Pages

Thursday, November 28, 2013

နေပြည်တော်ရှိ သရဲခြောက်သော လမ်းမကြီး (နေပြည်တော် အထူးသတင်း)

နေပြည်တော်ရှိ သရဲခြောက်သော လမ်းမကြီး
(နေပြည်တော် အထူးသတင်း)

နေုပြည်တော်ကြာပန်းအဝိုင်းအနီးရှိ လမ်းမကြီးတစ်ခုတွင် ညစဉ် လှိုဏ်သံများကြားရပြီး အဝေးမှ ကြည့်လျှင် လူအုပ်ကြီးချီတက်လာသလိုလို များမြင်နေရကြောင်း သူရဲခြောက်တာဖြစ်မည်ထင်ကြောင်း နေပြည်တော်ဒေသခံများအကြား ပြောဆိုနေကြသည် ၊

သူရဲခြောက်သည်ဆိုသောလမ်းမကြီး၏ တည်နေရာမှာ လွှတ်တော်အဆောက် အဦးများ နှင့် မလှမ်းမကမ်းတွင်ရှိပြီး ဦးတင်အေး ဦးသန်းရွှေ ဦးမောင်အေး ဦးသိန်းစိန် နှင့် ဦးရွှေမန်းတို့ နေအိမ်များ၏ အနောက်ဖက်ပတ်လမ်းအဖြစ် ဖောက်လုပ်ထားသောလမ်းဖြစ်သည် ၊

နေအိမ်များဟုနာမည်တပ်ထားသော်လည်း လူရိပ်လူရောင်တခါမျှ မတွေ့ရပဲ ညဘက်ဆိုလျှင်လည်း အမှောင်ချထားတာများကြောင်း ဒေသခံများမှ ပြောကြသည် ၊

လူသွားလူလာအလွတ် ပြတ်တောက်သောလမ်းဖြစ်ပြီး တခါတရံ လက်နှက်ကိုင် အစောင့်များဖြင့် ပိတ်ထားတတ်တသောလမ်းလည်း ဖြစ်သည် ၊

ထိုနေရာတွင် ဦးသန်းရွှေ၏ အိမ်မှာ အနိမ့်အဖြစ်တည်ဆောက်ထားပြီး ပတ်ပတ်လည်တွင် တောင်ကုန်းများဖို့ကာ ကွယ်ထားသဖြင့် လမ်းမှ လှမ်းကြည့်လျှင်မမြင်ရဟု သိရသည် ၊ ခြံထဲတွင်လည်း သစ်ပင် ဝါးပင်များ ပိတ်ပိတ်မှောင်နေအောင် စိုက်ထားသည် ဟု သိရသည်

၊အနားတစ်ဝိုက်ရှိ နေလက်စ ရွာဝိုင်းကလေးများကိုလည်း လူအဝင်အထွက်တင်းကျပ်ထားပြီး ညအိပ်ဧည့်သည် တားမြစ်ထားကြောင်းသိရသည် ၊

အနီးအနားတစ်ဝိုက်တွင် အခြားလူနေအဆောက်အဦးများ လုံးဝမဆောက်လုပ်စေပဲ သစ်ပင်များ စိုက်ခင်းများဖြင့်သာ ထားရှိကြောင်းသိရသည် ၊ ညဘက်သွားလျှင် အလွန်ခြောက်ခြားဖွယ်ကောင်းသော လမ်းဖြစ်သည် ၊

နေပြည်တော်သို့မကြာခဏသွားရသူတစ်ယောက်က အဲဒီမှာ လမ်းရှိမှန်းတောင် မသိဘူးဗျ လို့ဆိုကြောင်းသိရပါသည် ၊

အဆိုပါလမ်းသို့ ညသန်းခေါင်အချိန် ကိုယ်ပိုင်ကားဖြင့်
သွားမိသူတစ်ဦးက ကျနော် အဲဒီဘက်ကို မောင်းသွားမိတာ ညဘက်ကြီးဗျ သန်းခေါင်လောက်ရှိမယ် ကားရှေ့မီးရောင်မှာ အရိပ်လိုလို လူလိုလို တွေ့တော့ ကျနော်လည်း ဟွန်းတီးလိုက်တာ လှိုဏ်သံလိုလို

ပြန်ကြားရတယ် ၊ အဲဒါနဲ့ သေချာအောင်လို့ဆိုပြီး နောက်တစ်ချက်ထပ်တီးလိုက်တာ နောက်တစ်ခါထပ်ကြားရတယ်ဗျို့ တော်ပြီ နောက် အဲဒီဘက်မသွားတော့ဘူးဆိုပြီး နောက် ကျနော် ယောင်လို့တောင် မသွားတော့ဘူးဗျ ဟုပြောပါသည် ၊

အဆိုပါသတင်းကိုကြားသော အင်ဂျင်နီယာတစ်ဦးကမူ အဲဒီနားမှာ မြေအောက်လှိုဏ်ခေါင်းတွေရှိပုံရတယ်ဗျ လို့ မှတ်ချက်ချဘူးကြောင်းလည်း သိရသည် ၊

အဆိုပါ သရဲခြောက်သည်ဟုဆိုသောလမ်းကို ဂူဂယ်မတ် တွင် 19.759918,96.14306 ရိုက်ထည့်ပြီးရှာကြည့်နိုင်ပါသည် ၊

(နေပြည်တော်မှ ပေးပို့လာသော အထူးသတင်းဖြစ်သည်)

Hawdeka Khalaylay

RangonNewsDaily:: November . 28 .2013
နေုပြည်တော်ကြာပန်းအဝိုင်းအနီးရှိလမ်းမကြီးတစ်ခုတွင်ညစဉ် လှိုဏ်သံများကြားရပြီး အဝေးမှ ကြည့်လျှင်
လူအုပ်ကြီးချီတက်လာသလိုလို များမြင်နေရကြောင်း သူရဲခြောက်တာဖြစ်မည်ထင်ကြောင်း နေပြည်တော်
ဒေသခံများအကြား ပြောဆိုနေကြသည် ၊
သူရဲခြောက်သည်ဆိုသောလမ်းမကြီး၏ တည်နေရာမှာ လွှတ်တော်အဆောက် အဦးများ နှင့် မလှမ်းမကမ်း
တွင်ရှိပြီး ဦးတင်အေး ဦးသန်းရွှေ ဦးမောင်အေး ဦးသိန်းစိန် နှင့် ဦးရွှေမန်းတို့ နေအိမ်များ၏ အနောက်ဖက်
ပတ်လမ်းအဖြစ် ဖောက်လုပ်ထားသောလမ်းဖြစ်သည် ၊ 

နေအိမ်များဟုနာမည်တပ်ထားသော်လည်း လူရိပ်လူရောင်တခါမျှ မတွေ့ရပဲ ညဘက်ဆိုလျှင်လည်း အမှောင်
ချထားတာများကြောင်း ဒေသခံများမှ ပြောကြသည် ၊ လူသွားလူလာအလွတ် ပြတ်တောက်သောလမ်းဖြစ်ပြီး
တခါတရံ လက်နှက်ကိုင် အစောင့်များဖြင့် ပိတ်ထားတတ်တသောလမ်းလည်း ဖြစ်သည် ၊ 

ထိုနေရာတွင် ဦးသန်းရွှေ၏ အိမ်မှာ အနိမ့်အဖြစ်တည်ဆောက်ထားပြီး ပတ်ပတ်လည်တွင် တောင်ကုန်းများ
ဖို့ကာ ကွယ်ထားသဖြင့် လမ်းမှ လှမ်းကြည့်လျှင်မမြင်ရဟု သိရသည် ၊ ခြံထဲတွင်လည်း သစ်ပင် ဝါးပင်များ ပိတ်ပိတ်မှောင်နေအောင် စိုက်ထားသည် ဟု သိရသည် ၊အနားတစ်ဝိုက်ရှိ နေလက်စ ရွာဝိုင်းကလေးများကို
လည်း လူအဝင်အထွက်တင်းကျပ်ထားပြီး ညအိပ်ဧည့်သည် တားမြစ်ထားကြောင်းသိရသည် ၊ 

အနီးအနားတစ်ဝိုက်တွင် အခြားလူနေအဆောက်အဦးများ လုံးဝမဆောက်လုပ်စေပဲ သစ်ပင်များ စိုက်ခင်း
များဖြင့်သာ ထားရှိကြောင်းသိရသည် ၊ ညဘက်သွားလျှင် အလွန်ခြောက်ခြားဖွယ်ကောင်းသော လမ်းဖြစ်
သည် ၊ နေပြည်တော်သို့မကြာခဏသွားရသူတစ်ယောက်က အဲဒီမှာ လမ်းရှိမှန်းတောင် မသိဘူးဗျ လို့ဆို
ကြောင်းသိရပါသည် ၊ 

အဆိုပါလမ်းသို့ ညသန်းခေါင်အချိန် ကိုယ်ပိုင်ကားဖြင့် သွားမိသူတစ်ဦးက ကျနော် အဲဒီဘက်ကို မောင်းသွား
မိတာ ညဘက်ကြီးဗျ သန်းခေါင်လောက်ရှိမယ် ကားရှေ့မီးရောင်မှာ အရိပ်လိုလို လူလိုလို တွေ့တော့ ကျနော်
လည်း ဟွန်းတီးလိုက်တာ လှိုဏ်သံလိုလို ပြန်ကြားရတယ် ၊ 

အဲဒါနဲ့ သေချာအောင်လို့ဆိုပြီး နောက်တစ်ချက်ထပ်တီးလိုက်တာ နောက်တစ်ခါထပ်ကြားရတယ်ဗျို့ တော်ပြီ
 နောက် အဲဒီဘက်မသွားတော့ဘူးဆိုပြီး နောက် ကျနော် ယောင်လို့တောင် မသွားတော့ဘူးဗျ ဟုပြောပါ
သည် ၊ 

အဆိုပါသတင်းကိုကြားသော အင်ဂျင်နီယာတစ်ဦးကမူ အဲဒီနားမှာ မြေအောက်လှိုဏ်ခေါင်းတွေရှိပုံရတယ်ဗျ လို့ မှတ်ချက်ချဘူးကြောင်းလည်း သိရသည် ၊ အဆိုပါ သရဲခြောက်သည်ဟုဆိုသောလမ်းကို ဂူဂယ်မတ် တွင် 19.759918,96.14306 ရိုက်ထည့်ပြီးရှာကြည့်နိုင်ပါသည် ၊ 

(နေပြည်တော်မှ ပေးပို့လာသော အထူးသတင်းဖြစ်သည်) 

Hawdeka Khalaylay
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment