ကယားပြည်နယ်အတွင်းတက္ကသိုလ်ကျောင်းသားနှင့် လူငယ်များအကြားတွင် စိတ်ကြွဆေးဝါး သုံးစွဲမူပိုမိုများပြားသဖြင့် ပညာပေးမူများပြုလုပ်ပေးရန်လိုအပ်ကြောင်း အိန္ဒိယနိုင်ငံMartinluthar University တွင် မူးယစ်ဆေးသုံးစွဲသူများနှင့် ပက်သက်သောစာတမ်းပြုစုနေသည့် ကျောင်းသူတစ်ဦးကThe Street View သို့ပြောသည်။ယင်းနောက်ဆုံးနှစ်ကျောင်းသူ ဗျားမြားကေးက“ကျမတို့
ပြည်နယ်မှာဆေးသုံးစွဲသူတွေ ကိုစနစ်တကျ ကုသပေးနိုင် မယ့်ဆေးရုံး၊
ဆေးခန်းတွေလိုအပ်ပါတယ်၊ မိသားစုကလည်းတတ်သိနားလည်သူတွေနဲ့ တိုင်ပင်သင့်ပါတယ်။ ဆေးသုံးလိုဆိုပြီးထောင်ထဲပို့တာ ၊ စွန့်ပစ်တာမျိုးတွေကိုမလုပ်သင့်ပါဘူး။ ပထမဦးဆုံးကတော့ ပညာပေးမယ့် အစီအစဉ်တွေကိုထိထိရောက်ရောက် လုပ်သင့်တယ်လို့မြင်ပါတယ်’’ဟုဆိုသည်။
စိတ်ကြွဆေးပြားတစ်ပြားဈေးနူန်းမှာ
၁၈၀၀ ကျပ်ခန့်ရှိပြီးအချို့ အမျိုးအစားမှာ ၃၅၀၀ ကျပ်ရှိကြောင်း၊
အရောင်များမှာပန့်းရောင် ၊ အစိမ်းရောင်၊ အနီရောင်များရှိသော်လည်းအများအားဖြင့် လူငယ်များမှာ ၁၈၀၀ ကျပ်တန်၊ ပန်းရောင်ဆေးပြားကိုသုံးစွဲနေကြကြောင်းသိရသည်။
လွိုင်ကော်မြို့်နေ ဆေးသုံးစွဲသူတက္ကသိုလ်ကျောင်းသားတစ်ဦး၏ ဖခင်ကလည်း တက္ကသိုလ်ကျောင်းသားများအကြားသို့ ရောင်းချနေသူများရှိနေသဖြင့် သုံးစွဲသူများပြားလာခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။
၂၀၁၂ ခုနှစ်သြဂုတ်လ အတွင်း၌ UNODC ပံပိုးမှုဖြင့် မူးယစ်ဆေးဝါးအန္တ ရယ်လျော့ချရေး ဆွေးနွေးပွဲများတွင် ပါဝင်လုပ်အားပေးနေသော သူတစ်ဦးကလည်း ` ကယားပြည်နယ်မှာ မူးယစ်နဲ့ပက်သက်ပြီးပညာပေးတာ၊ ဟောပြောပွဲလုပ်တာ၊၀န်ဆောင်မှု လုပ်တာတွေ အားနည်းနေပါတယ်။နိုင်ငံတော်က ချထားပေးတဲ့ မူးယစ်အထူးဝန်ထမ်း တွေလည်းနည်းပါတယ်။ ကျနော်တို့ ဆွေးနွေးပွဲတစ်ခုပြုလုပ်ပြီးပါပြီး ၊ရှေ့ဆက်ဘာတွေလုပ်ဆောင်နိုင်မလဲဆိုတာ အစီအစဉ်တွေဆွဲနေပါတယ်။ `ဟုဆိုသည်။
စိတ်ကြွဆေးပြားတစ်ပြားဈေးနူန်း
လွိုင်ကော်မြို့်နေ ဆေးသုံးစွဲသူတက္ကသိုလ်ကျောင်းသား
၂၀၁၂ ခုနှစ်သြဂုတ်လ အတွင်း၌ UNODC ပံပိုးမှုဖြင့် မူးယစ်ဆေးဝါးအန္တ ရယ်လျော့ချရေး ဆွေးနွေးပွဲများတွင် ပါဝင်လုပ်အားပေးနေသော သူတစ်ဦးကလည်း ` ကယားပြည်နယ်မှာ မူးယစ်နဲ့ပက်သက်ပြီးပညာပေးတာ၊ ဟောပြောပွဲလုပ်တာ၊၀န်ဆောင်မှု လုပ်တာတွေ အားနည်းနေပါတယ်။နိုင်ငံတော်က ချထားပေးတဲ့ မူးယစ်အထူးဝန်ထမ်း တွေလည်းနည်းပါတယ်။ ကျနော်တို့ ဆွေးနွေးပွဲတစ်ခုပြုလုပ်ပြီးပြါ
မခိုင်
The Street View
0 comments:
Post a Comment