Pages

Tuesday, January 22, 2013

ဗဟန်းမြို့နယ်တွင် ရဲအယောင်ဆောင် လိမ်လည်သူအား ဖော်ထုတ်ဖမ်းဆီး

ဇန်န၀ါရီ ၂၂

၁၅-၁-၂၀၁၃ရက်နေ့ ၁၀၃၀ အချိန် ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက်၊ အနောက် မြင်းပြိုင်ကွင်းလမ်း၊ သမရုံးဝန်းအတွင်းရှိ ဒေါ်ပြုံးကြည်(၅၁)နှစ်၏ နေအိမ်ပရိဘောဂဆေးသုတ် လုပ်ငန်း သို့ ရန်ကုန်တိုင်းရဲတပ်
ဖွဲ့မှ ရဲတပ်ကြပ်ကြီးအဆင့်ရှိသူဟုဆိုကာ အရပ်ဝတ်ဖြင့်အမျိုးသားတစ်ဦး ရောက်ရှိ လာပြီး ဆိုင်ရှိပရိဘော
ဂပြုလုပ်သော သစ်များသည်တရားမ၀င်ကြောင်း၊ သစ်တောဥပဒေအရ ဖမ်းဆီးခွင့် ရှိကြောင်း၊ဖမ်းဆီးမခံလို
ပါက ငွေကျပ်(၁၀၀၀၀၀ိ/-)ပေးရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဒေါ်ပြုံးကြည်မှ တရားဝင်အခွန်အခပေး
လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ငွေကျပ်(၁၀၀၀၀၀ိ/-)မတတ်နိုင် ကြောင်းတောင်းပန်ခဲ့ရာထိုသူကငွေကျပ်
(၅၀၀၀၀ိ/-)တောင်းခံခဲ့ပြီး နောက်ဆုံးတွင် ငွေကျပ်(၃၀၀၀၀ိ/-) တောင်းယူကာ ၁၀၄၅ အချိန်တွင် ပြန်လည်
ထွက်ခွာသွားကြောင်း သတင်းရရှိခဲ့သည်။
ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်၍ ငွေလိမ်လည်ရယူသွားသူအား စုံစမ်းဖော်ထုတ်ခဲ့ရာ မင်္ဂလာတောင်ညွှန့် မြို့
နယ်၊ ကြည်တော်ရပ်ကွက်နေ အောင်ညို(၄၆)နှစ်အား SYH စာတမ်းပါ ပန်းရောင် MP4 ခဲပုတ်ရောင်တစ်
လုံး၊ 
နားကြပ်ကြိုးတစ်စုံ၊QLink တံဆိပ်ပါ ဆင်းကတ်မပါသည့် အနက်ရောင်ဟမ်းစက်တစ်လုံး၊အနက်ရောင်ဖုန်းအိတ်တစ်လုံး၊ PASAT ကြေးညိုရောင်နာရီတစ်လုံး၊ 

ငွတစ်ထောင်ကျပ်တန်(၂)ရွက်၊ ငါးရာကျပ်တန်(၁)ရွက်၊ ရွှေရောင် မှင်ပြာ ဘောလ်ပင်(၁)ချောင်းတို့နှင့်
အတူ ရန်ကင်းမြို့နယ်၊ ကျိုက္ကဆံရဲရိပ်သာ၌ ၁၇-၁ -၂၀၁၃ရက်နေ့ ၀၈၀၀အချိန် ဖမ်းဆီးရမိခဲ့သဖြင့် ဗဟန်း
ရဲစခန်း(ပ)၂၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၂၀/၁၇၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

0 comments:

Post a Comment