Pages

Tuesday, January 22, 2013

မျက်လုံးပြူးသည့်အမျိုးသားများ ဆွဲအားပြင်းသည်ဟုဆို

မျက်လုံးပြူးသည့်အမျိုးသားများ ဆွဲအားပြင်းသည်ဟုဆို


"ချစ်ခြင်းအစ မျက်စိက" ဆိုသော စကားပုံအား ထောက်ခံနိုင်မည့် လေ့လာဆန်းစစ်မှု တစ်မျိုး ကို ပညာရှင်များက ဖော်ထုတ်နိုင် ခဲ့ကြသည်။ လေ့လာမှု မှတ်တမ်းများအရ မျက်စိသူငယ်အိမ် ကျယ်ဝန်းသော အမျိုးသား
များသည် ဆန့်ကျင်ဖက်လိင်အား ပိုမို ဆွဲဆောင်နိုင်ကြောင်း သိရသည်။ သိပ္ပံပညာရှင်များက သက်ရှိ အမျိုးအစားအလိုက် ဆန့်ကျင်
ဖက် လိင်အပေါ် ဆွဲဆောင်မှုမှာ ပုံသဏ္ဍန်ခြားနား တတ်ကြောင်း၊ လူသား အမျိုးသားများကမူ ကြီးမားဝိုင်းစက်သည့် မျက်ဝန်းများဖြင့် အမျိုး
သမီးများ၏ ကိုယ်စိတ်နှလုံးကို သိမ်းကျုံးညှို့ငင်ရာတွင် အအောင်မြင်ဆုံးဖြစ်ကြောင်း ရှင်းပြခဲ့သည်။ အီဒင်ဘတ် တက္ကသိုလ်မှ ပညာ
ရှင် များက မိန်းကလေးများအပေါ် ယောက်ျားလေးများက ဖမ်းစားသိမ်း သွင်းနိုင်မည်ဟု လက်ခံရသည့် နည်းလမ်း (၆)မျိုးကို စနစ်တကျ သုတေသန ပြုလုပ်ခဲ့ပြီး မျက်စိသူငယ်အိမ် ကျယ်ဝန်းသော အမျိုးသားများ၏ ဓာတ်ပုံအ
များစုကို အမျိုးသမီးများက နှစ်သက်ကြသည်ကို တွေ့ရှိလာရသည်။

 ထိုအခြေအနေသည် အမျိုးသမီးများ လစဉ်ပုံမှန် ရာသီသွေးသား ပြောင်းလဲ
တတ်သည့် ကာလများ အတွင်း ပိုမိုထင်ရှား တတ်ကြောင်းလည်း သိရသည်။ အမျိုးသားများ၏ မျက်နှာကို အနေအထား(၃)မျိုးမှ ရိုက်ကူးထားပြီး အမျိုးသမီးများ၏ အမြင်ကို စနစ်တကျ စာရင်းပြုစု ကောက်ခံခဲ့ရာ အမျိုးသမီး 
များက ဆွဲဆောင်အား ကောင်းသည်ဟု သတ်မှတ်ခြင်း ကို ခံရသူအမျိုးသား အများစုသည် မျက်စိသူငယ်အိမ် ကျယ်ဝန်းနေသည်ကို ဆန်းစစ်တွေ့ရှိခဲ့ရသည်။ အမျိုးသမီးများသည် အမျိုးသားတစ်ဦးနှင့် မျက်လုံးချင်း ဆုံမိသည့်အခါ သူငယ်အိမ်ကျယ်ပြန့်သော အမျိုးသားများ၏ အတွင်းစိတ်ကို ကောင်းမွန်ဖြောင့်မှန်သည်ဟု အလိုလို လှုံ့ဆော် ယူဆပြီး အထင်ကြီးစိတ်လည်း ၀င်လာတတ်ကြောင်း ပညာရှင်များက ဆိုသည်။ ထို့ကြောင့်လည်း မသိစိတ်က အဆိုပါ အမျိုးသားအပေါ် အလိုလို တိမ်းညွတ်သွားတတ်ကြောင်း သုတေသီများက ရှင်းလင်းပြောဆိုသွားသည်။
Copy From : YoeYarLay

"ချစ်ခြင်းအစ မျက်စိက" ဆိုသော စကားပုံအား ထောက်ခံနိုင်မည့် လေ့လာဆန်းစစ်မှု တစ်မျိုး ကို ပညာ
ရှင်များက ဖော်ထုတ်နိုင် ခဲ့ကြသည်။ လေ့လာမှု မှတ်တမ်းများအရ မျက်စိသူငယ်အိမ် ကျယ်ဝန်းသော အမျိုးသားများသည် ဆန့်ကျင်ဖက်လိင်အား ပိုမို ဆွဲဆောင်နိုင်ကြောင်း သိရသည်။
သိပ္ပံပညာရှင်များက သက်ရှိ အမျိုးအစားအလိုက် ဆန့်ကျင်ဖက် လိင်အပေါ် ဆွဲဆောင်မှုမှာ ပုံသဏ္ဍန်ခြား
နား တတ်ကြောင်း၊ လူသား အမျိုးသားများကမူ ကြီးမားဝိုင်းစက်သည့် မျက်ဝန်းများဖြင့် အမျိုးသမီးများ၏ 
ကိုယ်စိတ်နှလုံးကို သိမ်းကျုံးညှို့ငင်ရာတွင် အအောင်မြင်ဆုံးဖြစ်ကြောင်း ရှင်းပြခဲ့သည်။ 

အီဒင်ဘတ် တက္ကသိုလ်မှ ပညာရှင် များက မိန်းကလေးများအပေါ် ယောက်ျားလေးများက ဖမ်းစားသိမ်း သွင်းနိုင်မည်ဟု လက်ခံရသည့် နည်းလမ်း (၆)မျိုးကို စနစ်တကျ သုတေသန ပြုလုပ်ခဲ့ပြီး မျက်စိသူငယ်အိမ် ကျယ်ဝန်းသော အမျိုးသားများ၏ ဓာတ်ပုံအများစုကို အမျိုးသမီးများက နှစ်သက်ကြသည်ကို တွေ့ရှိလာရ
သည်။

ထိုအခြေအနေသည် အမျိုးသမီးများလစဉ်ပုံမှန် ရာသီသွေးသား ပြောင်းလဲတတ်သည့် ကာလများ အတွင်း

ပိုမိုထင်ရှား တတ်ကြောင်းလည်း သိရသည်။ 

အမျိုးသားများ၏ မျက်နှာကို အနေအထား(၃)မျိုးမှ ရိုက်ကူးထားပြီး အမျိုးသမီးများ၏ အမြင်ကို စနစ်တကျ စာရင်းပြုစု ကောက်ခံခဲ့ရာ အမျိုးသမီးများက ဆွဲဆောင်အား ကောင်းသည်ဟု သတ်မှတ်ခြင်း ကို ခံရသူ
အမျိုးသား အများစုသည် မျက်စိသူငယ်အိမ် ကျယ်ဝန်းနေသည်ကို ဆန်းစစ်တွေ့ရှိခဲ့ရသည်။ 

အမျိုးသမီးများသည် အမျိုးသားတစ်ဦးနှင့် မျက်လုံးချင်း ဆုံမိသည့်အခါ သူငယ်အိမ်ကျယ်ပြန့်သော အမျိုး
သားများ၏ အတွင်းစိတ်ကို ကောင်းမွန်ဖြောင့်မှန်သည်ဟု အလိုလို လှုံ့ဆော် ယူဆပြီး အထင်ကြီးစိတ်လည်း ၀င်လာတတ်ကြောင်း ပညာရှင်များက ဆိုသည်။ ထို့ကြောင့်လည်း မသိစိတ်က အဆိုပါ အမျိုးသားအပေါ် အ
လိုလို တိမ်းညွတ်သွားတတ်ကြောင်း သုတေသီများက ရှင်းလင်းပြောဆိုသွားသည်။


YoeYarLay

0 comments:

Post a Comment