Pages

Tuesday, March 5, 2013

ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကိုနှင့် တွေ့ဆုံခြင်း

Tuesday, March 5, 2013
ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကို ယူ ၂၃ ပဏာမ လက်ရွေးစင်အသင်းမှ ပြန်လွှတ်ခံရခြင်းနှင့် ပတ်သက်၍ ၄င်းနေထိုင်ရာ သာကေတတွင် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်များကို စုစည်း ဖော်ပြပေး
လိုက် ပါသည်။

Voice : အဲဒီနေ့က ဘယ်လိုဖြစ် တာလဲ၊ ဘာဖြစ်တာလဲ ဆိုတာကို အကျဉ်းချုပ်လောက် ပြောပြပါလား။
KKK : ပုံမှန်အတိုင်း မနက်ပိုင်း Training ဆင်းကြတာပေါ့နော်။ ၄း၂း၃း၁ ကစားကွက်မှာ ကျွန်တော်က အ
ထောင်တိုက်စစ်မှူး အနေနဲ့ ကစား ရတယ်။ နည်းပြကြီး သင်ပြတာက ဘောလုံး ဆုံးသွားရင် ကွင်းလယ်ခံစစ် ဇုန်အထိ ကျွန်တော့်ကို ပြန်ဆင်းခိုင်း တယ်။ အဲဒီကစားကွက်နဲ့ ပတ်သက်လို့ ကျွန်တော်က တိုက်စစ်မှူးတစ်
ယောက် အနေနဲ့ ဂိုးရအောင် ဘယ်လို လုပ်ရမလဲ လို့ မရှင်းတာ မေးမိတယ်။ 

နည်းပြကြီး က ငါပြောသလိုလုပ် ပြန်မပြောနဲ့ ပြောတယ်။ မင်းကစားချင်လား၊ မကစား ချင်ဘူးလားလို့  မေး
တော့ ကစားချင်ပါတယ် ဆိုပြီး ကစားခဲ့တယ်။ ကွင်းထဲမှာ ပြီးသွားတယ်။ ကျွန်တော်လည်း ဟိုတယ် ရောက်
တော့ တစ်နေ့တာ လေ့ကျင့်ရေး အချိန်ဇယားမှာ စာရေးလိုက်ပါတယ်။ ဆရာတွေကို နစ်နာစေလိုတဲ့ စိတ်
စော်ကားလိုစိတ် ရည်ရွယ်ချက် တွေနဲ့ ရေးတာမဟုတ်ပါဘူး။ကျွန်တော်ကအနိုင်ရလိုစိတ်၊ ဂိုးရလိုစိတ် အနိုင်
မရရင် အပြစ်တင်ခံရပြီး ဖြစ်လာနိုင်တာတွေကို တွေးပြီး ကိုယ့်ကိုယ်ကိုယ် အလိုမကျတဲ့ စိတ်နဲ့ ရေးလိုက်
တာ။ 

အဲဒီစာကိုမြင်တဲ့ မြန်မာဆရာ တစ်ယောက်က၊ ကျွန်တော့် ကို သားသမီးလိုချစ်တဲ့ ဆရာတစ်ယောက် က မင်းရေးတာလားဆိုပြီး ဆုံးမစကား ပြောနေတယ်။ နည်းနည်းလည်း ဒေါသဖြစ်နေတယ်။ အဲဒီအချိန်မှာ စာကို ဘယ်သူဖျက်လိုက်လဲ မသိဘူး။ နောက်ဆရာတစ်ယောက်က စာဖျက် လိုက်တာ ပေါက်ကွဲသွားတယ်။ အဲဒီ ဆရာကလည်း ကျွန်တော့်အပေါ် တကယ်ကောင်းတဲ့ဆရာပါ။ အမြဲ ဂရုစိုက်တဲ့ ဆရာပါ။ 

ကျွန်တော်တို့ ဆူညံနေတာကို ကိုရီးယား နည်းပြကြီး ရောက်လာပြီး အေးအေးဆေးဆေး ဖြေရှင်းဖို့  ပြော
တယ်။ နာရီဝက်လောက် နေတော့ မြန်မာနည်းပြ ဆရာက လာပြီး မင်း သုံးရက်လောက် ပြန်နားလိုက်ပါလို့ လာပြောတယ်။ အဲဒီနေ့က ပေကပ်ပြီး ထမင်းစားချိန် အထိ ကျွန်တော် စောင့်နေခဲ့သေးတယ်။ တောင်းပန်ဖို့ အခွင့်အရေး မရဘဲနဲ့ ပြန်လာရတယ်။ ကျွန်တော်အပြစ်ရှိတယ် ဆိုရင် တောင်းပန်ဖို့ ဝန်မလေးပါဘူး။ ဘယ်
ဆရာနဲ့မှ တွေ့ခွင့် မရတော့ဘူး။

Voice : တစ်နေ့တာ လေ့ကျင့်ချိန် အချိန်ဇယားမှာ ဘာရေးလိုက်တာလဲ။ မြန်မာနည်းပြ ဆရာတွေက ဘယ်
သူလဲ။

KKK : ဘာစာရေးလိုက်လဲ ဆိုတာ မပြောဖို့၊ အင်တာဗျူးဖြေရင် အတိအကျမဖြေဖို့ လူကြီးတွေက မှာထား
လို့ ပြောလို့မရပါဘူး။

Voice : မြန်မာလိုပဲ ရေးတာလား။

KKK : မြန်မာလိုတစ်ဝက်၊ အင်္ဂလိပ်လို တစ်ဝက် ရေးလိုက်မိတာပါ။

Voice : ကျော်ကိုကိုက လေ့ကျင့်ရေးကွင်းမှာ စောဒကတက်တယ်။ စည်းကမ်းလည်း မလိုက်နာဘူး။ အစည်းအဝေး တွေကိုလည်း မလေးစားဘူး။ ထထွက်သွားတာတွေ ရှိတယ်လို့ အဖွဲ့ချုပ်က သတင်း ထုတ်ပြန်ထားတယ်။

KKK : အဲဒါတွေဖတ်ရလို့ တော်တော် စိတ်မကောင်းဖြစ်ရပါတယ်။ အဲဒီမနက်ကတော့ အစည်းအဝေး လုပ်
တုန်းက နည်းပြကြီးကနေ ကျွန်တော့်ကို ရှေ့ထွက်ပြီး လူကိုဘယ်လို ကပ်ရတယ် ဆိုတာတွေကို သရုပ်ပြ
တောင် လုပ်ခိုင်းသေးတယ်။ အဲဒါမျိုးတွေ ကျွန်တော် မလုပ်ခဲ့ဖူးပါဘူး။

Voice : ဒါဆို အစည်းအဝေး လုပ်နေတုန်း ထွက်သွားတာမျိုး တစ်ခါမှ အခုရက်ပိုင်း တွေမှာ မရှိဘူးဖူးပေါ့။

KKK : (ခဏစဉ်းစားသလို လုပ်ပြီး) တစ်ခါတော့ရှိတယ်။ ဖိလစ်ပိုင် နဲ့ပွဲ မတိုင်ခင်က ကျွန်တော်ဝမ်းရောဂါ
 ဖြစ်နေလို့ အစည်းအဝေး လုပ်နေတုန်း အိမ်သာသွားဖို့ ဗိုက်ကို ပုတ်ပြပြီး အိမ်သာထွက်သွားတာတော့ ရှိ
တယ်။ အဲဒီတစ်ခါတော့ မှတ်မိတယ်။

Voice : ဒီကိစ္စမတိုင်ခင် နည်းပြ နဲ့ ပြဿနာဖြစ်တာ မရှိဘူးပေါ့။ အသင်းဖော် တွေနဲ့ရော။

KKK : နည်းပြနဲ့မှ မဟုတ်ပါ ဘူး။ ကစားဖော် တွေနဲ့လည်း ပြဿနာ မရှိပါဘူး။ ဒါ ပထမဆုံးဖြစ်တာပါ။

Voice : အခုဘာဆက်လုပ်ဖို့ ရှိလဲ။ သတင်းစာထဲမှာလည်း တောင်းပန်မယ်လို့ ရေးထားတယ်။ အဖွဲ့ချုပ်
ဥက္ကဋ္ဌ ကိုရော တောင်းပန်မယ်လို့ ပါတယ်။

KKK : ဒီနေ့ပဲ ရန်ကုန်ယူနိုက်တက်ကိုသွားပြီး အသင်းကလူကြီးတွေနဲ့အတူ ကိုယ်တိုင်ကိုယ်ကျ တောင်းပန်
ဖို့ ရှိတယ်။ အဖွဲ့ချုပ် ဥက္ကဋ္ဌကတော့ အလုပ်များတဲ့သူ ဆိုတော့ ဖြစ်ဖြစ်ချင်း တုန်းကပဲ ဖုန်းနဲ့ တောင်းပန်ပြီး
ပါပြီ။ ဥက္ကဋ္ဌကတော့ ကာယကံရှင်တွေကို တောင်းပန်ဖို့၊ ကိုရီးယားနည်းပြကြီးကို အရင်ဆုံး တောင်းပန်ဖို့
 ပြောထားပါတယ်။

Voice : ဒဏ်ရာရလို့ ပြန်ကောင်းလာပြီလား။ ကစားတဲ့အချိန်မှာ အရင်အတိုင်း ခြေစွမ်း မပြနိုင်သေးလို့ ဖိ
အားတွေ ရှိခဲ့တယ်ဆိုတာ ဘယ်လို ဖိအားတွေရှိလို့ အခုလိုဖြစ်တယ် ဆိုတာ နည်းနည်းလောက် ရှင်းပြပေး
ပါလား။

KKK : ဘောလုံးကိုကျွန်တော်တို့သာမကတစ်နိုင်ငံလုံးက နိုင်စေချင်တာကျွန်တော်သိပါတယ်။ကျွန်တော်
တို့ ရွှေရရင် နိုင်ငံဂုဏ်သိက္ခာ တက်မယ် ဆိုတာ ကျွန်တော်ကောင်းကောင်း နားလည်တယ်။ ဒဏ်ရာက ပြန်
ကောင်းလာပေမယ့် အရင်ကလောက် မကစားနိုင် သေးလို့ ကိုယ့်ကိုယ်ကိုယ် အားမရတာ လည်းပါတယ်။ 

ငါတို့မအောင်မြင်ရင် ဆိုတဲ့ စိတ်အမြဲရှိနေပါတယ်။ ငါဂိုးမရ လို့ မဖြစ်ဘူးဆိုတဲ့ ဖိအားတွေ ရှိပါတယ်။ နည်းပြ
မှာလည်း ဖိအားရှိသလို ကစား သမားတွေ၊ ပရိသတ်တွေမှာလည်း ဖိအားရှိနေတယ်လို့ ခံစားရတယ်။ အခု
 ဖြစ်သွားတဲ့ ကိစ္စမှာ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ဘယ်သူ့ကိုမှ စော်ကားချင်တဲ့ စိတ်၊ ရိုင်းပျချင်တဲ့စိတ်နဲ့ လုပ်ခဲ့တာ မဟုတ်ဘူး။ 

တကယ်လို့ ကျွန်တော်မှား သွားရင်တောင် ကျွန်တော့်ကို တောင်းပန် ဖို့ အခွင့်အရေး ပေးစေချင်ပါတယ်
။ ဖြစ်ဖြစ်ချင်းနေ့ကသာ တောင်းပန်ဖို့ အခွင့် အရေးရရင် အခုလို ဖြစ်လာမှာ မဟုတ်ဘူး။ အခုလောက်ထိ ကြီးကျယ်သွားလိမ့်မယ် လို့ မထင်ပါဘူး။ ခြေသလုံးဖက်ပြီး တောင်းပန်ရတောင်းပန်ရ၊ ဆရာတွေကို တောင်း
ပန်ဖို့ ဝန်မလေးပါဘူး။ 

သူတို့ရဲ့ ဆုံးဖြတ်ချက်က အရမ်း မြန်လွန်းတယ် လို့ ခံစားရတယ်။ နာရီဝက်၊ တစ်နာရီ လောက်တည်းနဲ့ ဆုံး
ဖြတ်လိုက်သလို ခံစားရတယ်။ ပရိသတ်ကြီးကိုလည်း တောင်းပန်ပါတယ်။

(နိုင်မင်းဝေ၊ အောင်အောင်ထွန်း)
The Voice Weekly

RND: 5.3.2013

0 comments:

Post a Comment