Pages

Tuesday, January 22, 2013

ငြိမ်းချမ်းရေး လမ်းလျှောက်နေသူတွေ ပဲခူးမှာ တားဆီးပိတ်ပင်ခံရပေမယ့် ပြေလည်မှုပြန်ရ၇ှိ

ငိမ်းချမ်းရေး လမ်းလျှောက်နေသူတွေကို ပဲခူးတိုင်း အထွေထွေ အုပ်ချုပ်ရေးမှူးနဲ့ ရဲမှူးတွေက ပဲခူးတိုင်းအ၀င်မှာ ငြိမ်းချမ်းရေး အလံကို လွင့်ထူ လမ်းလျှောက်တာဟာ ဥပဒေနဲ့ မညီတဲ့အတွက် တားမြစ်ခံခဲ့ရတာ ဖြစ်တယ်လို့ ဦးဆောင်ပါဝင်သူ လူငယ်တဦးဖြစ်တဲ့ ကိုရန်နိုင်ထွန်းက ပြောပါတယ်။မနက် ၁၀ နာရီ ၄၀ လောက်မှာ အာဏာပိုင်တွေက လမ်းလျှောက်တဲ့ အထဲက ဦးဆောင်သူ တချို့ကို ခေါ်ယူ ပြီး ငြိမ်းချမ်းရေး အလံလွင့်ထူပြီး လမ်းလျောက်ခြင်းမပြုဖို့ ဆွေးနွေးခဲ့ရာမှာ ၁၁ နာရီလောက်မှာ ပြေလည် မှုရရှိခဲ့တယ်လို့ ဆိုပါတယ်။

လမ်းလျှောက်တဲ့သူတွေက အလံကို လွင့်ထူခြင်းမပြုတော့ဘဲ လည်ပင်းတွေမှာ ငြိမ်းချမ်းရေးအလံတွေ စည်းနှောင် ဆက်လက်လမ်းလျှောက်ခဲ့တယ်လို့ ပြောပါတယ်။

ဒီဗွီဘီက ဆက်သွယ်မေးမြန်းတဲ့ အချိန်မှာ လမ်းလျှောက်တဲ့သူတွေဟာ ပဲခူးတိုင်းဒေသကြီးမှ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်ကို ကျော်ပြီး ပဲခူးတိုင်းထဲကို ၀င်ရောက်လာပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးလိုလားတဲ့ သံဃာတော်နဲ့ လူငယ်အယောက် ၅၀ လောက်ဟာ တနလာင်္နေ့က ရန်ကုန်ကနေ ထွက်ခွာလာတာဖြစ်ပြီး စစ်ပွဲတွေဖြစ်ပွားနေတဲ့ လိုင်ဇာဒေ အထိ လမ်းလျှောက်ဖို့ ရည်ရွယ်ထားပါတယ်။
 DVB TV News:

0 comments:

Post a Comment