Pages

Tuesday, March 5, 2013

သန်လျင် ကညန မှ အထက်တန်းစာရေးငွေပိုတောင်းပြီး မခြေမငံပြောဆိုသ ဖြင့်နိုင်ငံတော်ထံတိုင်စာပေးပို့

သန်လျင် ကညန မှ အထက်တန်းစာရေးငွေပိုတောင်း ၊ မိမိအမှားဝန်မခံမခြေမငံပြောဆိုသဖြင့်နိုင်ငံတော်ထံတိုင်စာ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်အတွင်းရှိ က. ည.နရုံးတွင်ယာဉ်မောင်းလိုင်စင်  သက်တမ်းသွားတိုးသူတစ်ဦးက   ကညနမှအကြီးတန်း စာရေးဒေါ် နှင်းမာလာစိုးအပေါ် အရေးယူ ပေးပါရန် နေပြည်တော်ပြည်ထဲ ရေးဝန်ကြီးဌာနသို့ တိုင်စာပို့ထား ကြောင်း ပြောသည်။
မ——-သည် ၎င်းင်း၏(ခ)   လိုင်စင်အား(ဃ)လိုင်စင်အဖြစ်  ပြောင်းလဲရန် ပုံစံဖြည့်စွက်ခဲ့ ကြောင်း၊၎င်းင်းပုံစံအား ဒုဦးစီးမှူး  ဒေါ်သဉ္စာအောင် ကိုယ်တိုင်စစ် ဆေးလက်မှတ်ထိုးပေးပြီးအကြီး တန်းစာရေးဒေါ်နှင်းမာလာစိုးထံ သို့ ပြန်တင်ထားကာ တစ်နာရီခွဲ   ကျော်ကြာစောင့်နေခဲ့ပြီး လိုင်စင်   ထွက်လာချိန်တွင်(ခ)လိုင်စင်သာ ထွက်လာသဖြင့် ပြန်လည်ပေးမြန်း  ရာအကြီးတန်းစာရေးဒေါ်နှင်းမာ လာစိုးက ၎င်း၏အမှားအား ၀န်ခံ    ခြင်းမပြုသည့် အပြင်လိုင်စင်ပြု လုပ်သူ မ——–အားနိုင်ထက် စီးနင်းပြောဆိုသဖြင့် မ——က  နေပြည်တော် ပြည်ထဲရေးဝန်ကြီး    ဌာနနှင့်သက်ဆိုင်ရာဌာနအသီးသီး    သို့ တိုင်စာများပို့ကာ တည်ဆဲ ဥပဒေများအရအရေးယူပေးပါရန် တိုင်ကြားသွားမည်ဖြစ်ကြောင်း    ၎င်းကပြောသည်။
““လိုင်စင်ဖိုးငွေသွင်းတော့ (၅၅၀၀)ကောက်တယ် အာမခံ ကြေးကို ကိုယ်တိုင်သွားမသွင်းနဲ့ ဝေးတယ်သူတို့ပြီးမှပေါင်းသွင်း ပေးမယ်လို့ပြောပြီးယူတာ။လိုင်စင်  အသစ်ပြန်ထွက်လာတော့(ခ) လိုင်စ်ပဲပြန်ထွက်လာတယ်။ ကျွန်မ   လျှောက်တာ(ဃ)လို့ပြောတော့       ပြောမှမပြောခဲ့တာမပြောတော့ ရိုးရိုးသက်တမ်းတိုးတာပဲထင်တာ ပေါ့ပြောခဲ့မှသိမှာပေါ့ အဲလိုက စပြီးအစုံပဲပြောတာ၊ကျွန်မပုံစံမှာ  ဖြည့်ထားပြီးသားပြန်ကြည့်ကြည့် ဦးလို့ပြောလိုက်ယ်။သူကပုံစံကို ကြည့်ပြီး(ဃ)ပြောင်းရင်(ခ)ကို သက်တမ်းတိုးအသစ်လုပ်ပြီးမှ ပြောင်းလို့ရတာနားမလည်ဘူး လားဆိုပြီးဟောက်ပြန်ရော။ကျွန်မ  တော်တော်စိတ်ပျက်သွားတယ်။ တကယ်ဆိုရင်အကြီးတန်းစာရေး ဖြစ်တဲ့ သူကသာနားမလည်တာ(ခ)   လိုင်စင်အဟောင်းပေးလိုက်(ဃ) လိုင်စင်ပြောင်းဆိုပုံစံဖြည့်သက်တမ်း    ကျော်နေရင်ဒဏ်ကြေးဆောင်၊ တကယ်ဆိုမှားသွားလို့တောင်းပန် ပါတယ်။ တခွန်းလောက်ပြော လိုက်၊မြန်မာလူမျိုးတွေပါနားလည်   ပေးတတ်ပါတယ်။အဲဒါကိုသူက      ပိုက်ဆံထပ်သွင်းခိုင်းတယ်ကျွန်မ  လဲ နဲနဲတော့ စိတ်ကတိုသွားပြီ ပိုက်ဆံထပ်မသွင်းနိုင်ဘူး ကျွန်မ   မှားတာမဟုတ်ဘူးလို့ပြောတော့  ပိုက်ဆံမသွင်းပဲဘယ်သူရဲ့ ဘာမို့    လဲတဲ့ အဲဒီစကားကြီးက သေသေ  ချာချာစဉ်းစားရင်တော်တော်ဆိုး တယ်။တကယ်ဆို(၅၅၀၀)တောင်း တာကိုက လွန်တာအမှန်ကသုံး ထောင်ကျော်ပဲကျတာ ကျွန်မက  တိုင်မှာလို့လဲပြောခဲ့တယ်။လိုင်စင်  ဖိုးက ဘယ်လောက်လဲမေးတော့     ရှင်းမပြဘူးဝန်ထမ်းတွေမပြေလည် လို့ လည်သလိုလုပ်နေကြတာကို   နားလည်ပါတယ်။ ပြေပြေလည် လည်တော့ ဆက်ဆံပေးပေါ့။သူ ပိုက်ဆံပိုယူတာ ကျွန်မကိုမခြေ မငံပြောတာတွေအားလုံး ကျွန်မ   recording လုပ်ထားတယ်၊တိုင်ကြား    ပါထိထိရောက်ရောက်အရေးယူ ပေးမယ်လို့ နိုင်ငံတော်ရဲ့လူကြီး မင်းတွေကပြောထားတာပဲ၊ ကျွန်မ  ဘက်ကမှန်တဲ့အတွက် ကျွန်မ တော့တိုင်မယ်ထိထိရောက်ရောက်    စစ်ဆေးပြီး ဘယ်လိုအရေးယူမလဲ ဆိုတာ စောင့်ကြည့်ရမှာပေါ့၊လို အပ်လို့ နေပြည်တော်က ကျွန်မ      ကိုခေါ်ပြီးစစ်မေးချင်လဲခေါ်ပါ    နေပြည်တော်မဟုတ်ဘူး မြန်မာ နိုင်ငံမြောက်ဖျားထိခေါ်လဲသွား မယ်””ဟုပြောသည်။
အဆိုပါကိစ္စကိုမေးမြန်းရန် သန်လျင် က.ည.နသို့(၄.၃. ၂၀၁၃) ဖုန်းနံပါတ် ၀၅၆-၂၂၀၀၁သို့ဆက်သွယ်မေးမြန်းရာ ဖုန်းကိုင်သူအမျိုးသမီးမှခရိုင်မှူးမရှိ သဖြင့် ဖြေကြားခွင့်မရှိပါကြောင်း   အထက်သို့ ဆက်သွယ်၍ခွင့်ပြုချက်  ရရှိမှသာဖြေကြားလို့ရမည်ဖြစ်သ ဖြင့် ခဏနေမှဖုန်းပြန်ဆက်ပါရန်  ပြောသည်။(၁၅)မိနစ်ခန့်အကြာ တွင် ဖုန်းပြန်ဆက်ရာ မည်သူမှ ဖုန်းကိုင်ခြင်းမရှိခဲ့ပါ။

 

ဒေါင်းအ၀ါ
The Hot News

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်အတွင်းရှိ က. ည.နရုံးတွင်ယာဉ်မောင်းလိုင်စင် သက်တမ်းသွားတိုးသူတစ်ဦးက ကညနမှအကြီးတန်း စာရေးဒေါ် နှင်းမာလာစိုးအပေါ် အရေးယူ ပေးပါရန် နေပြည်တော်ပြည်ထဲ ရေးဝန်ကြီးဌာနသို့ တိုင်စာပို့ထား ကြောင်း ပြောသည်။ မ——-သည် ၎င်းင်း၏(ခ) လိုင်စင်အား(ဃ)လိုင်စင်အဖြစ် ပြောင်းလဲရန် ပုံစံဖြည့်စွက်ခဲ့ ကြောင်း၊၎င်းင်းပုံစံအား ဒုဦးစီးမှူး ဒေါ်သဉ္စာအောင် ကိုယ်တိုင်စစ် ဆေးလက်မှတ်ထိုးပေးပြီးအကြီး တန်းစာရေးဒေါ်နှင်းမာလာစိုးထံ သို့ ပြန်တင်ထားကာ တစ်နာရီခွဲ ကျော်ကြာစောင့်နေခဲ့ပြီး လိုင်စင် ထွက်လာချိန်တွင်(ခ)လိုင်စင်သာ ထွက်လာသဖြင့် ပြန်လည်ပေးမြန်း ရာအကြီးတန်းစာရေးဒေါ်နှင်းမာ လာစိုးက ၎င်း၏အမှားအား ၀န်ခံ ခြင်းမပြုသည့် အပြင်လိုင်စင်ပြု လုပ်သူ မ——–အားနိုင်ထက် စီးနင်းပြောဆိုသဖြင့် မ——က နေပြည်တော် ပြည်ထဲရေးဝန်ကြီး ဌာနနှင့်သက်ဆိုင်ရာဌာနအသီးသီး သို့ တိုင်စာများပို့ကာ တည်ဆဲ ဥပဒေများအရအရေးယူပေးပါရန် တိုင်ကြားသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

““လိုင်စင်ဖိုးငွေသွင်းတော့ (၅၅၀၀)ကောက်တယ် အာမခံ ကြေးကို ကိုယ်တိုင်သွားမသွင်းနဲ့ ဝေးတယ်သူတို့ပြီးမှပေါင်းသွင်း ပေးမယ်လို့ပြောပြီးယူတာ။လိုင်စင် အသစ်ပြန်ထွက်လာတော့(ခ) လိုင်စ်ပဲပြန်ထွက်လာတယ်။ 
 
ကျွန်မ လျှောက်တာ(ဃ)လို့ပြောတော့ ပြောမှမပြောခဲ့တာမပြောတော့ ရိုးရိုးသက်တမ်းတိုးတာပဲထင်တာ ပေါ့ပြောခဲ့မှသိမှာပေါ့ အဲလိုက စပြီးအစုံပဲပြောတာ၊ကျွန်မပုံစံမှာ ဖြည့်ထားပြီးသားပြန်ကြည့်ကြည့် ဦးလို့ပြောလိုက်ယ်။သူကပုံစံကို ကြည့်ပြီး(ဃ)ပြောင်းရင်(ခ)ကို သက်တမ်းတိုးအသစ်လုပ်ပြီးမှ ပြောင်းလို့ရတာနားမလည်ဘူး လားဆိုပြီးဟောက်ပြန်ရော။ကျွန်မ တော်တော်စိတ်ပျက်သွားတယ်။ 
 
တကယ်ဆိုရင်အကြီးတန်းစာရေး ဖြစ်တဲ့ သူကသာနားမလည်တာ(ခ) လိုင်စင်အဟောင်းပေးလိုက်(ဃ) လိုင်စင်ပြောင်းဆိုပုံစံဖြည့်သက်တမ်း ကျော်နေရင်ဒဏ်ကြေးဆောင်၊ တကယ်ဆိုမှားသွားလို့တောင်းပန် ပါတယ်။ တခွန်းလောက်ပြော လိုက်၊မြန်မာလူမျိုးတွေပါနားလည် ပေးတတ်ပါတယ်။
 
အဲဒါကိုသူက ပိုက်ဆံထပ်သွင်းခိုင်းတယ်ကျွန်မ လဲ နဲနဲတော့ စိတ်ကတိုသွားပြီ ပိုက်ဆံထပ်မသွင်းနိုင်ဘူး ကျွန်မ မှားတာမဟုတ်ဘူးလို့ပြောတော့ ပိုက်ဆံမသွင်းပဲဘယ်သူရဲ့ ဘာမို့ လဲတဲ့ အဲဒီစကားကြီးက သေသေ ချာချာစဉ်းစားရင်တော်တော်ဆိုး တယ်။တကယ်ဆို(၅၅၀၀)တောင်း တာကိုက လွန်တာအမှန်ကသုံး ထောင်ကျော်ပဲကျတာ ကျွန်မက တိုင်မှာလို့လဲပြောခဲ့တယ်။လိုင်စင် ဖိုးက ဘယ်လောက်လဲမေးတော့ ရှင်းမပြဘူးဝန်ထမ်းတွေမပြေလည် လို့ လည်သလိုလုပ်နေကြတာကို နားလည်ပါတယ်။ ပြေပြေလည် လည်တော့ ဆက်ဆံပေးပေါ့။
 
သူ ပိုက်ဆံပိုယူတာ ကျွန်မကိုမခြေ မငံပြောတာတွေအားလုံး ကျွန်မ recording လုပ်ထားတယ်၊တိုင်ကြား ပါထိထိရောက်ရောက်အရေးယူ ပေးမယ်လို့ နိုင်ငံတော်ရဲ့လူကြီး မင်းတွေကပြောထားတာပဲ၊ ကျွန်မ ဘက်ကမှန်တဲ့အတွက် ကျွန်မ တော့တိုင်မယ်ထိထိရောက်ရောက် စစ်ဆေးပြီး ဘယ်လိုအရေးယူမလဲ ဆိုတာ စောင့်ကြည့်ရမှာပေါ့၊လို အပ်လို့ နေပြည်တော်က ကျွန်မ ကိုခေါ်ပြီးစစ်မေးချင်လဲခေါ်ပါ နေပြည်တော်မဟုတ်ဘူး မြန်မာ နိုင်ငံမြောက်ဖျားထိခေါ်လဲသွား မယ်””ဟုပြောသည်။

အဆိုပါကိစ္စကိုမေးမြန်းရန် သန်လျင် က.ည.နသို့(၄.၃. ၂၀၁၃) ဖုန်းနံပါတ် ၀၅၆-၂၂၀၀၁သို့ဆက်သွယ်မေးမြန်းရာ ဖုန်းကိုင်သူအမျိုးသမီးမှခရိုင်မှူးမရှိ သဖြင့် ဖြေကြားခွင့်မရှိပါကြောင်း အထက်သို့ ဆက်သွယ်၍ခွင့်ပြုချက် ရရှိမှသာဖြေကြားလို့ရမည်ဖြစ်သ ဖြင့် ခဏနေမှဖုန်းပြန်ဆက်ပါရန် ပြောသည်။(၁၅)မိနစ်ခန့်အကြာ တွင် ဖုန်းပြန်ဆက်ရာ မည်သူမှ ဖုန်းကိုင်ခြင်းမရှိခဲ့ပါ။


ဒေါင်းအ၀ါ
RND: 5.3.2013
The Hot News

0 comments:

Post a Comment