Pages

Thursday, November 28, 2013

"အမှတ်တရ ရှိခဲ့တဲ့ ဇာတ်ရုပ်တွေ အကြောင်း ပြောသူ ခိုင်သင်းကြည်"

Photo: "အမှတ်တရ ရှိခဲ့တဲ့ ဇာတ်ရုပ်တွေ အကြောင်း ပြောသူ ခိုင်သင်းကြည်"
Wednesday, November 27, 2013

ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးနေတဲ့ “နိုင်သူ့ မျက်ရည်” ဇာတ်ကားကို ခိုင်သင်းကြည်က ညီထွဋ်ခေါင်၊ ရာဇာနေဝင်း၊ ပြေဇင် တို့နဲ့ အတူ ရိုက်ကူးနေ ပါတယ်။ ဒီ ဇာတ်ကား ထဲမှာ ခိုင်သင်း ကြည်က ပြေဇင်ရဲ့ ညီမအဖြစ် သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားလေး က အချစ် အပျော် ဇာတ်ကားလေး ဖြစ်ပါတယ်။ 

ခိုင်သင်းကြည် အနုပညာ အလုပ် စလုပ်ကတည်းက ပရိုဂျူဆာ ၊ဒါရိုက်တာတွေ ပေးတဲ့ ဇာတ်ကိုပဲ လက်ခံ ရိုက်ကူးခဲ့ တာဖြစ်ပြီး ကိုယ်ရိုက်ခဲ့တဲ့ ဇာတ်ကားလေးတွေ ပရိသတ်ဆီ မှာစွဲ ထင်ပြီး ကျန်ခဲ့တာက ပရိုဂျူဆာ၊ ဒါရိုက်တာတွေကြောင့် လို့ဆိုပါတယ်။

“အစ်မ ကတော့ ဇာတ်တွေကို ရိုက်တဲ့အခါမှာ ကိုယ်တိုင်တော့ မရွေး ချယ် ဖြစ်ပါဘူး။ ကိုယ့်ဆီလာတဲ့ ဇာတ်ကိုပဲ ရိုက်ဖြစ်တယ်။ ဒါ ရိုက်တာနဲ့ ပရိုဂျူဆာတွေ ကလည်း ကိုယ်နဲ့ လိုက်တဲ့ ဇာတ်တွေကို ပဲပေးတယ်။ အဲဒီအတွက် အဆင် လည်းပြေတယ်။ “ရက်ပါရွှေရိုး” တို့၊ “မော်ဒယ်ဗွေး တုတ်” ဇာတ်တွေ ဆိုလည်း ပရိုဂျူဆာကြောင့်ပဲ ရိုက်ဖြစ်တယ်။ ဇာတ်ကားလေး ကလည်း ပရိသတ် ကြိုက်ပြီး လက်ခံ သွားတော့ သူတို့ရဲ့အမြင်ကြောင့် လို့ပြောလို့ ရတယ်။ အစ်မကတော့ ကိုယ့်ကို လာပေး တဲ့ ဇာတ်ပေါ် မူတည်ပြီး အကောင်းဆုံး သရုပ်ဆောင် ဖြစ်တယ်။ 

မပုကျွတ် ကာရိုက်တာ မှာ သရုပ်ဆောင်ပြီး ရိုက်တဲ့ အခါ မှာလည်း ဦးစင်ရော်မောင်မောင် ရိုက်တဲ့ နိုင် ငံ တော် ကား လည်း ဖြစ်တယ်။ အဲဒီ အချိန်တုန်းက ဆိုရင် အစ်မက ရုပ်ရှင် ဗီဒီယိုတွေ လုံးဝ မရိုက်ဖြစ် သေးတဲ့ အချိန်မှာ ရိုက်ခွင့် ရလို့ ရိုက်ဖြစ်လိုက်တယ်။ အစ်မ အိမ်က လည်း အစ်မကို အပြင် ဇာတ်ကား တွေ ပေး မရိုက်သေးတော့ ဒီနိုင်ငံ တော် ဇာတ်ကား မှာ မပုကျွတ် ကာရိုက် တာလေး နဲ့စပြီး ရိုက်ဖြစ်သွားတယ်။ မထင်မှတ်ဘဲ ဇာတ်ကားလေး ကလည်း ပရိသတ် တော်တော် ကြိုက်သွား တယ်။ အစ်မ ကိုလည်း ပရိသတ်တွေ က ပိုပြီး သိသွားတယ်။ မပုကျွတ်က အစ်မနဲ့ လိုက်တဲ့ ပုံစံလေး လည်း ဖြစ် သွားတော့ ပရိသတ်တွေရဲ့ ပါးစပ်ဖျား မှာလည်း စွဲသွားတယ်။ မပုကျွတ် ဆို အခု အချိန်ထိ ပရိသတ်တွေဆီမှာ စွဲနေကြ သေးတယ် လို့ထင်တယ်။ အစ်မ အ တွက် မပုကျွတ် ကအမှတ်တရ ဇာတ်ရုပ် လို့ပြောလို့ရတယ်” လို့ ဆိုပါတယ်။

လွင်လွင်ထွန်း
Popular Journal

RangonNewsDaily:: November . 28 .2013
ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးနေတဲ့ “နိုင်သူ့ မျက်ရည်” ဇာတ်ကားကို ခိုင်သင်းကြည်က ညီထွဋ်ခေါင်၊ ရာဇာနေဝင်း၊ ပြေဇင် တို့နဲ့ အတူ ရိုက်ကူးနေ ပါတယ်။ ဒီ ဇာတ်ကား ထဲမှာ ခိုင်သင်း ကြည်က ပြေဇင်ရဲ့ ညီမအဖြစ် သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားလေး က အချစ် အပျော် ဇာတ်ကားလေး ဖြစ်ပါတယ်။ ခိုင်သင်းကြည် အနုပညာ အလုပ် စလုပ်ကတည်းက ပရိုဂျူဆာ ၊ဒါရိုက်တာတွေ ပေးတဲ့ ဇာတ်ကိုပဲ လက်ခံ ရိုက်ကူးခဲ့ တာဖြစ်ပြီး ကိုယ်ရိုက်ခဲ့တဲ့ ဇာတ်ကားလေးတွေ ပရိသတ်ဆီ မှာစွဲ ထင်ပြီး ကျန်ခဲ့တာက ပရိုဂျူဆာ၊ ဒါရိုက်တာတွေကြောင့် လို့ဆိုပါတယ်။

“အစ်မ ကတော့ ဇာတ်တွေကို ရိုက်တဲ့အခါမှာ ကိုယ်တိုင်တော့ မရွေး ချယ် ဖြစ်ပါဘူး။ ကိုယ့်ဆီလာတဲ့ ဇာတ်ကိုပဲ ရိုက်ဖြစ်တယ်။ ဒါ ရိုက်တာနဲ့ ပရိုဂျူဆာတွေ ကလည်း ကိုယ်နဲ့ လိုက်တဲ့ ဇာတ်တွေကို ပဲပေးတယ်။ အဲဒီအတွက် အဆင် လည်းပြေတယ်။ “ရက်ပါရွှေရိုး” တို့၊ “မော်ဒယ်ဗွေး တုတ်” ဇာတ်တွေ ဆိုလည်း ပရိုဂျူဆာကြောင့်ပဲ ရိုက်ဖြစ်တယ်။ 
 
ဇာတ်ကားလေး ကလည်း ပရိသတ် ကြိုက်ပြီး လက်ခံ သွားတော့ သူတို့ရဲ့အမြင်ကြောင့် လို့ပြောလို့ ရတယ်။ အစ်မကတော့ ကိုယ့်ကို လာပေး တဲ့ ဇာတ်ပေါ် မူတည်ပြီး အကောင်းဆုံး သရုပ်ဆောင် ဖြစ်တယ်။

မပုကျွတ် ကာရိုက်တာ မှာ သရုပ်ဆောင်ပြီး ရိုက်တဲ့ အခါ မှာလည်း ဦးစင်ရော်မောင်မောင် ရိုက်တဲ့ နိုင် ငံ တော် ကား လည်း ဖြစ်တယ်။ အဲဒီ အချိန်တုန်းက ဆိုရင် အစ်မက ရုပ်ရှင် ဗီဒီယိုတွေ လုံးဝ မရိုက်ဖြစ် သေးတဲ့ အချိန်မှာ ရိုက်ခွင့် ရလို့ ရိုက်ဖြစ်လိုက်တယ်။ အစ်မ အိမ်က လည်း အစ်မကို အပြင် ဇာတ်ကား တွေ ပေး မရိုက်သေးတော့ ဒီနိုင်ငံ တော် ဇာတ်ကား မှာ မပုကျွတ် ကာရိုက် တာလေး နဲ့စပြီး ရိုက်ဖြစ်သွားတယ်။ မထင်မှတ်ဘဲ ဇာတ်ကားလေး ကလည်း ပရိသတ် တော်တော် ကြိုက်သွား တယ်။ 
 
အစ်မ ကိုလည်း ပရိသတ်တွေ က ပိုပြီး သိသွားတယ်။ မပုကျွတ်က အစ်မနဲ့ လိုက်တဲ့ ပုံစံလေး လည်း ဖြစ် သွားတော့ ပရိသတ်တွေရဲ့ ပါးစပ်ဖျား မှာလည်း စွဲသွားတယ်။ မပုကျွတ် ဆို အခု အချိန်ထိ ပရိသတ်တွေဆီမှာ စွဲနေကြ သေးတယ် လို့ထင်တယ်။ 
 
အစ်မ အ တွက် မပုကျွတ် ကအမှတ်တရ ဇာတ်ရုပ် လို့ပြောလို့ရတယ်” လို့ ဆိုပါတယ်။

လွင်လွင်ထွန်း
Popular Journal , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment