Pages

Sunday, February 9, 2014

ပြင်သစ်ရထားတစီးပေါ် ကျောက်တုံးပြုတ်ကျမှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံး

Photo: ပြင်သစ်ရထားတစီးပေါ် ကျောက်တုံးပြုတ်ကျမှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံး
Sunday, February 9, 2014

ပြင်သစ်နိုင်ငံက အဲ့လ်ပ်စ် တောင်တန်းဒေသမှာ ဖေဖော်ဝါရီလ ၈ ရက်နေ့က ရထားတစီး ဖြတ်မောင်းနေစဉ် တောင်ပေါ်က ကျောက်တုံးကြီး တတုံးပြုတ်ကြလာတာကြောင့် ရထားကို ထိမှန်ခဲ့လို့ လူ ၂ ယောက်သေဆုံးခဲ့ပါတယ်။

မတော်တဆမှုကြောင့် တခြား လူ ၉ ယောက်ဒဏ်ရာရပြီး တယောက်ကတော့ ဒဏ်ရာပြင်းထန်ပါတယ်။ ရထားတွဲ တတွဲကတော့ တောင်စောင်းအစွန်းကနေ ပြုတ်ကျခဲ့တယ်လို့ ဒေသခံ အရာရှိတွေကပြောပါတယ်။

ကမ္ဘာလှည့်ခရီးသည်တွေကြား ကျော်ကြားတဲ့ ပြင်သစ်အရှေ့တောင်ဘက်က ရွာတွေကြား ပြေးဆွဲတဲ့ ရထားဟာ ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက်က ခုလိုဖြစ်တာလို့ အရာရှိတွေက ပြောပါတယ်။

တောင်ပေါ်ကကျလာတဲ့ ကျောက်တုံးကြီးဟာ တန်ချိန် ၂၀ လောက် လေးပြီး ရထားရဲ့ဘေးကို ထိမှန်ခဲ့တာလို့ ဒေသခံ အရာရှိက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ သေဆုံးသူ ၂ ယောက်ဟာ ဒေသခံပြင်သစ် အမျိုးသမီးတယောက်နဲ့ ရုရှ ခရီးသည် အမျိုးသမီးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျောက်တုံးကြီး ဘာကြောင့် ပြုတ်ကျလာတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒေသတွင်းမှာတော့ တောင်ပေါ်ကနေ ကျောက်တုံးတွေ ကျတာကို ကာကွယ်ဖို့ ပိုက်ကွန်တွေကို ဆင်ထားပြီးသားပါ။ တောင်ထူဒေသမှာ နှင်းတွေ ဖုံးနေလို့ ကနဦး ကယ်ဆယ်ရေး အားထုတ်ချက်တွေ နှောင့်နှေးနေပါတယ်။

DVB

RangonNewsDaily: February . 9 .2014
ပြင်သစ်နိုင်ငံက အဲ့လ်ပ်စ် တောင်တန်းဒေသမှာ ဖေဖော်ဝါရီလ ၈ ရက်နေ့က ရထားတစီး ဖြတ်မောင်းနေစဉ် တောင်ပေါ်က ကျောက်တုံးကြီး တတုံးပြုတ်ကြလာတာကြောင့် ရထားကို ထိမှန်ခဲ့လို့ လူ ၂ ယောက်သေဆုံးခဲ့ပါတယ်။ မတော်တဆမှုကြောင့် တခြား လူ ၉ ယောက်ဒဏ်ရာရပြီး တယောက်ကတော့ ဒဏ်ရာပြင်းထန်ပါတယ်။ ရထားတွဲ တတွဲကတော့ တောင်စောင်းအစွန်းကနေ ပြုတ်ကျခဲ့တယ်လို့ ဒေသခံ အရာရှိတွေကပြောပါတယ်။

ကမ္ဘာလှည့်ခရီးသည်တွေကြား ကျော်ကြားတဲ့ ပြင်သစ်အရှေ့တောင်ဘက်က ရွာတွေကြား ပြေးဆွဲတဲ့ ရထားဟာ ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက်က ခုလိုဖြစ်တာလို့ အရာရှိတွေက ပြောပါတယ်။

တောင်ပေါ်ကကျလာတဲ့ ကျောက်တုံးကြီးဟာ တန်ချိန် ၂၀ လောက် လေးပြီး ရထားရဲ့ဘေးကို ထိမှန်ခဲ့တာလို့ ဒေသခံ အရာရှိက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ သေဆုံးသူ ၂ ယောက်ဟာ ဒေသခံပြင်သစ် အမျိုးသမီးတယောက်နဲ့ ရုရှ ခရီးသည် အမျိုးသမီးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျောက်တုံးကြီး ဘာကြောင့် ပြုတ်ကျလာတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒေသတွင်းမှာတော့ တောင်ပေါ်ကနေ ကျောက်တုံးတွေ ကျတာကို ကာကွယ်ဖို့ ပိုက်ကွန်တွေကို ဆင်ထားပြီးသားပါ။ တောင်ထူဒေသမှာ နှင်းတွေ ဖုံးနေလို့ ကနဦး ကယ်ဆယ်ရေး အားထုတ်ချက်တွေ နှောင့်နှေးနေပါတယ်။

DVB , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment