Pages

Sunday, February 9, 2014

ရုရှားနိုင်ငံ ဆိုချီမြို့သို့ သွားသော လေယာဉ်ပြန်ပေးဆွဲခံရမှုတားဆီးနိုင်

Photo: ဆိုချီလေယာဉ်ပြန်ပေးဆွဲမှုတားဆီးနိုင်
Sunday, February 9, 2014

တူရကီနိုင်ငံ၌ သောကြာနေ့တွင် ခရီးသည်လေယာဉ်တစ်စင်းပေါ် ဗုံးတစ်လုံးပါကြောင်း ခြိမ်းခြောက်ပြီး ပြန်ပေးဆွဲ၍ ယင်းနေ့၌စတင်သည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကျင်းပရာ ရုရှားနိုင်ငံ ဆိုချီမြို့သို့ လမ်းကြောင်းပြောင်းပျံသန်းစေခြင်းကို တားဆီးနိုင်ခဲ့ကြောင်း၊ လေယာဉ်သည် ခရီးစဉ်အတိုင်း အစ္စတန်ဘူလ်မြို့သို့ ဆင်းသက်နိုင်ခဲ့ကြောင်း တူရကီအာဏာပိုင်များက ပြောသည်။

ပီဂါဆမ် လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၃၇-၈ဝဝ အရပ်ဘက်လေ ယာဉ်သည် ခရီးသည် ၁၁ဝ တင် ဆောင်၍ ယူကရိန်းနိုင်ငံ ခါကော့ဗ် မြို့မှ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့သို့ ပျံသန်းလာစဉ် ယင်းသို့ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လေယာဉ်မှူးက လေယာဉ်ပြန်ပေး ဆွဲခံရကြောင်းသတင်းပို့သဖြင့် အက်ဖ်- ၁၆ တိုက်လေယာဉ်နှစ်စင်းက ပျံတက် ကာ ခရီးသည်လေယာဉ်ကို အစ္စတန် ဘူလ်ဆာဘီဟာဂေါ့စင်း လေဆိပ်သို့ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ရန် စောင့်ရှောက်ပေးခဲ့သည်။

လေယာဉ်ပေါ်တွင် ပြန်ပေးသမား ဆိုသည့်ယူကရိန်းနိုင်ငံသားကို ဆိုချီမြို့ သို့ လေယာဉ်ဆင်းသက်လျက်ရှိသည် ဟု ထင်စေရန် လှည့်စားနိုင်ခဲ့သည်ဟု ဆိုသည်။

အစ္စတန်ဘူလ်မြို့တော်ဝန် ဟူစီး ယင်အဆာနီမတ်လူက ခရီးသည် အားလုံးသည် ပြဿနာတစ်စုံတစ်ရာ မျှမရှိဘဲ လေယာဉ်ပေါ်မှ ဆင်းနိုင်ခဲ့ ကြောင်း၊ အထူးရဲတပ်ဖွဲ့ဝင်များက လေယာဉ်ပေါ်တက်၍ ပြန်ပေးသမား ကို လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း၊ လေ ယာဉ်ပေါ်၌ ဗုံးမတွေ့ရှိကြောင်းသတင်း ထောက်များကို ပြောကြားခဲ့သည်။

၎င်းသည် အရက်သောက်ထားခြင်း မရှိဟုယူဆရကြောင်း၊သို့သော် အခြား တစ်ခုခုကိုမူ သုံးစွဲထားဖွယ်ရာရှိ ကြောင်း၊ ၄င်းတွင် အိတ်တစ်လုံးပါ ကြောင်း၊အိတ်ထဲတွင် တစ်ကိုယ်ရေသုံး အီလက်ထရွန်နစ် ပစ္စည်းများနှင့် အခြားအရာများပါကြောင်း မြို့တော်ဝန် က ပြောကြားသည်။
အဆိုပါလေယာဉ် ဆင်းသက်ပြီး သုံးနာရီခန့်အကြာ ဒေသစံတော်ချိန် ည ၉ နာရီတွင် ဆာဘီဟာဂေါ့စင်း လေဆိပ်ကို ပြန်လည်ဖွင့်ပေးခဲ့သည်ဟု တူရကီသတင်းစာဟာရီယက်က ဖော်ပြ သည်။

စီအန်အန်/
အေပီ/ဘလွန်းဘတ်။

The Mirror Daily

RangonNewsDaily: February . 9 .2014
တူရကီနိုင်ငံ၌ သောကြာနေ့တွင် ခရီးသည်လေယာဉ်တစ်စင်းပေါ် ဗုံးတစ်လုံးပါကြောင်း ခြိမ်းခြောက်ပြီး ပြန်ပေးဆွဲ၍ ယင်းနေ့၌စတင်သည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကျင်းပရာ ရုရှားနိုင်ငံ ဆိုချီမြို့သို့ လမ်းကြောင်းပြောင်းပျံသန်းစေခြင်းကို တားဆီးနိုင်ခဲ့ကြောင်း၊ လေယာဉ်သည် ခရီးစဉ်အတိုင်း အစ္စတန်ဘူလ်မြို့သို့ ဆင်းသက်နိုင်ခဲ့ကြောင်း တူရကီအာဏာပိုင်များက ပြောသည်။ ပီဂါဆမ် လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၃၇-၈ဝဝ အရပ်ဘက်လေ ယာဉ်သည် ခရီးသည် ၁၁ဝ တင် ဆောင်၍ ယူကရိန်းနိုင်ငံ ခါကော့ဗ် မြို့မှ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့သို့ ပျံသန်းလာစဉ် ယင်းသို့ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လေယာဉ်မှူးက လေယာဉ်ပြန်ပေး ဆွဲခံရကြောင်းသတင်းပို့သဖြင့် အက်ဖ်- ၁၆ တိုက်လေယာဉ်နှစ်စင်းက ပျံတက် ကာ ခရီးသည်လေယာဉ်ကို အစ္စတန် ဘူလ်ဆာဘီဟာဂေါ့စင်း လေဆိပ်သို့ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ရန် စောင့်ရှောက်ပေးခဲ့သည်။

လေယာဉ်ပေါ်တွင် ပြန်ပေးသမား ဆိုသည့်ယူကရိန်းနိုင်ငံသားကို ဆိုချီမြို့ သို့ လေယာဉ်ဆင်းသက်လျက်ရှိသည် ဟု ထင်စေရန် လှည့်စားနိုင်ခဲ့သည်ဟု ဆိုသည်။

အစ္စတန်ဘူလ်မြို့တော်ဝန် ဟူစီး ယင်အဆာနီမတ်လူက ခရီးသည် အားလုံးသည် ပြဿနာတစ်စုံတစ်ရာ မျှမရှိဘဲ လေယာဉ်ပေါ်မှ ဆင်းနိုင်ခဲ့ ကြောင်း၊ အထူးရဲတပ်ဖွဲ့ဝင်များက လေယာဉ်ပေါ်တက်၍ ပြန်ပေးသမား ကို လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း၊ လေ ယာဉ်ပေါ်၌ ဗုံးမတွေ့ရှိကြောင်းသတင်း ထောက်များကို ပြောကြားခဲ့သည်။

၎င်းသည် အရက်သောက်ထားခြင်း မရှိဟုယူဆရကြောင်း၊သို့သော် အခြား တစ်ခုခုကိုမူ သုံးစွဲထားဖွယ်ရာရှိ ကြောင်း၊ ၄င်းတွင် အိတ်တစ်လုံးပါ ကြောင်း၊အိတ်ထဲတွင် တစ်ကိုယ်ရေသုံး အီလက်ထရွန်နစ် ပစ္စည်းများနှင့် အခြားအရာများပါကြောင်း မြို့တော်ဝန် က ပြောကြားသည်။
အဆိုပါလေယာဉ် ဆင်းသက်ပြီး သုံးနာရီခန့်အကြာ ဒေသစံတော်ချိန် ည ၉ နာရီတွင် ဆာဘီဟာဂေါ့စင်း လေဆိပ်ကို ပြန်လည်ဖွင့်ပေးခဲ့သည်ဟု တူရကီသတင်းစာဟာရီယက်က ဖော်ပြ သည်။

စီအန်အန်/
အေပီ/ဘလွန်းဘတ်။
The Mirror Daily , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment