Pages

Tuesday, January 22, 2013

ရေနုတ်မြောင်းတူးစဉ် ၉ မမ ကျည်ဆန် ၁၄ တောင့်တွေ့

ရေနုတ်မြောင်းတူးစဉ် ၉ မမ ကျည်ဆန် ၁၄ တောင့်တွေ့
ရန်ကုန်၊ ဇန်န၀ါရီ-၂၂

စမ်းချောင်းမြို့နယ် လင်းလွန်းမြောက်ရပ်ကွက်အတွင်း လမ်းခင်းရန် ရေနုတ်မြောင်းတူးဖော်စဉ် အသုံးမပြုရသေးသော
ကျည်ဆန်အဟောင်း ၁၄ တောင့် ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

လင်းလွန်းမြောက်ရပ်ကွက်၊ သရ၀ဏ်ရိပ်သာ ၂ လမ်း၊ အိမ်နံပါတ် ၁၁ ၏ ဘေး ရေနုတ်မြောင်းကို စည်ပင်ဝန်ထမ်း ၇ ဦးက 
တူးဖော်ရှင်းလင်းရာ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

''မြန်မာဖြစ် ကျည်ဆန်တွေ၊ နောက်မှာ မြန်မာစာတန်းတွေနဲ့၊ ကျည်ဆန်ရဲ့ဖင်မှာ ၇၄ လား၊ ၇၉ လား မသိဘူးပါတယ်'' ဟု 
လင်းလွန်းမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က ပြောသည်။

အဆိုပါ ကျည်ဆန် ၁၄ တောင့်မှာ ၉ မမ အမျိုးအစားဖြစ်ပြီး ဆက်လက်၍ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်သွားမည်ဟု
စမ်းချောင်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ်ဇော်ဇော်က ပြောသည်။

ယင်းရပ်ကွက်အတွင်း ကျည်ဆန်တွေ့ရှိမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သက်ဆိုင်ရာ ရဲစခန်းသို့ အကြောင်းကြား၍ အပ်နှံလိုက်
ကြောင်း ဦးအောင်လွင်က ပြောသည်။

ဓာတ်ပုံ- ရဲနောင်

ရန်ကုန်၊ ဇန်န၀ါရီ-၂၂

စမ်းချောင်းမြို့နယ် လင်းလွန်းမြောက်ရပ်ကွက်အတွင်း လမ်းခင်းရန် ရေနုတ်မြောင်းတူးဖော်စဉ် အသုံးမပြုရသေးသောကျည်ဆန်အဟောင်း ၁၄ တောင့် ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ လင်းလွန်းမြောက်ရပ်ကွက်၊ သရ၀ဏ်ရိပ်သာ ၂ လမ်း၊ အိမ်နံပါတ် ၁၁ ၏ ဘေး ရေနုတ်မြောင်းကို စည်ပင်ဝန်ထမ်း ၇ ဦးက တူးဖော်ရှင်းလင်းရာ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

''မြန်မာဖြစ် ကျည်ဆန်တွေ၊ နောက်မှာ မြန်မာစာတန်းတွေနဲ့၊ ကျည်ဆန်ရဲ့ဖင်မှာ ၇၄ လား၊ ၇၉ လား မသိဘူးပါတယ်'' ဟု လင်းလွန်းမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က ပြောသည်။

အဆိုပါ ကျည်ဆန် ၁၄ တောင့်မှာ ၉ မမ အမျိုးအစားဖြစ်ပြီး ဆက်လက်၍ လုပ်ထုံးလုပ်နည်းအတိုင်း
 ဆောင်ရွက်သွားမည်ဟုစမ်းချောင်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ်ဇော်ဇော်က ပြောသည်။

ယင်းရပ်ကွက်အတွင်း ကျည်ဆန်တွေ့ရှိမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သက်ဆိုင်ရာ ရဲစခန်းသို့ အကြောင်းကြား၍ အပ်နှံလိုက်ကြောင်း ဦးအောင်လွင်က ပြောသည်။

ဓာတ်ပုံ- ရဲနောင်
Popular Myanmar

0 comments:

Post a Comment