Pages

Tuesday, January 22, 2013

ရုရှားတွင် မီးတောင် ၃ လုံး တစ်ပြိုင်နက်ပေါက်ကွဲ


ရုရှားနိုင်ငံ ကမ်ချက်ကာ (Kamchatka) ကျွန်းဆွယ်တွင် မီးတောင် ၃ လုံး ပေါက်ကွဲနေပြီး ချော်ရည်နှင့်
 ပြာမှုန်များ မှုတ်ထုတ်လျက်ရှိသည်။ ကမ်ချက်ကာကျွန်းဆွယ်တွင် Shiveluch၊ Kizimen နှင့် Plosky Talbachek အမည်ရှိ မီးတောင် ၃ လုံးမှာ မတူညီသော နေရာများ၌ တစ်ပြိုင်နက်တည်း ပေါက်ကွဲခြင်းဖြစ်သည်။

ရုရှားတွင် မီးတောင် ၃ လုံး တစ်ပြိုင်နက်ပေါက်ကွဲ

မီးတောင်ပေါက်ကွဲမှုကြောင့် ဒါဇင်နှင့်ချီသော မြေငလျင် လှုပ်ခတ်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။ လေကြောင်း
ပျံသန်းရေးဆိုင်ရာ တာဝန်ရှိသူများကမီးတောင်ပေါက်ကွဲနေသည့် ကောင်းကင်ယံတွင် လေကြောင်းပျံသန်း
မှုဆိုင်ရာ လုံခြုံရေးသတိပေးချက်ကို လိမ္မော်ရောင်အဆင့် သတ်မှတ်ထုတ်ပြန်ထားကြောင်း သိရသည်။

Planet Myanmar :

0 comments:

Post a Comment