Pages

Tuesday, March 5, 2013

စစ်တပ်က သိမ်းခဲ့သည့်မြေဧက ၂ သိန်းခွဲရှိဟုဆို

မြန်မာ သတင်းများ   မတ် ၀၅ ၊၂၀၁၃

စစ်တပ်က သိမ်းခဲ့သည့်မြေဧက ၂ သိန်းခွဲရှိဟုဆို

တနိုင်ငံလုံးတွင် စစ်တပ်မှ အကြောင်းအမျိုးမျိုးပြ သိမ်းယူထားသော မြေဧက ၂ သိန်းခွဲနီးပါး ရှိကြောင်း လွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် လယ်ယာမြေစုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၄ ရက်နေ့အထိ လွှတ်တော်စုံစမ်းရေး ကော်မရှင်သို့ စစ်တပ်နှင့်သက်ဆိုင်သော တင်ပြ တိုင်ကြားစာပေါင်း ၅၆၅ စောင်ရှိပြီး စစ်တပ်သိမ်းမြေ ဧကပေါင်း ၂၄၇၀၇၇. ၆၀ ရှိကြောင်း ယင်းကော်မရှင်၏ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသော အစီရင်ခံစာတွင် ပါရှိသည်။
လယ်ယာမြေနှင့် တခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး အတွက် စုံစမ်းရေး ကော်မရှင်သည် စုံစမ်းတွေ့ရှိချက်များ၊ သုံးသပ်ချက်များနှင့် အကြံပြုချက်များကို အနှစ်ချုပ်၍ အစီရင်ခံစာ အပိုင်း ၁ ကို ရေးသားပြုစုခဲ့ကာ စစ်တပ်မြေ သိမ်းမှုနှင့် ပတ်သက်သော ယင်းအစီရင်ခံစာကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရန် သဘောတူ ဆုံးဖြတ်ခဲ့သည်။
တပ်မတော်မှ သိမ်းဆည်းထားသော လယ်မြေများအကြောင်းကို လွှတ်တော်သို့ ပထမဆုံးတင်ပြရခြင်းမှာ အမှုကိစ္စအားဖြင့် အရှုပ်အရှင်း နည်းခြင်း၊ အချက်အလက် ပြည့်စုံခြင်းနှင့် တပ်မတော်မှ သိမ်းဆည်းထားသောမြေဟု ထင်ရှားခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် ကော်မရှင်အဖွဲ့ဝင်လည်းဖြစ်သူ ဦးဖေသန်းက ပြောသည်။
ကော်မရှင်၏ စုံစမ်းစစ်ဆေးတွေ့ရှိချက် များအရ စစ်တပ်မြေ သိမ်းမှုများတွင် အမိန့်ညွှန်ကြားချက်နှင့် မညီသော ကိစ္စရပ်များ ပါဝင်နေခြင်း၊ လိုအပ်သည်ထက်ပို၍ သိမ်းဆည်းထားခြင်း၊ တပ်မြေနှင့် တိုက်ရိုက် မသက်ဆိုင်သော နေရာများကို သိမ်းဆည်းထားခြင်း၊ ပိုမိုသိမ်းဆည်းထားသော စိုက်ပျိုးမြေပေါ်တွင် မူလလယ်လုပ်ပိုင်ခွင့်ရ တောင်သူကို သီးစားခရယူ အငှားချထားပြီး တပ်ရင်းတပ်ဖွဲ့မှ ကိုယ်တိုင်စိုက်ပျိုးမှု မရှိခြင်း၊ မြေယာလျော်ကြေး သီးနှံလျော်ကြေးများကို သိမ်းဆည်းစဉ်က ကာလတန်ဖိုး ပေါက်ဈေးနှင့် ညီညွတ်မျှတစွာ ပေးလျော်မှုမရှိခြင်း၊ ကြက်ဆူစိုက်ပျိုးရေးကို အကြောင်းပြု၍ မြေယာများ သိမ်းဆည်းထားပြီး စီမံကိန်းပျက်ပြယ် သွားသော်လည်း မြေများကို စွန့်လွှတ်ခြင်းမပြုဘဲ သီးစားချထားခြင်း၊ မြေနုကျွန်းများကို စိုက်ပျိုးခွင့် လျှောက်၍ တောင်သူများကို သီးစားချခြင်း၊ လယ်ယာမြေလျော်ကြေး၊ အိမ်ပြောင်းရွှေ့စရိတ်နှင့် သီးနှံ လျော်ကြေးများ ပေးရာတွင် တပ်ရင်းတပ်ဖွဲ့တခုနှင့်တခု မတူညီဘဲ နှုန်းထားအမျိုးမျိုး ဖြစ်နေခြင်း၊ စည်းကမ်းသတ်မှတ်ချက်နှင့် အညီ သိမ်းဆည်းခဲ့သော်လည်း အချိန်ကာလ သတ်မှတ်ချက်နှင့်အညီ လုပ်ငန်းများ ပြီးစီးစေရန် ဆောင်ရွက်မှု မရှိခြင်းနှင့် မြေသိမ်း အမှုတွဲများရှိ မြေသိမ်းခံ ပြည်သူများ၏ ထိုးမြဲလက်မှတ် တချို့သည် အစစ်အမှန်မဟုတ်ကြောင်း တွေ့ရှိရခြင်းတို့ ပါဝင်သည်။
“ပတောင်းမှာ စစ်တပ်က ကပစ စက်ရုံအတွက် အကြောင်းပြ မြေသိမ်းတယ်။ ပွင့်ဖြူမှာကျတော့ ၀ါစိုက်ပျိုးရေးဆိုပြီး အကြောင်းပြ သိမ်းတယ်။ ဘယ်လိုပဲ သိမ်းသိမ်း စီမံကိန်းက အခုအချိန်မှာ အကောင်အထည် မပေါ်တော့ဘူးလို့သုံးသပ်လို့ရတယ်။ လိုအပ်တာထက် ပိုသိမ်းထားတာရယ်၊ အကောင်အထည် ဖော်မပေးနိုင်တာတွေ ရှိတဲ့အတွက် လယ်ယာမြေပုဒ်မ ၃၁ အရ ခွင့်ပြုပေးထားတဲ့ ၆ လအတွင်း လုပ်ငန်းမလုပ်နိုင်ရင် လယ်သမားကို ပြန်ပေးရမယ်ဆိုတာ ရှိတဲ့အတွက် အခု ကျနော်တို့ လယ်သမားတွေ လယ်မြေပြန်ရဖို့ ကြိုးစားနေကြတယ်” ဟု လယ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူ ဦးဟန်ရှင်ဝင်းက ပြောသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသော ဗဟို မြေယာစီမံခန့်ခွဲမှု ကော်မတီသည် အလုပ်မလုပ်သောကြောင့် မြေယာဥပဒေနှင့် နည်းဥပဒေတို့မှာ အသက်မ၀င် ဖြစ်နေ ရကြောင်း၊ ပြဿနာများကို အချိန်မီ ဖြေရှင်းမပေးနိုင်ပါက ပိုမိုရှုပ်ထွေးလာပြီး မအူပင် လယ်သမားကိစ္စကဲ့သို့ ပဋိပက္ခ ပိုကြီးထွား လာနိုင်ကြောင်း ဦးဟန်ရှင်ဝင်းက သုံးသပ်ပြောဆိုသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်မှ သိမ်းဆည်းထားသည့် လယ်ယာမြေ များအနက် အသုံးပြုခြင်း မရှိသေးသည့် မြေများကို တောင်သူလယ်သမားများ ထံသို့ ပြန်လည်ပေးသွားမည်ဟု ပြည်ထောင်စုနေ့ ညစာစားပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌသို့ ပြောကြားခဲ့ကြောင်း သိရသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် လယ်မြေကိစ္စ တွေ့ဆုံဆွေးနွေးခဲ့သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက “ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြီးခဲ့တဲ့လ ၂၈ ရက်နေ့မှာ တွေ့ပြီးပြီ။ သူပြောတာကတော့ တပ်နဲ့ ဝေးတဲ့နေရာ တွေမှာ သူတို့သိမ်းထား တာတွေကို ပြန်ပေးမယ်။ လယ်သမားတွေကို သီးစား ချထားခွင့် မရှိဘူးဆိုပြီး သူတို့ ညွှန်ကြား ချက်တွေ ထုတ်ပြီးသားတဲ့။ ကိုယ်တိုင်လုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်ရင် လယ်သမားတွေကို ပြန်ပေးဖို့ ပြောပြီးပြီတဲ့။ နစ်နာကြေး တွေကိုလည်း စဉ်းစားပြီး ပြန်ပေးမယ်လို့ ပြောတယ်” ဟု ရှင်းပြသည်။
သိမ်းဆည်းထားသည့် မြေကို သိမ်းဆည်းစဉ်က မူလကြံရွယ်ချက်နှင့်အညီ အသုံးမပြုပါက သက်ဆိုင်ရာ ပိုင်ရေးဆိုင်ခွင့် ရှိသူများကို ပြန်လည်ပေးအပ်ရန် သို့မဟုတ် နိုင်ငံတော်အား ပြန်လည်ပေးအပ်ပြီး နိုင်ငံတော်မှသာ စီမံခန့်ခွဲမှု ပြုသင့်ကြောင်း ကော်မရှင်က သုံးသပ်ထားသည်။
လယ်မြေသိမ်းဆည်းမှုများတွင် ဋ္ဌာနဆိုင်ရာများသည်လည်း မြေသိမ်းဆည်းခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခဲ့မှု မရှိခြင်း၊ လျှို့ဝှက်အဆင့်မရှိသော စာရင်းဇယား အထောက်အထား စာရွက်များ ပြသရန် တောင်းခံရာ ပြည့်စုံစွာ တင်ပြနိုင်မှု မရှိခြင်း၊ တိုင်ကြားစာပါ နယ်မြေများသို့ ကွင်းဆင်းသည့်အခါ သက်ဆိုင်ရာ ဌာနများက မိမိတို့နှင့် မသက်ဆိုင်သကဲ့သို့ ပြုမှုခြင်းနှင့် မြေသိမ်းဆည်းခံရသည့် ဋ္ဌာန၊ အဖွဲ့အစည်းများနှင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများသည် ဖြေရှင်း ဆောင်ရွက်ရမည့် ပြဿနာအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းတို့ တွေ့ရှိရကြောင်း ကော်မရှင်က ဆိုသည်။
မြေသိမ်းခံရသော အကြောင်းရင်း ၆ ခုမှာ မြို့ပြများ တိုးချဲ့ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊ စက်မှုဇုန်များ တိုးချဲ့ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊ တပ်မတော်တပ်ရင်း တပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းရာတွင် တပ်မြေအဖြစ် သိမ်းဆည်းခြင်း၊ နိုင်ငံတော်ပိုင် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ရေး အတွက် သိမ်းဆည်းခြင်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေး စီမံကိန်းများ ဆောင်ရွက်ရန် ပုဂ္ဂလိက ကုမ္ပဏီများသို့ မြေနေရာ ချထားပေးရာတွင် တောင်သူလယ်သမားများ လက်ရှိ လုပ်ကိုင်နေသည့် လယ်ယာမြေများ ပါရှိသွားခြင်းတို့ ဖြစ်သည်။




