Pages

Thursday, November 28, 2013

အိုင်ဖုန်းသူခိုးက ပိုင်ရှင်ထံ ဖုန်းနံပါတ်များ လက်ရေးနှင့်ပြန်ပို့ပေး

Photo: အိုင်ဖုန်းသူခိုးက ပိုင်ရှင်ထံ ဖုန်းနံပါတ်များ လက်ရေးနှင့်ပြန်ပို့ပေး
Wednesday, November 27, 2013

ဖုန်းသူခိုး တစ်ယောက်သည် မိမိခိုးယူထားသော အိုင်ဖုန်းထဲမှ ဖုန်းနံပါတ်များကို လက်ရေးနှင့် ၁၁ မျက်နှာတိတိ ကူးယူပြီး ပိုင်ရှင်ထံ ပို့ပေးသည့် အဖြစ်အပျက်တစ်ခု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

ဇောင်ဘင်း ဆိုသူသည် တက္ကစီကား စပ်တူငှားစီးရာမှ သူ့ထံက အိုင်ဖုန်းကို အခြား တစ်ယောက်က နှိုက်သွားပြီးနောက် ယခုကဲ့သို့ ဖုန်းနံပါတ်များကို ကူးပြီး ပို့ပေးခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ဇောင်သည် သူ့အိုင်ဖုန်းထဲတွင် ဆက်သွယ်ရန် ဖုန်းနံပါတ်ပေါင်း ၁၀၀၀ ခန့်ကို မှတ်သားထားပြီး ထိုနံပါတ်များကို အခြား တစ်နေရာရာတွင် သိမ်းဆည်းထားခြင်းလည်း မရှိပေ။ သူက မိမိအနေနှင့် ဖုန်း ပျောက်ခြင်းထက် သိမ်းဆည်းထားသည့် အချက်အလက်များ ဆုံးရှုံးမှုကို ပိုပြီး စိတ်ပျက်မိကြောင်း သတင်းအဖွဲ့သို့ ပြောကြားသည်။

ဇောင်က သူ့အနေနှင့် အခိုးခံရသည့် ဖုန်းထံစာပို့ကာ မိမိအနေနှင့် တက္ကစီကား အတူငှားစီးစဉ်က ဖုန်းခိုးသွားသည်ကို သိကြောင်း၊ မဖြစ်မနေ ရအောင်ပြန်ရှာမည် ဖြစ်ကြောင်းကို စာပေးပို့ခဲ့သည်။ ထို့ပြင် မိမိထံ အောက်ပါလိပ်စာအတိုင်း ချက်ချင်း ပြန်ပို့ပေးရန် တောင်းဆိုရာ၌ ဖုန်းပြန်မလာဘဲ၊ လက်ရေးစာ တစ်ထပ်ကြီး ရောက်ရှိလာခြင်း ဖြစ်သည်။

သူခိုးက အွန်လိုင်းပေါ်တွင် ထိုသို့ အရေးကြီးသည့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ပြန်လည်ပေးပို့ခြင်း အပေါ်တွင် ထောက်ခံသူများ ရှိနေကြသည်။

တရုတ်နိုင်ငံအတွင်း Twitter ကဲ့သို့ အသုံးပြုနိုင်သည့် ဆိုရှယ်ကွန်ရက် Weibo တွင် လုပ်ငန်း ကိုယ့်ကိုယ်ကျင့်တရားကို နားလည်ပြီး ယခုကဲ့သို့ ဖုန်းနံပါတ်များ ရေးပို့ပေးလိုက်သည့် သူခိုးကို ခွင့်လွှတ်ပေးရန် တောင်းပန်ထားကြောင်း တွေ့ရသည်။

The Voice Weekly

RangonNewsDaily:: November . 28 .2013
ဖုန်းသူခိုး တစ်ယောက်သည် မိမိခိုးယူထားသော အိုင်ဖုန်းထဲမှ ဖုန်းနံပါတ်များကို လက်ရေးနှင့် ၁၁ မျက်နှာတိတိ ကူးယူပြီး ပိုင်ရှင်ထံ ပို့ပေးသည့် အဖြစ်အပျက်တစ်ခု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။ ဇောင်ဘင်း ဆိုသူသည် တက္ကစီကား စပ်တူငှားစီးရာမှ သူ့ထံက အိုင်ဖုန်းကို အခြား တစ်ယောက်က နှိုက်သွားပြီးနောက် ယခုကဲ့သို့ ဖုန်းနံပါတ်များကို ကူးပြီး ပို့ပေးခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ဇောင်သည် သူ့အိုင်ဖုန်းထဲတွင် ဆက်သွယ်ရန် ဖုန်းနံပါတ်ပေါင်း ၁၀၀၀ ခန့်ကို မှတ်သားထားပြီး ထိုနံပါတ်များကို အခြား တစ်နေရာရာတွင် သိမ်းဆည်းထားခြင်းလည်း မရှိပေ။ သူက မိမိအနေနှင့် ဖုန်း ပျောက်ခြင်းထက် သိမ်းဆည်းထားသည့် အချက်အလက်များ ဆုံးရှုံးမှုကို ပိုပြီး စိတ်ပျက်မိကြောင်း သတင်းအဖွဲ့သို့ ပြောကြားသည်။

ဇောင်က သူ့အနေနှင့် အခိုးခံရသည့် ဖုန်းထံစာပို့ကာ မိမိအနေနှင့် တက္ကစီကား အတူငှားစီးစဉ်က ဖုန်းခိုးသွားသည်ကို သိကြောင်း၊ မဖြစ်မနေ ရအောင်ပြန်ရှာမည် ဖြစ်ကြောင်းကို စာပေးပို့ခဲ့သည်။ ထို့ပြင် မိမိထံ အောက်ပါလိပ်စာအတိုင်း ချက်ချင်း ပြန်ပို့ပေးရန် တောင်းဆိုရာ၌ ဖုန်းပြန်မလာဘဲ၊ လက်ရေးစာ တစ်ထပ်ကြီး ရောက်ရှိလာခြင်း ဖြစ်သည်။

သူခိုးက အွန်လိုင်းပေါ်တွင် ထိုသို့ အရေးကြီးသည့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ပြန်လည်ပေးပို့ခြင်း အပေါ်တွင် ထောက်ခံသူများ ရှိနေကြသည်။

တရုတ်နိုင်ငံအတွင်း Twitter ကဲ့သို့ အသုံးပြုနိုင်သည့် ဆိုရှယ်ကွန်ရက် Weibo တွင် လုပ်ငန်း ကိုယ့်ကိုယ်ကျင့်တရားကို နားလည်ပြီး ယခုကဲ့သို့ ဖုန်းနံပါတ်များ ရေးပို့ပေးလိုက်သည့် သူခိုးကို ခွင့်လွှတ်ပေးရန် တောင်းပန်ထားကြောင်း တွေ့ရသည်။

The Voice Weekly , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment