BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

မန္တလေးတွင် ရှမ်းစာပေနှင့် စကားပြောသင်တန်း အခမဲ့ဖွင့်လှစ်မည်

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင် တမာတန်းကွေ့အနီး နမ့်ခမ်းရှမ်းစာပေနှင့်ယဉ်ကျေးမှုကျောင်းတွင်နွေရာသီ ရှမ်းစာပေနှင့် စကားပြောသင်တန်းကို မတ်လ၁၁ ရက်နေ့ မှ စတင်၍ အခမဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့ တာဝန်ရှိသူ ဦးစိုင်းမောင်စိန်က The Voice Weekly သို့ပြောကြားသည်။ ဆိုပါသင်တန်းကို နံနက် ၉နာရီမှ ၁၁ နာရီအထိ နှင့် ညနေ ၄နာရီမှ
၆ နာရီ အထိ သင်ကြားပေးမည်ဖြစ်ပြီး ကြိုက်နှစ်သက်ရာအချိန်တွင် တက်ရောက်နိုင်ကြောင်း၊သင်တန်းကာလ တစ်လခွဲကြာမြင့်မည်ဖြစ်ကြောင်း ဦးစိုင်းမောင်စိန်က ဆိုသည်။
RND: 5.3.2013
The Voice Weekly