Pages

Tuesday, March 5, 2013

OIC က ရိုဟင်ဂျာများ အခွင့်အရေး စဉ်စားဖို့ UNHCR ကို ပန်ကြား

=====================================
March 4, 2013

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင်များအရေး ကိုယ်တွယ်ဖြေရှင်းရန် ကုလ ဒုက္ခသည်အေဂျင် စီ UNHCR အား ကမ္ဘာ့ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က မေတ္တာရပ်ခံလိုက်သည်။

မြန်မာနိုင်ငံမှ ရိုဟင်ဂျာများနှင့် ပတ်သက်၍ OIC ၏ အပူပန်ဆုံးကိစ္စမှာ ‘နိုင်ငံသားဖြစ်ရေး’ပင် ဖြစ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပနေသည့် ၂၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေး တွင် OIC အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့သည်ဟု Kuwait News Agency က ဖော်ပြထားသည်။

သို့သော် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးစု ၁၃၀ ကျော်တွင် ရိုဟင်ဂျာ ဟူ၍ မပါဝင်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးခင်ရီ က ပြောဆိုထားသည်။

“ကျနော်တို့မှာ တရားဝင် လူမျိုးစုကြီး ရှစ်စု ရှိပါတယ်။ ချင်း၊ ကရင်၊ ကချင်၊ ကယား၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း ရှိပါတယ်။ နောက်ပြီး လူမျိုးစု ၁ဝဝ ကျော် ရှိပါတယ်။ အဲဒီဟာတွေက တရားဝင် လူမျိုးစုတွေ ဖြစ်ပါတယ်။ အဲဒီထဲမှာကော၊ ဗြိတိသျှ အစိုးရ ပြန်တမ်းမှာရော ၁၉၇၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်း၊ ၁၉၈၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းတွေမှာရော ဘယ်တုန်းကမှ ရိုဟင်ဂျာဆိုတာ မရှိတဲ့အတွက်ကြောင့် ရိုဟင်ဂျာသည် ကျနော်တို့ လူမျိုးထဲမှာ ပါဝင်တဲ့လူမျိုး မဟုတ်ဘူး။ ကျနော်တို့ နိုင်ငံမှာ မရှိပါဘူး” ဟု ရန်ကုန်မြို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ရုံးဟောင်းတွင် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃ဝ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ဝန်ကြီး က ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

ဂျနီဗာတွင် ကျင်းပနေသည့် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ စတင်ကာ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

OIC တွင် အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်ပြီး ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ဒုက္ခရောက်လျက်ရှိသော ရိုဟင်ဂျာများအား ထောက်ပံ့ကူညီရန်၊ပြန်လည် နေရာချထားရေးနှင့် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အတွက် အဖွဲ့ဝင် နိုင်ငံအချို့မှ ဒေါ်လာ ၂၅ သန်း ကောက်ခံရရှိထားဖြစ်သည်။ ပြီး နောက်ထပ်လည်း သန်း ၅၀ ကျော် ရရှိရန် ရှိနေသည်။

မြန်မာနိုင်ငံတွင် OIC ၏ လူသားချင်း စာနာမှုဆိုင်ရာ လေ့လာ စောင့်ကြည့်ရေးရုံးများ လာရောက် ဖွင့်လှစ်မည်ကို ကန့်ကွက်သည့် အနေဖြင့် လူထုလူတန်းစား အလွှာအသီးသီးနှင့် သံဃာများက မြို့ကြီးများနှင့် ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးရှေ့တွင် ဆန္ဒပြပွဲများ လွန်ခဲ့သည့်နှစ် အောက်တိုဘာလ အတွင်းကပြုလုပ်ခဲ့ကြသည်။

ရိုဟင်ဂျာ ၇၅,၀၀၀ အတွက် နေထိုင်ရာများ ဆောက်လုပ်ပေးရန်အတွက် ဆော်ဒီ အာရေဗျနိုင်ငံမှ ဒေါ်လာ ၁.၈၈ သန်းကို UNHCR မှတဆင့် ဇန်နဝါရှလအတွင်းက ပေးလှူခဲ့သည်။

ထို့အပြင် နိုင်ငံသားအဖြစ် ငြင်းပယ်ခံထားရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အမျိုးမျိုး ရင်ဆိုင်ကြုံတွေ့နေ ရသူ မြန်မာ မူဆလင် ရိုဟင်ဂျာများအတွက် ဆူဒန်နိုင်ငံ အဖွဲ့အစည်း နှစ်ခုကလည်း ဇန်နဝါရီလ အတွင်းတွင်ပင် ဒေါ်လာ နှစ်သိန်း ကူညီပေးခဲ့သည်။

ထို့အတူ အင်ဒိုနီးရှား အစိုးရကလည်း ရခိုင်ပြည်နယ် အတွင်းရှိ ရိုဟင်ဂျာများ ခံစားနေရသည့် ဆင်းရဲဒုက္ခများ ကို လျှော့ချရန်အတွက် လူသားချင်း စာနာမှု အကူအညီအဖြစ် ဒေါ်လာ တသန်း ပေးလှူမည်ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က ဇန်နဝါရီလ အတွင်းကပင် ကြေညာခဲ့သည်။

မဇ္ဈိမ

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင်များအရေး ကိုယ်တွယ်ဖြေရှင်းရန် ကုလ ဒုက္ခသည်အေဂျင် စီ UNHCR အား ကမ္ဘာ့ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က မေတ္တာရပ်ခံလိုက်သည်။ မြန်မာနိုင်ငံမှ ရိုဟင်ဂျာများနှင့် ပတ်သက်၍ OIC ၏ အပူပန်ဆုံးကိစ္စမှာ ‘နိုင်ငံသားဖြစ်ရေး’ပင် ဖြစ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပနေသည့် ၂၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေး တွင် OIC အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့သည်ဟု Kuwait News Agency က ဖော်ပြထားသည်။

သို့သော် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးစု ၁၃၀ ကျော်တွင် ရိုဟင်ဂျာ ဟူ၍ မပါဝင်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးခင်ရီ က ပြောဆိုထားသည်။

“ကျနော်တို့မှာ တရားဝင် လူမျိုးစုကြီး ရှစ်စု ရှိပါတယ်။ ချင်း၊ ကရင်၊ ကချင်၊ ကယား၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း ရှိပါတယ်။ နောက်ပြီး လူမျိုးစု ၁ဝဝ ကျော် ရှိပါတယ်။ အဲဒီဟာတွေက တရားဝင် လူမျိုးစုတွေ ဖြစ်ပါတယ်။ အဲဒီထဲမှာကော၊ ဗြိတိသျှ အစိုးရ ပြန်တမ်းမှာရော ၁၉၇၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်း၊ ၁၉၈၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းတွေမှာရော ဘယ်တုန်းကမှ ရိုဟင်ဂျာဆိုတာ မရှိတဲ့အတွက်ကြောင့် ရိုဟင်ဂျာသည် ကျနော်တို့ လူမျိုးထဲမှာ ပါဝင်တဲ့လူမျိုး မဟုတ်ဘူး။ ကျနော်တို့ နိုင်ငံမှာ မရှိပါဘူး” ဟု ရန်ကုန်မြို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ရုံးဟောင်းတွင် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃ဝ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ဝန်ကြီး က ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

ဂျနီဗာတွင် ကျင်းပနေသည့် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ စတင်ကာ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

OIC တွင် အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်ပြီး ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ဒုက္ခရောက်လျက်ရှိသော ရိုဟင်ဂျာများအား ထောက်ပံ့ကူညီရန်၊ပြန်လည် နေရာချထားရေးနှင့် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အတွက် အဖွဲ့ဝင် နိုင်ငံအချို့မှ ဒေါ်လာ ၂၅ သန်း ကောက်ခံရရှိထားဖြစ်သည်။ ပြီး နောက်ထပ်လည်း သန်း ၅၀ ကျော် ရရှိရန် ရှိနေသည်။

မြန်မာနိုင်ငံတွင် OIC ၏ လူသားချင်း စာနာမှုဆိုင်ရာ လေ့လာ စောင့်ကြည့်ရေးရုံးများ လာရောက် ဖွင့်လှစ်မည်ကို ကန့်ကွက်သည့် အနေဖြင့် လူထုလူတန်းစား အလွှာအသီးသီးနှင့် သံဃာများက မြို့ကြီးများနှင့် ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးရှေ့တွင် ဆန္ဒပြပွဲများ လွန်ခဲ့သည့်နှစ် အောက်တိုဘာလ အတွင်းကပြုလုပ်ခဲ့ကြသည်။

ရိုဟင်ဂျာ ၇၅,၀၀၀ အတွက် နေထိုင်ရာများ ဆောက်လုပ်ပေးရန်အတွက် ဆော်ဒီ အာရေဗျနိုင်ငံမှ ဒေါ်လာ ၁.၈၈ သန်းကို UNHCR မှတဆင့် ဇန်နဝါရှလအတွင်းက ပေးလှူခဲ့သည်။

ထို့အပြင် နိုင်ငံသားအဖြစ် ငြင်းပယ်ခံထားရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အမျိုးမျိုး ရင်ဆိုင်ကြုံတွေ့နေ ရသူ မြန်မာ မူဆလင် ရိုဟင်ဂျာများအတွက် ဆူဒန်နိုင်ငံ အဖွဲ့အစည်း နှစ်ခုကလည်း ဇန်နဝါရီလ အတွင်းတွင်ပင် ဒေါ်လာ နှစ်သိန်း ကူညီပေးခဲ့သည်။

ထို့အတူ အင်ဒိုနီးရှား အစိုးရကလည်း ရခိုင်ပြည်နယ် အတွင်းရှိ ရိုဟင်ဂျာများ ခံစားနေရသည့် ဆင်းရဲဒုက္ခများ ကို လျှော့ချရန်အတွက် လူသားချင်း စာနာမှု အကူအညီအဖြစ် ဒေါ်လာ တသန်း ပေးလှူမည်ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က ဇန်နဝါရီလ အတွင်းကပင် ကြေညာခဲ့သည်။

မဇ္ဈိမ
RND: 5.3.2013

0 comments:

Post a Comment