Pages

Tuesday, January 22, 2013

မြေငလျှင်သတင်း

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့နှင့် မိုင် ၅၀ နီးပါး ကွာဝေးသော တိုက်ကြီးမြို့အနီးကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၃ ဒသမ ၅ အဆင့်၊ အင်အား အနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။
ဇန်န၀ါရီလ ၂၀ ရက်၊ နံနက် ၆ နာရီ၊ ၂၆ မိနစ်၊ ၄၀ စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ
အနောက်မြောက်ဘက် (၃၅) မိုင်ခန့် ကွာဝေးသော တိုက်ကြီးမြို့၏ အရှေ့တောင်ဘက် သုံးမိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၃ ဒသမ ၅အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားချက်များအရ သိရှိရသည်။

"တိုက်ကြီးမှာ အခုလှုပ်သွားတဲ့ ၃ ဒသမ ၅ အဆင့်ရှိတဲ့ ငလျင်က တိုက်ကြီးပြတ်ရွေ့မှာ လှုပ်သွားတာပါ။ ပဲခူးရိုးမ အနောက်ခြမ်း ပြတ်ရွေ့လို့လည်း ခေါ်တယ်။ တိုက်ကြီးနားမှာ အခုလို အင်အားရစ်ခ်ျတာစကေး ၃ ဒသမ ၅၊ ၄ လောက်ရှိတဲ့ ငလျင်တွေက မကြာခဏဆိုသလို လှုပ်တတ်ပါတယ်။

အဲဒီမှာလှုပ်ရင် တခါတလေ ရန်ကုန်ကတောင် ငလျင်လှုပ်သလို ခံစားရတယ်။ အခုငလျင်လှုပ်သွားတဲ့နေရာက လယ်ကွင်းတွေများတော့ မြေပြင်အက်တာတွေတော့ ဖြစ်နိုင်ပါတယ်"

ဟုလည်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ ဦးစိုးသူရထွန်းက ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလလယ်ရှိ အချိန်ထိ မြန်မာနိုင်ငံ ပြည်တွင်း၌ ငလျင်လှုပ်ခတ်မှု (၅) ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ဇန်န၀ါရီလ ၉ ရက်နေ့က ထမံသီမြို့၏ အနောက်ဘက် ၁၉ မိုင်ခန့်အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော အင်အား ရစ်ခ်ျတာစကေး ၅ ဒသမ ၉ အဆင့်ရှိငလျင်မှာ အင်အားအပြင်းဆုံးဖြစ်ကြောင်းလည်း သိရှိရသည်။

Eleven Media:

ဇန်န၀ါရီ ၁ရက်မှ ၂၀ရက်နေ့အထိငလျင်လှုပ်ခတ်မှုများ
ရက်စွဲ အင်အား(ရစ်ခ်ျတာစကေး) နေရာ
၂.၁.၂၀၁၃ မြန်မာနိုင်ငံပြည်တွင်း
၉.၁.၂၀၁၃ ၅ ဒသမ ၉ ထမံသီမြို့ အနောက်ဘက် ၁၉ မိုင် အကွာ
၁၁.၁.၂၀၁၃ ၄ ဒသမ ၈ ကိုကိုးကျွန်းအနောက်တောင်ဘက် ၈၈ မိုင် အကွာ
၁၅.၁.၂၀၁၃ ၄ ဒသမ ၅ မော်လိုက်မြို့ အရှေ့ဘက် ၂၅ မိုင်ခန့် အကွာ
၂၀.၁.၂၀၁၃ ၃ ဒသမ ၅ တိုက်ကြီးမြို့ အရှေ့တောင်ဘက် သုံးမိုင်ခန့် အကွာ

0 comments:

Post a Comment