှာချင်းဆိုင် တစ်ဖက်ယာဉ်ကြောမှ ဆိုင်ကယ်စီး လာသူ ကရပ်ပြင်ရပ်၊အာဇာနည်လမ်းနေ ဦးအောင်ဆန်းမှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊စတင်တိုက်မိသည့် ဆိုင်ကယ်စီးနင်းသူကိုမူ ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင်အတွင်းလူနာအဖြစ်ကုသထားရကြောင်းသိရ
သည်။

 
 RND: 5.3.2013
Popular Myanmar News

0 comments:

Post a Comment