BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

*** လှိုင်းကလေးသင် *** (ဆရာဇော်ဂျီရဲ့ ကဗျာ)

ပြင်ကျယ်ကျယ် ပင်လယ်ကမ်းဆီက၊
သည်ကမ်းယံ စေတီဦးဆီသို့၊
ဖူးမြော်ရန် ရောက်လာရင်းပေလာ့၊
ဘော ... အိုအချင်း လှိုင်းကလေး ... သင်။
ကမ်းရောက်ပြန်တော့၊
တဖြောက်ဖြောက် မြည်သံကျူ၍၊
နဂိုမူ စွန့်ကာပစ်ပါလို့၊
မူသစ် တဆင်ခြယ်၍၊
ပြင်ကျယ်ကျယ် ပင်လယ်ကမ်းဆီသို့၊
မြန်းကြွမည့်သွင်။


ဘယ်ဒေသဆီက၊
သင်ကြွကာ သည်ကိုလာ၍၊
ဘယ်နေရာ ဘယ်ဆိပ်ကမ်းဆီသို့၊
မြန်းမယ်လို့ သင်ဟန်ပြင်၊
ကြံချင်ဘု့သည်အရေး။


သို့ကတဲ၊
စိတ်ထဲ ငါဆင်ခြင်ခဲ့၊
သင်လာစဉ် ပင်လယ်လမ်းမှာဖြင့်၊
မုန်တိုင်းလေ လှိုင်းရေကြမ်းသော်ကြောင့်၊
ပန်းခဲ့သူ စင်ရော်ငှက်ကိုလ၊
ကျောထက်ဝယ် သင် ကူမတယ်လို့၊
တွေးဆကာ သည်အလွမ်းရယ်နဲ့၊
ဝမ်းမြောက်တယ်လေး။ ။

ဇော်ဂျီ
တက္ကသိုလ်ကျောင်းတိုက်မဂ္ဂဖင်း
စက်တင်ဘာလ၊ ၁၉၃၁၊ ခုနှစ်