ဒေါက်တာဆိတ်ဖွား စုံစမ်းဖေါ်ထုတ်ရန် ပြည်ထောင်စု လွှတ်တော်တွင် ကြားနာ 

အင်တာနက်စာမျက်နှာပေါ်မှ လွှတ်တော်အား ဝေဖန်ရေးသားခဲ့သော ဒေါက်တာဆိတ်ဖွား ဆိုသူမှာ မည်သူမည်ဝါ ဖြစ်သည်ကို စုံစမ်းဖေါ်ထုတ်ရန် ပြည်ထောင်စု လွှတ်တော်တွင် ယနေ့ ကြားနာကြောင်း ထိုကြားနာမှုတွင် ပါဝင်သော The voice weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ က ပြောသည်။

ဒေါက်တာဆိတ်ဖွား ကြားနာမှုအား ညနေ ၃ နာရီ ခန့်က စတင်ကာ  ၄၅ မိနစ်ဝန်းကျင် ကြာမြင့်ပြီး ဒေါက်တာ ဆိတ်ဖွား ဟုတ်မဟုတ်အား ကြားနာခံရသူများကို မေးမြန်းကြကြောင်း ဦးကျော်မင်းဆွေက ဆိုသည်။

“အဓိက ကတော့ ဆိတ်ဖွား ဘယ်သူလဲဆိုတာ မေးတာဘဲ။ ကျနော်တို့လည်း မသိပါဘူး။ တော်တော်များများ လည်း မသိပါဘူး ပြောကြတယ်” ဟု ၎င်းက ပြောသည်။

ကြားနာမှုတွင် ဒေါက်တာဆိတ်ဖွား စုံစမ်းစစ်ဆေးမှုကော်မရှင်မှ လွှတ်တော်ကိုယ်စားလှယ် ဆယ့်ခုနှစ်ဦး ပါဝင်ပြီး ကြားနာခံရသူများထဲတွင် တရားဥပဒေဆိုင်ရာ ပုဂ္ဂိုလ်များနှင့် အခြား အထင်ကရပုဂ္ဂိုလ်များ ပါဝင်ကြောင်း သိရသည်။

ထိုစုံစမ်းစစ်ဆေးမှု ပြုလုပ်ခြင်းအား ဦးကျော်မင်းဆွေက “အခုပြည်ထောင်စု လွှတ်တော်က ကိုယ်စားလှယ်တွေကို ဒီကိစ္စ တခုတည်းနဲ့အချိန်မကုန် စေချင်ဘူး” ဟု မှတ်ချက်ပြု ပြောကြားသည်။

အင်တာနက်စာမျက်နှာမှ လွှတ်တော်သည် ဥပဒေအထက်တွင် ရှိသလား သဘောရသည့် ဆောင်းပါးကြောင့် ယင်းဝက်ဆိုက် ရေးသားသူ ဒေါက်တာဆိတ်ဖွားဆိုသူအား ယခု လွှတ်တော် အပြီးတွင် ဖော်ထုတ်နိုင်ရန်ကြိုးပမ်းသွားမည်ဟု စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲဝင် တဦးက ဂျာနယ်နှင့် တွေဆုံစဉ်ကပြောကြားခဲ့သည်။

ဒေါက်တာဆိတ်ဖွားအား သိရှိနိုင်သည်ဟု ထင်မှတ်၍ မေးမြန်းခံရသူများမှာ Eleven Media Group မန်နေဂျာဒေါက်တာသိန်းမြင့်၊ ဒေါက်တာဆိတ်ဖွား ဆောင်းပါးများကို ကူးယူဖော်ပြဖူးသည့် The Street View ဂျာနယ် အကြံပေး ခင်မောင်ညို (ဘောဂဗေဒ)၊ ဆက်သွယ်ရေး ဒုဝန်ကြီး ဦးသောင်းတင် တို့လည်း ပါဝင်ကြကြောင်း သိရသည်။

ဒေါက်တာ ဆိတ်ဖွားသည်  “လွှတ်တော် ဥက္ကဋ္ဌနှင့် အပေါင်းအပါများ”၊ “ဥပဒေအထက်တွင် လွှတ်တော်ရှိ သလား” ဆိုသည့် လွှတ်တော် ဝေဖန်ရေး ဆောင်းပါးများကို ရေးသားခြင်းကြောင့် ထို ဒေါက်တာဆိတ်ဖွား စာမျက်နှာအား ရေးသားသူကို ဖော်ထုတ်ရန် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာစိုးရင်က အရေးကြီးအဆို တင်သွင်းခဲ့ပြီး လွှတ်တော်မှ အဖွဲ့ဝင် ၁၇ ဦးပါ ကော်မရှင်ဖွဲ့ကာ စစ်ဆေးလျက်ရှိသည်။ 





ဆက်သွယ်ရေး အရာရှိ တချို့ ပြန်လွှတ်ပေးပြီ

ပြီးခဲ့သည့်ဇန်န၀ါရီလ ၁၇ ရက်က  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ၊ အင်ဂျင်နီယာချုပ်၊ အရာရှိ များအပါအ၀င် အဆင့်မြင့် အရာရှိကြီးများကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ပြီး မကြာခင် ရက်ပိုင်းအတွင်းက ၇ ဦးကို တရားသေပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။ သတင်းအချက်အလက်နှင့် နည်းပညာ ဌာနမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးရဲနိုင်မိုးက“ သူတို့ အကုန်လုံး ပုံမှန်ပြန် အလုပ်လုပ်နေကြပါပြီ၊ တရားခွင် မဝင်ရသေးဘဲ ပြန်လွှတ်လိုက်တာ ဟုတ်မဟုတ် မသိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ နေပြည်တော် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန မှ တာဝန်ရှိသူ တချို့ထံသို့ ဧရာဝတီမှ ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိခဲ့ပေ။ ဆက်သွယ်ရေးအရာရှိများကို မိုဘိုင်းဖုန်းဆင်းကဒ်များ၊ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများ ချထားပေးခဲ့ရာတွင် ဌာနတွင်း အကျင့် ပျက်ခြစားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများ ကျူးလွန်ခဲ့မှုရှိမရှိ စစ်ဆေးခဲ့ ခြင်းဖြစ်ကြာင်း သိရသည်။




မြန်မာ့ ပျမ်းမျှလူ့သက်တမ်း မြင့်တက်လာစေရန် ရည်ရွယ်လုပ်ဆောင်နေ 

မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေး စီမံချက်၏ တစိတ်တပိုင်း အဖြစ် မြန်မာနိုင်ငံသားများ
၏ ပျမ်းမျှသက်တမ်းကို ၂၀၃၁ ခုနှစ်တွင် ၇၅ မှ ၈၀ နှစ်အထိ မြင့်တက်လာစေရေးအတွက် ကြိုးပမ်းရန် အစိုးရက ရည်ရွယ်ထားသည်ဟု ကျန်းမာရေး ဝန်ကြီးဌာနမှ တဆင့် သိရသည်။၂၀၀၁ ခုနှစ်တွင် မှတ်တမ်းတင်ထားသည့် စာရင်းအရ မြန်မာနိုင်ငံသားများ၏ ပျမ်းမျှသက်တမ်းမှာ ၆၀ မှ ၆၄ နှစ်သာ ဖြစ်သည်။မတ်လ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဆွေးနွေးပွဲတွင် ကျန်းမာရေး ဝန်ကြီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော် က မြန်မာနိုင်ငံ တဝှမ်းလုံးတွင် ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ၌ အဘက်ဘက်တွင် တိုးတက်လာရန် လိုအပ်ကြောင်း ပြောဆိုရင်း ပျမ်းမျှသက်တမ်း တိုးမြှင့်ရေးကို လုပ်ဆောင်မည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။

“အဲဒီရည်မှန်းချက်ကို ပြည့်မီဖို့ အတွက် ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို မြှင့်တင်ဖို့နဲ့ လူစုလူဝေးတွေ ထဲမှာ ဖြစ်တတ်တဲ့ ရောဂါတွေ အကြောင်းနဲ့ ပတ်သတ်ပြီး သတိထား နိုးကြားမှု မြင့်တက်လာအောင် လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ဒေါက်တာ ထွန်းဇော်က ဆိုသည်။

မြန်မာနိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှုနှင့် ငတ်မွတ်မှုများကို ထက်ဝက်လျှော့ချရန်၊ ကလေးသူငယ်
သေဆုံးမှုနှုန်းနှင့် ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှုန်းကို လျှော့ချရန် နှင့် အဆုတ်ရောဂါနှင့် HIV/AIDS ကဲ့သို့သော ကူးစက်ရောဂါ ဖြစ်ပွါးမှုများကို လျှော့ချနိုင်ရန်အတွက် အစိုးရက နိုင်ငံတကာ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ 




မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်း ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေး ကျင်းပမည်

မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်း၏ ပထမအကြိမ်အထွေ ထွေမျက်နှာစုံညီ အစည်းအဝေး ကျင်းပမည် ဖြစ်ကြောင်း သိရသည်။အဆိုပါ အစည်းအဝေးကို မတ်လ ၁၆ ရက်နေ့၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (RUMFCCI) တွင် ကျင်းပသွားမည် ဖြစ်ရာ အသင်းဝင်ပြီးသော ပုဂ္ဂလိက ဆေးရုံများနှင့် အကြောင်းကြောင်းကြောင့် အသင်းမဝင်ရသေးသော ပုဂ္ဂလိက ဆေးရုံများ အားလုံးကို ဖိတ်ခေါ်ထားကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ပုဂ္ဂလိကဆေးရုံကို တိုက်ရိုက် ကိုယ်စားပြုသူ (သို့) ဆုံးဖြတ်ပိုင်ခွင့်ရှိသူ ဆေးရုံပိုင်ရှင်၊ ဆေးရုံအုပ် စသည်ဖြင့် ဆေးရုံတစ်ရုံလျှင် နှစ်ဦးနှုန်း တက်ရောက်နိုင်ကြောင်း သိရသည်။ထို့အပြင် အစည်းအဝေး ကျင်းပမည့်ရက်တွင် မှတ်ပုံတင်ခြင်း၊ အသင်းဝင်ကဒ်နှင့် လက်မှတ်ထုတ်ပေးခြင်း၊ အသင်းဝင်အသစ် လက်ခံခြင်း၊ အသင်းရုံးခန်း ဖွင့်လှစ်ခြင်း၊ ၂ဝ၁၂ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာ တင်သွင်းခြင်း၊ ၂ဝ၁၃ ခုနှစ်အတွက် အဆိုပြုလွှာများ ဆွေးနွေးအတည်ပြုခြင်း စသည့် အစီအစဉ်များကို ထည့်သွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။




မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်းတွင် အသင်းဝင် ဆေးရုံပေါင်း ၁၆၅ ရုံရှိပြီး ပုဂ္ဂလိက ဆေးရုံများနှင့် ပတ်သက်သည့် လိုအပ်ချက်နှင့် ကိစ္စရပ်များ ရှိလာပါက တိုင်ပင်ဆွေးနွေးပေးမည် 

မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများ အသင်းတွင် အသင်းဝင်ဆေးရုံပေါင်း ၁၆၅ ရုံရှိပြီး ပုဂ္ဂလိကဆေးရုံများနှင့် ပတ်သက်သည့် လိုအပ်ချက်များနှင့် ဥပဒေဆိုင်ရာ ကိစ္စရပ်များ ရှိလာပါက တိုင်ပင်ဆွေးနွေး ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း အနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသည့် ကျန်းမာရေး မူဝါဒနှင့်အညီ ပုဂ္ဂလိက ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို မြင့်တင်ပေးရန်၊ အများပြည်သူတို့၏ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်များကို ပုဂ္ဂလိကကဏ္ဍမှ ပိုမိုထိရောက်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ပုဂ္ဂလိက ဆေးရုံများ အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အများပြည်သူအတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းကို မြင့်တင်ဆောင်ရွက်ပေးရန် စသည့်ရည်ရွယ်ချက်များဖြင့် တည်ထောင်ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ပုဂ္ဂလိက ဆေးရုံများ၏ အရည်အသွေး အဆင့်အတန်းကို ထိန်းသိမ်းမြင့်တင်ပေးရန်နှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်ရေး လုပ်ငန်းများ အရည်အသွေးမြင့်တင် ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများ၊ သတင်းနှင့် စာနယ်ဇင်းအဖွဲ့များနှင့် အတူတကွ ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်ရန်လည်း ရည်ရွယ်ကြောင်း သိရသည်။
''အသင်းက အများအကျိုးအတွက် ရည်ရွယ်ပြီး ဖွဲ့ထားတဲ့ အများပိုင်အဖွဲ့အစည်း ဖြစ်တဲ့အတွက် အများနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေကို အဓိက လုပ်ဆောင်သွားမှာပါ။ တစ်ဦးချင်း တစ်ယောက်ချင်းအတွက် လုပ်ပေးမှာ မဟုတ်သလို တစ်ဦးတစ်ယောက်ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းလည်း မဟုတ်ပါဘူး။ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်းနဲ့ ပတ်သက်ပြီး ဆေးရုံဆေးခန်းတွေမှာ လိုအပ်နေတာတွေကို တိုင်ပင်ဆွေးနွေးပြီး အကြံဥာဏ်တွေ ပေးသွားမယ်။ ဆေးပညာနဲ့ ပတ်သက်တဲ့ သင်ကြားရေးတွေကိုလည်း ပြည်ပနိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်။ မြန်မာနိုင်ငံမှာက ကျန်းမာရေးနဲ့ ပတ်သက်တာတွေ အများကြီး လိုအပ်နေသေးတယ်။ ပြည်ပနိုင်ငံတွေနဲ့ယှဉ်ရင် နည်းပညာ၊ အတတ်ပညာတွေနဲ့ ကျွမ်းကျင်မှုတွေ အားနည်းနေသေးတယ်။ ပုဂ္ဂလိက ကျန်းမာရေး ကဏ္ဍကို မြင့်တင်ဖို့၊ အသစ်သစ်သော ရင်းနှီးမြုပ်နှံမှုတွေ အများကြီးလုပ်ဖို့ လိုနေတဲ့အတွက် အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းလုပ်ဆောင်ဖို့ လိုပါတယ်။ နောက်ဆေးရုံတွေနဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေ၊ ပြသနာတွေ ရှိလာရင် အသင်းမှာ လာရောက်ဆွေးနွေးနိုင်ပြီး အကြံဥာဏ်တွေ ယူနိုင်တယ်။ ဒါပေမယ့် ဖြစ်တဲ့ပြသနာတွေ ကြားမှာတော့ အသင်းအနေနဲ့ ပါဝင်ပတ်သက်မှာ မဟုတ်ပါဘူး'' ဟု မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်း ဥက္ကဋ္ဌ ဒေါက်တာရဲမိုးမြင့်က ပြောပြခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်း အထွေထွေ မျက်နှာစုံညီ အစည်းအဝေးကို ၂ဝ၁၂ ခုနှစ်၊ မတ်လ ၂ ရက်က ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မင်္ဂလာခန်းမတွင် ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် အသင်း၏ ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းများကို အများသဘောဖြင့် အတည်ပြုခဲ့ကြောင်း၊ အထက်မြန်မာပြည် အောက်မြန်မာပြည်မှ အလုပ်အမှုဆောင် ၃၂ ဦးအနက်မှ ဗဟိုအလုပ်အမှုဆောင် ၁၅ ဦးကို ရွေးချယ်ခဲ့ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံအသင်း (ရန်ကုန်) ကို ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင်လည်းကောင်း၊ ပုဂ္ဂလိက ဆေးရုံအသင်း (မန္တလေး) ကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင်လည်းကောင်း ဖွဲ့စည်းခဲ့ကြောင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နိုင်ရန် အတွက် မြို့ကြီးနှစ်မြို့၏ သဘောတူညီချက်ဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသင်းဖွဲ့ရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများ အသင်းကို အမှတ် (၂၉)၊ အခန်းနံပါတ် (၁၁ဝ၄)၊ ၁ဝထပ်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (RUMFCCI) တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။


NLABR
Web-site: 			www.nlabr.com
Facebook: 			Sa Maung
Facebook: 			Miraculous Master For English Language

တနိုင်ငံလုံးတွင် စစ်တပ်မှ အကြောင်းအမျိုးမျိုးပြ သိမ်းယူထားသော မြေဧက ၂ သိန်းခွဲနီးပါး ရှိကြောင်း လွှတ်
တော်မှ ဖွဲ့စည်းပေးထားသည့် လယ်ယာမြေစုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၄ ရက်နေ့အထိ လွှတ်တော်စုံစမ်းရေး ကော်မရှင်သို့ စစ်တပ်နှင့်သက်ဆိုင်သော တင်ပြတိုင်ကြားစာပေါင်း ၅၆၅ စောင်ရှိပြီး စစ်တပ်သိမ်းမြေ ဧကပေါင်း ၂၄၇၀၇၇. ၆၀ ရှိကြောင်း ယင်းကော်
မရှင်၏ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသော အစီရင်ခံစာတွင် ပါရှိသည်။
လယ်ယာမြေနှင့် တခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး အတွက် စုံစမ်းရေး
 ကော်မရှင်သည် စုံစမ်းတွေ့ရှိချက်များ၊ သုံးသပ်ချက်များနှင့် အကြံပြုချက်များကို အနှစ်ချုပ်၍ အစီရင်ခံစာ အပိုင်း ၁ ကို ရေးသားပြုစုခဲ့ကာ စစ်တပ်မြေ သိမ်းမှုနှင့် ပတ်သက်သော ယင်းအစီရင်ခံစာကို ၂၀၁၃ ခုနှစ်
 ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရန် သဘောတူ ဆုံးဖြတ်ခဲ့သည်။

တပ်မတော်မှ သိမ်းဆည်းထားသော လယ်မြေများအကြောင်းကို လွှတ်တော်သို့ ပထမဆုံးတင်ပြရခြင်းမှာ အမှုကိစ္စအားဖြင့် အရှုပ်အရှင်း နည်းခြင်း၊ အချက်အလက် ပြည့်စုံခြင်းနှင့် တပ်မတော်မှ သိမ်းဆည်းထား

သောမြေဟု ထင်ရှားခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် ကော်မရှင်
အဖွဲ့ဝင်လည်းဖြစ်သူ ဦးဖေသန်းက ပြောသည်။

ကော်မရှင်၏ စုံစမ်းစစ်ဆေးတွေ့ရှိချက် များအရ စစ်တပ်မြေ သိမ်းမှုများတွင် အမိန့်ညွှန်ကြားချက်နှင့် မညီ

သော ကိစ္စရပ်များ ပါဝင်နေခြင်း၊ လိုအပ်သည်ထက်ပို၍ သိမ်းဆည်းထားခြင်း၊ တပ်မြေနှင့် တိုက်ရိုက် မသက်
ဆိုင်သော နေရာများကို သိမ်းဆည်းထားခြင်း၊ ပိုမိုသိမ်းဆည်းထားသော စိုက်ပျိုးမြေပေါ်တွင် မူလလယ်လုပ်
ပိုင်ခွင့်ရ တောင်သူကို သီးစားခရယူ အငှားချထားပြီး တပ်ရင်းတပ်ဖွဲ့မှ ကိုယ်တိုင်စိုက်ပျိုးမှု မရှိခြင်း၊

 မြေယာလျော်ကြေး သီးနှံလျော်ကြေးများကို သိမ်းဆည်းစဉ်က ကာလတန်ဖိုး ပေါက်ဈေးနှင့် ညီညွတ်မျှတ
စွာ ပေးလျော်မှုမရှိခြင်း၊ ကြက်ဆူစိုက်ပျိုးရေးကို အကြောင်းပြု၍ မြေယာများ သိမ်းဆည်းထားပြီး စီမံကိန်း
ပျက်ပြယ် သွားသော်လည်း မြေများကို စွန့်လွှတ်ခြင်းမပြုဘဲ သီးစားချထားခြင်း၊ မြေနုကျွန်းများကို စိုက်ပျိုး
ခွင့် လျှောက်၍ တောင်သူများကို သီးစားချခြင်း၊

 လယ်ယာမြေလျော်ကြေး၊ အိမ်ပြောင်းရွှေ့စရိတ်နှင့် သီးနှံ လျော်ကြေးများ ပေးရာတွင် တပ်ရင်းတပ်ဖွဲ့တ
ခုနှင့်တခု မတူညီဘဲ နှုန်းထားအမျိုးမျိုး ဖြစ်နေခြင်း၊ စည်းကမ်းသတ်မှတ်ချက်နှင့် အညီ သိမ်းဆည်းခဲ့သော်
လည်း အချိန်ကာလ သတ်မှတ်ချက်နှင့်အညီ လုပ်ငန်းများ ပြီးစီးစေရန် ဆောင်ရွက်မှု မရှိခြင်းနှင့် မြေသိမ်း အမှုတွဲများရှိ မြေသိမ်းခံ ပြည်သူများ၏ ထိုးမြဲလက်မှတ် တချို့သည် အစစ်အမှန်မဟုတ်ကြောင်း တွေ့ရှိ
ရခြင်းတို့ ပါဝင်သည်။

“ပတောင်းမှာ စစ်တပ်က ကပစ စက်ရုံအတွက် အကြောင်းပြ မြေသိမ်းတယ်။ပွင့်ဖြူမှာကျတော့ဝါစိုက်ပျိုးရေး

ဆိုပြီး အကြောင်းပြ သိမ်းတယ်။ ဘယ်လိုပဲ သိမ်းသိမ်း စီမံကိန်းက အခုအချိန်မှာ အကောင်အထည် မပေါ်
တော့ဘူးလို့သုံးသပ်လို့ရတယ်။ လိုအပ်တာထက် ပိုသိမ်းထားတာရယ်၊ အကောင်အထည် ဖော်မပေးနိုင်တာ
တွေ ရှိတဲ့အတွက် လယ်ယာမြေပုဒ်မ ၃၁ အရ ခွင့်ပြုပေးထားတဲ့ ၆ လအတွင်း လုပ်ငန်းမလုပ်နိုင်ရင် လယ်
သမားကို ပြန်ပေးရမယ်ဆိုတာ ရှိတဲ့အတွက် အခု ကျနော်တို့ လယ်သမားတွေ လယ်မြေပြန်ရဖို့ ကြိုးစားနေ
ကြတယ်” ဟု လယ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူ ဦးဟန်ရှင်ဝင်းက ပြောသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ

ထားသော ဗဟို မြေယာစီမံခန့်ခွဲမှု ကော်မတီသည် အလုပ်မလုပ်သောကြောင့် မြေယာဥပဒေနှင့် နည်းဥပ
ဒေတို့မှာ အသက်မ၀င် ဖြစ်နေ ရကြောင်း၊ ပြဿနာများကို အချိန်မီ ဖြေရှင်းမပေးနိုင်ပါက ပိုမိုရှုပ်ထွေးလာပြီး မအူပင် လယ်သမားကိစ္စကဲ့သို့ ပဋိပက္ခ ပိုကြီးထွား လာနိုင်ကြောင်း ဦးဟန်ရှင်ဝင်းက သုံးသပ်ပြောဆိုသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်မှ သိမ်းဆည်းထား

သည့် လယ်ယာမြေ များအနက် အသုံးပြုခြင်း မရှိသေးသည့် မြေများကို တောင်သူလယ်သမားများ ထံသို့
 ပြန်လည်ပေးသွားမည်ဟု ပြည်ထောင်စုနေ့ ညစာစားပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ တောင်သူလယ်
သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌသို့ ပြောကြားခဲ့ကြောင်း သိရသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် လယ်မြေကိစ္စ တွေ့ဆုံဆွေးနွေးခဲ့သူ ပြည်သူ့လွှတ်တော် ကိုယ်စား

လှယ် ဦးဖေသန်းက “ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြီးခဲ့တဲ့လ ၂၈ ရက်နေ့မှာ တွေ့ပြီးပြီ။ သူပြော
တာကတော့ တပ်နဲ့ ဝေးတဲ့နေရာ တွေမှာ သူတို့သိမ်းထား တာတွေကို ပြန်ပေးမယ်။ 

လယ်သမားတွေကို သီးစား ချထားခွင့် မရှိဘူးဆိုပြီး သူတို့ ညွှန်ကြား ချက်တွေ ထုတ်ပြီးသားတဲ့။ ကိုယ်တိုင်
လုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်ရင် လယ်သမားတွေကို ပြန်ပေးဖို့ ပြောပြီးပြီတဲ့။ နစ်နာကြေး တွေကိုလည်း စဉ်း
စားပြီး ပြန်ပေးမယ်လို့ ပြောတယ်” ဟု ရှင်းပြသည်။သိမ်းဆည်းထားသည့် မြေကို သိမ်းဆည်းစဉ်က မူလကြံ
ရွယ်ချက်နှင့်အညီ အသုံးမပြုပါက သက်ဆိုင်ရာ ပိုင်ရေးဆိုင်ခွင့် ရှိသူများကို ပြန်လည်ပေးအပ်ရန် သို့မဟုတ်
 နိုင်ငံတော်အား ပြန်လည်ပေးအပ်ပြီး နိုင်ငံတော်မှသာ စီမံခန့်ခွဲမှု ပြုသင့်ကြောင်း ကော်မရှင်က သုံးသပ်
ထားသည်။

လယ်မြေသိမ်းဆည်းမှုများတွင် ဋ္ဌာနဆိုင်ရာများသည်လည်း မြေသိမ်းဆည်းခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပ

ဒများနှင့်အညီ ဆောင်ရွက်ခဲ့မှု မရှိခြင်း၊ လျှို့ဝှက်အဆင့်မရှိသော စာရင်းဇယား အထောက်အထား စာ
ရွက်များ ပြသရန် တောင်းခံရာ ပြည့်စုံစွာ တင်ပြနိုင်မှု မရှိခြင်း၊ တိုင်ကြားစာပါ နယ်မြေများသို့ ကွင်းဆင်း
သည့်အခါ သက်ဆိုင်ရာ ဌာနများက မိမိတို့နှင့် မသက်ဆိုင်သကဲ့သို့ ပြုမှုခြင်းနှင့် မြေသိမ်းဆည်းခံရသည့် ဋ္ဌာန၊ အဖွဲ့အစည်းများနှင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများသည် ဖြေရှင်း ဆောင်ရွက်ရမည့် ပြဿနာအပေါ် တာ
ဝန်ယူမှု၊ တာဝန်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းတို့ တွေ့ရှိရကြောင်း ကော်မရှင်က ဆိုသည်။

မြေသိမ်းခံရသော အကြောင်းရင်း ၆ ခုမှာ မြို့ပြများ တိုးချဲ့ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊ စက်

မှုဇုန်များ တိုးချဲ့ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊ တပ်မတော်တပ်ရင်း တပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်း
ရာတွင်တပ်မြေအဖြစ် သိမ်းဆည်းခြင်း၊ နိုင်ငံတော်ပိုင် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ရေး အတွက် သိမ်း
ဆည်းခြင်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေး စီမံကိန်းများ ဆောင်ရွက်ရန် ပုဂ္ဂလိက ကုမ္ပဏီများသို့ မြေနေရာ ချ
ထားပေးရာတွင် တောင်သူလယ်သမားများ လက်ရှိ လုပ်ကိုင်နေသည့် လယ်ယာမြေများ ပါရှိသွားခြင်းတို့
 ဖြစ်သည်။


RND: 5.3.2013
Sa Maung

0 comments:

Post a Comment