Pages

Sunday, February 9, 2014

ဆော်ဒီအာရေဗျနိုင်ငံ မဒီနာမြို့တွင် မီးလောင်မှုဖြစ်ပွား

ဓာတ်ပုံ - ရိုက်တာ

RangonNewsDaily: February . 9 .2014
ဆော်ဒီအာရေဗျနိုင်ငံက မဒီနာမြို့ ဟိုတယ်တလုံးတွင် ဖေဖော်ဝါရီ ၈ ရက်နေ့က မီးလောင်ခဲ့လို့ အနည်းဆုံး လူ ၁၅ ယောက် သေဆုံးပြီး အယောက် ၁၃၀ လောက် ဒဏ်ရာရတယ်လို့ ဆော်ဒီအာရေဗျ အစိုးရ သတင်း
ဌာနက ဆိုပါတယ်။
သေဆုံးသူ ၁၅ ယောက်လုံးက အီဂျစ်နိုင်ငံသားတွေ ဖြစ်ပြီးမီးက လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာကစတင် လောင်
ကျွမ်းတာလို့ အီဂျစ်အစိုးရ ရုပ်သံက သီးခြား အစီရင်ခံပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက ၂ နာရီကြာအောင် မီးငြိမ်းသတ်ခဲ့ရပြီး ကြိုတင် ကာကွယ်ရေးအနေနဲ့ အနားကဟို
တယ်တလုံးက လူတွေကို ဘေးလွတ်ရာ ကယ်ထုတ်ခဲ့ရတယ်လို့ ဆော်ဒီ အာရေဗျ အစိုးရ သတင်းဌာနက အစီရင်ခံပါတယ်။

မီးလောင်မှုဖြစ်ပွားစဉ်က ဟိုတယ်မှာ အယောက် ၇၀၀ လောက် နေထိုင်တယ်လို့ ဆိုပါတယ်။

M-Media ,  kolatt(PBDN)
RangonNewsDaily


0 comments:

Post a Comment