Pages

Tuesday, January 22, 2013

“စင်ကာပူ Electrical ပထမနှစ် အင်ဂျင်နီယာဒီပလိုမာသင်တန်း ပြည်တွင်း၌ ပထမဆုံးအကြိမ်ဖွင့်လှစ်”

ရန်ကုန်၊ဇန်နဝါရီ ၂၂

စင်ကာပူ Republic Polytechnic မှ Electrical @ Electrionic အင်ဂျင်နီယာဒီပလိုမာ ပထမနှစ်သင်တန်းအား ပြည်တွင်း၌ ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်သင်ကြားပေး မည်ဖြစ်ကြောင်း Rvi Institue မှသိရသည်။အဆိုပါ ပထမနှစ်ဒီပလိုမာ သင်တန်းတက်ရောက်ရန် ဝင်ခွင့်များစတင်ခေါ်ယူနေပြီဖြစ်ပြီး လာမည့်ဧပြီလတွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ စာသင်နှစ်ကိုမူ ဧပြီလမှ စက်တင်ဘာလအထိ လည်ကောင်း၊ အောက်တိုဘာမှ မတ်လအထိ သတ်မှတ်ထားရှိမည်ဖြစ်ပြီး စာမေးပွဲများအား စင်ကာပူနှင့်အချိန်တစ်ပြေးညီ ဖြေဆိုကြရမည်ဖြစ်သည်။

“ ပထမနှစ်တက်မယ့်ကျောင်းသားတွေကို စာသင်နှစ်မစခင် စင်ကာပူကို တစ်ပတ်ကြာလေ့လာရေးခရီး လွှတ်မှာဖြစ်ပါတယ်” ဟု Rvi Institute မှတာဝန်ရှိသူကပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ စင်ကာပူ ပိုလီကျောင်းများ၏ ဒီပလိုမာသင်တန်းများဖြစ်သည့် နည်းပညာဘာသာရပ်၊ မိုဘိုင်းနှင့် အင်တာနက်ကွန်ရက်ဝန်ဆောင်ခြင်း ဘာသာရပ်များအား ၂၀၀၉ ခုနှစ်မှ စတင်သင်ကြားနိုင်ခဲ့ပြီး ဖြစ်သည်။ 
အသစ်ထပ်မံဖွင့်လှစ်သည့်အင်ဂျင်နီယာတန်းခွဲအားတက္ကသိုလ်တက်ရောက်ဆဲ ကျောင်းသားများနှင့် တက္ကသိုလ်ဝင်တန်းတွင် အင်္ဂလိပ်စာရမှတ် ၆၀၊ သင်္ချာနှင့်ရူပဗေဒ ရမှတ် ၇၅ မှတ်နှင့် ဘာသာစုံပျမ်းမျှ ၇၀ ရာခိုင်နှုန်းရရှိထားသူများ၊ IGCSE တွင် ဘာသာရပ်အားလုံး၌ Grade C ရရှိထားသူ ကျောင်းသား
များ လျှောက်
ထားနိုင်မည်ဖြစ်သည်။

သုတလင်း
ပ်ါပြုလာမြန်မာ

0 comments:

Post a Comment