Pages

Thursday, November 28, 2013

နောက်အိမ်ထောင်ပြုမည်စိုးသဖြင့်ကွာ ရှင်းပြတ်စဲထားသည့်ဇနီးကိုဓားဖြင့်ထိုးသတ်

RangonNewsDaily:: November . 28 .2013
မော်လမြိုင်မြို့နယ် ဖက်တန်းရပ်ကွက်တွင် ယခုလ ၂၃ ရက်က ကွာရှင်းပြတ်ဆဲထားပြီးသော လင်မယားနှစ်ဦး နောက်အိမ်ထောင်ပြု ခြင်းနှင့်ပတ်သက်၍ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ယခုလ၂၃ ရက်ညနေ ၄ နာရီတွင် မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် မြိုင်ရတနာ လေးထပ်ဈေး
အနောက်ဘက်လမ်းရှိ ပလက်ဖောင်းပေါ်တွင် ဈေးရောင်းနေသော မဇင်ဇင်အောင် (၃၂)နှစ် (ဘ)ဦးသိန်း
ဇံထံသို့ လင်မယားအဖြစ်မှကွာရှင်းပြတ်စဲထားပြီးဖြစ်သူလင်းလင်း(ခ)ငပြူး (၃၁)နှစ်ရောက်ရှိလာပြီး မဇင်ဇင်
aအာင်၏ နောက်အိမ်ထောင်ပြုရေး မပြုရေးနှင့်ပတ်သက်၍ အချင်းချင်းစကားများ ရန်ဖြစ်နေရာမှ 

လင်းလင်းက အသင့်ယူဆောင်လာသော စတီးဓားချွန်ဖြင့် မဇင်ဇင်အောင်အားဝင်ထိုးခဲ့သဖြင့် ဝဲဘက်ရင်
ဘတ်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ နောက်ကျောဘက်တွင် ထိုးသွင်းဒဏ်ရာနှစ်ချက်ရရှိပြီး မော်လမြိုင်အ
aထွထွေ ရောဂါကုဆေးရုံကြီးသို့ တင်ပို့စဉ်သေဆုံးသွားခဲ့သည်။ 

အဆိုပါဓားထိုးသေဆုံးမှုနှင့်ပတ်သက်၍ မော်လမြိုင်မြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းမှ လင်းလင်း (ခ)ငပြူးအား(ပ) သတင်းပေးချက် အမှတ် ၁၃ဝ/၂ဝ၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂ အရ အမှုဖွင့်အရေးယူဖမ်းဆီးထား
ကြောင်း သိရသည်။

The Union Daily , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment