Pages

Sunday, February 9, 2014

ဇီဝိတဒါနအသင်း အမဲသားသတ်လိုင်စင် ဝယ်ယူရန်တောင်းခံ

RangonNewsDaily: February . 9 .2014
ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် အမဲသား သားသတ်လိုင်စင်ကို လေးမျက်နှာ မြို့နယ်လုံးဆိုင်ရာ ဇီဝိတဒါန ကျွဲ၊ နွား အသက်ကယ်အသင်းက ဝယ်ယူရန် တောင်းခံထားကြောင်း ဟင်္သာတခရိုင် စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်က ပြောကြားသည်။ တလုတ္ထော်တိုက်နယ်၊ ဓမ္ဘီတိုက်နယ်တို့မှ ဒေသခံများကလည်း အမဲသားသတ် လိုင်စင်များကို သားသတ် လုပ်ငန်းရှင်များထံ ရောင်းချခြင်း မပြုရန်နှင့် ကျွဲ၊ နွား အသက်ကယ်အသင်းကို ရောင်းချရန် တင်ပြ တောင်းဆိုထားသဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားရသည်ဟု ၎င်းကဆိုသည်။

သားသတ် လိုင်စင်များကို လုပ်ငန်းရှင်များထံ နှစ်စဉ်ရောင်းချခဲ့ရာ အမဲသတ်လိုင်စင် ရရှိထားသူများမှာ သတ်မှတ်စည်းကမ်းနှင့် ကိုက်ညီမှု မရှိသည့် နွားများကို သတ်ဖြတ်မှုများ ရှိခဲ့ပြီး နွားမှောင်ခို များကိုလည်း နယ်ကျော် သယ်ဆောင်ခဲ့ကြကြောင်း လေးမျက်နှာ မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။

ဇီဝိတဒါန အသက်ကယ် အသင်းကို လိုင်စင် ချထားပေးခြင်းဖြင့် ခိုင်းနွားရှားပါးမှု၊ နွားမျိုးတုံးမှုကို တစ်ဖက်တစ်လမ်းမှ ကူညီ ဆောင်ရွက်ပေးသည့် သဘောဖြစ်သောကြောင့် သက်ဆိုင်ရာကလည်း ခွင့်ပြုပေးသင့်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

လေးမျက်နှာမြို့နယ်အတွင်း အမဲသား သတ်လိုင်စင်နေရာ ငါးခုအတွက်၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်က ကျပ်သိန်း နှစ်ရာကျော်ဖြင့် လုပ်ငန်းရှင်များက ဝယ်ခဲ့ကြောင်း၊ ယခုနှစ် လိုင်စင်ကြေးကို ထကဝက်နှုန်း လျှော့ချပေးရန်နှင့် ဇီဝိတဒါန ကျွဲ၊ နွား အသက်ကယ် အသင်းကို ချထားပေး တင်ပြ တောင်းခံထားကြောင်း၊ လိုင်စင်ဆွဲဝယ်မည့် ကုန်ကျငွေကို ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းလျှင် ကျပ်တစ်သိန်းမှ ကျပ်သုံးသိန်းအထိ ထောက်ပံ့သည့်အပြင် လူပုဂ္ဂိုလ် များကလည်း ရာသက်ပန်မတည် ငွေများ ထည့်ဝင် လှူဒါန်းခဲ့ကြသည်ဟု ဇီဝိတဒါန ကျွဲ၊ နွား အသက်ကယ်အသင်း အလုပ်အမှုဆောင် ဦးဝင်းခိုင်စိုးက ပြောကြားသည်။

ကျွဲ ၊ နွားရှားပါးမှု မဖြစ်ပွားရေး၊ စည်းကမ်းမဲ့ သတ်ဖြတ်မှု မခံရရေး၊ ကျွဲ၊ နွား မှောင်ခိုလျော့နည်း ပပျောက်စေရေးအတွက် ဆရာတော် သံဃာတော်များ၊ မြို့မိမြို့ဖများ၏ အကြံပြုချက် အတိုင်း ဆောင်ရွက်မည်ဖြစ်ရာ လေးမျက်နှာမြို့နယ်ရှိ ကျေးရွာ အုပ်စုပေါင်း ၄၆ အုပ်စုမှ ဒေသခံများနှင့် သံဃာတော်အပါး ၂၀၀ ကျော် ပါဝင်သည့် ဇီဝိတဒါန အသက်ကယ် အသင်း၏ တွေ့ဆုံ ဆွေးနွေးပွဲကိုလည်း ဖေဖော်ဝါရီ ၈ ရက်နေ့က ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

ဟင်္သာတခရိုင် မြို့နယ်ခြောက်မြို့နယ်တွင် ကျန်းမာရေး ကောင်းမွန်ပြီး သန်မာသည့် ခိုင်းနွားများကို နွားမှောင်ခိုများက ဈေးကောင်း ပေးဝယ်ယူကာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးအတွင်းသို့ ဧရာဝတီ မြစ်လမ်းကြောင်းမှတစ်ဆင့် သယ်ဆောင်လျက်ရှိရာ ခုနစ်ရက် တစ်ပတ်လျှင် နွားကောင်ရေ တစ်ထောင်ကျော် ရှိကြောင်း အမဲသားသတ် လိုင်စင်လုပ်ငန်းနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

The Voice  , kolatt(PBDN)
RangonNewsDaily



မှတ်ချက် --   --အမဲသားသတ်လိုင်စင် ဝယ်ယူရန်တောင်းခံနေတုန်း တရုတ်ပြည်ထဲ ကျွဲ၊ နွား တွေ မှောင်
ခိုလမ်းကြောင်းကနေအများကြီးရောက်ကုန်ပြီ
 

0 comments:

Post a Comment