Pages

Sunday, February 9, 2014

ဂျပန်-မြန်မာ ဖက်စပ်ကွန်ကရစ် ဘလောက်တုံးများထုတ်ရန် ကန်ဒေါ်လာသုံးသန်းကျော် ရင်းနှီးမြှုပ်နှံ

Photo: ဂျပန်-မြန်မာ ဖက်စပ်ကွန်ကရစ် ဘလောက်တုံးများထုတ်ရန် ကန်ဒေါ်လာသုံးသန်းကျော် ရင်းနှီးမြှုပ်နှံ
Sunday, February 9, 2014

ဂျပန်-မြန်မာ ဖက်စပ်စနစ်ဖြင့် တည်ထောင်ထားသော Japan Create Engineering ကုမ္ပဏီက ပြည်တွင်းတွင် အမေရိကန်ဒေါ်လာ သုံးသန်းကျော် ရင်းနှီးမြှုပ်နှံ၍ အဆင့်မြင့်ကွန်ကရစ် ဘလောက်တုံးများ ထုတ်လုပ်သည့်လုပ်ငန်း လုပ်ကိုင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရှိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ဂျပန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် တစ်ဦးနှင့် ပြည်တွင်းမှ JALTEC Co., Ltd. ပူးပေါင်း တည်ထောင်ထားသည့် Japan Create Engineering ကုမ္ပဏီကို ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ချထားပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ ကုမ္ပဏီသည် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် အတွင်းရှိ ရန်ကုန် စက်မှုဇုန် အတွင်းတွင် စက်ရုံ တည်ဆောက် လုပ်ကိုင်သွားမည် ဖြစ်ပြီး စက်ရုံကို ၂ နှစ်အတွင်း အပြီးသတ် တည်ဆောက်သွားမည် ဖြစ်ကာ ၂၀၁၆ ခုနှစ်တွင် စတင်လည်ပတ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဆောက်လုပ်ရေး စီမံကိန်းတွေ များလာလို့ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ဆက်စပ်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာတာပါ။ နောက်လည်း ထပ်ဝင်လာကြဦးမယ်” ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြီးခဲ့သော ၂၀၁၃ ခုနှစ်တွင်းတွင် ဆောက်လုပ်ရေး လုပ်ငန်းနှင့် ဆက်စပ်ပစ္စည်းများ ဖြစ်သည့် စတီးပစ္စည်းများ၊ ကွန်ကရစ် ဘလောက်တုံးများနှင့် အသင့်သုံး ကွန်ကရစ်နံရံများ အပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းသုံး ဆက်စပ်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ ဖက်စပ်စနစ်ဖြင့် ပြည်တွင်းတွင် တည်ထောင် လုပ်ကိုင်မှုများ ရှိခဲ့သည်။

“ကွန်ကရစ် ဘလောက်တုံးတွေက ပြည်တွင်းမှာလည်း ထုတ်နေတာပဲ။ အရည်အသွေး ပိုင်းကတော့ ဂျပန်နဲ့ ဖက်စပ်ထုတ်တာဆိုတော့ ပိုကောင်းမယ် ထင်တယ်” ဟု ဆောက်လုပ်ရေး ကန်ထရိုက်တာ တစ်ဦးဖြစ်သူ ဦးနိုင်ဦးက ဆိုသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ယခုလ ၅ ရက်နေ့တွင် အဆိုပါ အဆင့်မြင့် ကွန်ကရစ် ဘလောက်တုံးများ အပါအဝင် လက်ခစားစနစ် အထည်ချုပ်လုပ်ငန်း သုံးခုနှင့် ဖက်စပ် အချိုရည်လုပ်ငန်း တစ်ခုတို့ကို လုပ်ငန်း လုပ်ပိုင်ခွင့်လိုင်စင် ချထားပေးခဲ့သည်။

The Voice Weekly

RangonNewsDaily: February . 9 .2014
ဂျပန်-မြန်မာ ဖက်စပ်စနစ်ဖြင့် တည်ထောင်ထားသော Japan Create Engineering ကုမ္ပဏီက ပြည်တွင်းတွင် အမေရိကန်ဒေါ်လာ သုံးသန်းကျော် ရင်းနှီးမြှုပ်နှံ၍ အဆင့်မြင့်ကွန်ကရစ် ဘလောက်တုံးများ ထုတ်လုပ်သည့်လုပ်ငန်း လုပ်ကိုင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရှိရသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ဂျပန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် တစ်ဦးနှင့် ပြည်တွင်းမှ JALTEC Co., Ltd. ပူးပေါင်း တည်ထောင်ထားသည့် Japan Create Engineering ကုမ္ပဏီကို ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ချထားပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ ကုမ္ပဏီသည် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် အတွင်းရှိ ရန်ကုန် စက်မှုဇုန် အတွင်းတွင် စက်ရုံ တည်ဆောက် လုပ်ကိုင်သွားမည် ဖြစ်ပြီး စက်ရုံကို ၂ နှစ်အတွင်း အပြီးသတ် တည်ဆောက်သွားမည် ဖြစ်ကာ ၂၀၁၆ ခုနှစ်တွင် စတင်လည်ပတ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဆောက်လုပ်ရေး စီမံကိန်းတွေ များလာလို့ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ဆက်စပ်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာတာပါ။ နောက်လည်း ထပ်ဝင်လာကြဦးမယ်” ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြီးခဲ့သော ၂၀၁၃ ခုနှစ်တွင်းတွင် ဆောက်လုပ်ရေး လုပ်ငန်းနှင့် ဆက်စပ်ပစ္စည်းများ ဖြစ်သည့် စတီးပစ္စည်းများ၊ ကွန်ကရစ် ဘလောက်တုံးများနှင့် အသင့်သုံး ကွန်ကရစ်နံရံများ အပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းသုံး ဆက်စပ်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ ဖက်စပ်စနစ်ဖြင့် ပြည်တွင်းတွင် တည်ထောင် လုပ်ကိုင်မှုများ ရှိခဲ့သည်။

“ကွန်ကရစ် ဘလောက်တုံးတွေက ပြည်တွင်းမှာလည်း ထုတ်နေတာပဲ။ အရည်အသွေး ပိုင်းကတော့ ဂျပန်နဲ့ ဖက်စပ်ထုတ်တာဆိုတော့ ပိုကောင်းမယ် ထင်တယ်” ဟု ဆောက်လုပ်ရေး ကန်ထရိုက်တာ တစ်ဦးဖြစ်သူ ဦးနိုင်ဦးက ဆိုသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ယခုလ ၅ ရက်နေ့တွင် အဆိုပါ အဆင့်မြင့် ကွန်ကရစ် ဘလောက်တုံးများ အပါအဝင် လက်ခစားစနစ် အထည်ချုပ်လုပ်ငန်း သုံးခုနှင့် ဖက်စပ် အချိုရည်လုပ်ငန်း တစ်ခုတို့ကို လုပ်ငန်း လုပ်ပိုင်ခွင့်လိုင်စင် ချထားပေးခဲ့သည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment