Pages

Thursday, November 28, 2013

ကျွန်တော် ဘယ်တော့မှ နိုင်ငံရေးမလုပ်တော့ပါဘူးဆိုတဲ့ ဦးခင်ညွှန့်

Photo: ကျွန်တော် ဘယ်တော့မှ နိုင်ငံရေးမလုပ်တော့ပါဘူးဆိုတဲ့ ဦးခင်ညွှန့်
Thursday, November 28, 2013

၂၀၁၅ ရွေးကောက်ပွဲတွင် ဦးခင်ညွှန့်အနေနှင့် သံလျင်မြို့တွင် တစ်သီးပုဂ္ဂလ ၀င်ရောက်အရွေးကောက်ခံမည်ဟု သတင်းများထွက်ပေါ်လျှက်ရှိနေရာ အောက်တိုဘာ ၂၈ ရက်(ယနေ့) ကရ၀ိက်နန်းတော်တွင်ပြုလုပ်ခဲ့သော ဦးမြတ်ခိုင်၏ `ဦးခင်ညွှန့်နှင့် အင်တာဗျုး´ စာအုပ်မိတ်ဆက်ပွဲ၌ ၎င်းက နိုင်ငံရေး လုပ်တော့မည်မဟုတ်ကြောင်း အတည်အလင်းထုတ်ဖော်ပြောခဲ့သည်။
´နောက်တစ်ခုက အားလုံးကို အသိပေးချင်တာ ကျွန်တော် နိုင်ငံရေးမလုပ်ပါဘူး၊ သတင်းဌာန တစ်ချို့ကရေးနေကြတယ် ကျွန်တော်နိုင်ငံရေးထွက်လုပ်တော့မယ်၊ ကျွန်တော်နိုင်ငံရေး မလုပ်ပါဘူး၊ ကျွန်တော်တို့က အသက်အရွယ်လည်း ရလာပါပြီ၊ နိုင်ငံရေးလုပ်ရမယ့် အခြေအနေမျိုး အချိန်အခါမျိုး ကျွန်တော်တို့အရွယ် မဟုတ်တော့ပါဘူး၊နောက်လူငယ်တွေ အများကြီးရှိပါတယ်၊ ကျွမ်းကျင်တဲ့ လူငယ်တွေ၊ ပညာတတ် လူငယ်တွေ သူတို့ကနေ တိုင်းပြည်ကို ဆက်လက်ပြီးဦးဆောင်သွားလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်၊ ကျွန်တော် နိုင်ငံရေး ဘယ်တော့မှ မလုပ်တော့ပါဘူး ဆိုတာ ဒီနေရာကနေပြီး အာလုံးကို ကတိပေးပါတယ်´ ဟု ပြောကြားခဲ့သည်။
ထိုသို့ အသိပေးပြောကြားခြင်းအပေါ် ၀ါရင့်အယ်ဒီတာတစ်ဦးက `နိုင်ငံရေး မလုပတော့ဘူးပြောရအောင် သူက ဘယ်တုန်းကများ နိုင်ငံရေးလုပ်ခဲ့လို့လဲ၊ နိုင်ငံရေးလုပ်တဲ့သူတွေကို ဖမ်းဆီးထောင်ချတဲ့ အလုပ်ပဲ လုပ်ခဲ့တာ´ ဟု ဝေဖန်ခဲ့သည်။

(ဓါတ်ပုံ)မျိုးမင်းစိုး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

RangonNewsDaily:: November . 28 .2013
၂၀၁၅ ရွေးကောက်ပွဲတွင် ဦးခင်ညွှန့်အနေနှင့် သံလျင်မြို့တွင် တစ်သီးပုဂ္ဂလ ၀င်ရောက်အရွေးကောက်ခံမည်ဟု သတင်းများထွက်ပေါ်လျှက်ရှိနေရာ အောက်တိုဘာ ၂၈ ရက်(ယနေ့) ကရ၀ိက်နန်းတော်တွင်ပြုလုပ်ခဲ့သော ဦးမြတ်ခိုင်၏ `ဦးခင်ညွှန့်နှင့် အင်တာဗျုး´ စာအုပ်မိတ်ဆက်ပွဲ၌ ၎င်းက နိုင်ငံရေး လုပ်တော့မည်မဟုတ်ကြောင်း အတည်အလင်းထုတ်ဖော်ပြောခဲ့သည်။
´နောက်တစ်ခုက အားလုံးကို အသိပေးချင်တာ ကျွန်တော် နိုင်ငံရေးမလုပ်ပါဘူး၊ သတင်းဌာန တစ်ချို့ကရေးနေကြတယ် ကျွန်တော်နိုင်ငံရေးထွက်လုပ်တော့မယ်၊ ကျွန်တော်နိုင်ငံရေး မလုပ်ပါဘူး၊ 
 
ကျွန်တော်တို့က အသက်အရွယ်လည်း ရလာပါပြီ၊ နိုင်ငံရေးလုပ်ရမယ့် အခြေအနေမျိုး အချိန်အခါမျိုး ကျွန်တော်တို့အရွယ် မဟုတ်တော့ပါဘူး၊နောက်လူငယ်တွေ အများကြီးရှိပါတယ်၊ ကျွမ်းကျင်တဲ့ လူငယ်တွေ၊ ပညာတတ် လူငယ်တွေ သူတို့ကနေ တိုင်းပြည်ကို ဆက်လက်ပြီးဦးဆောင်သွားလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်၊ 
 
ကျွန်တော် နိုင်ငံရေး ဘယ်တော့မှ မလုပ်တော့ပါဘူး ဆိုတာ ဒီနေရာကနေပြီး အာလုံးကို ကတိပေးပါတယ်´ ဟု ပြောကြားခဲ့သည်။

ထိုသို့ အသိပေးပြောကြားခြင်းအပေါ် ၀ါရင့်အယ်ဒီတာတစ်ဦးက `နိုင်ငံရေး မလုပတော့ဘူးပြောရအောင် သူက ဘယ်တုန်းကများ နိုင်ငံရေးလုပ်ခဲ့လို့လဲ၊ နိုင်ငံရေးလုပ်တဲ့သူတွေကို ဖမ်းဆီးထောင်ချတဲ့ အလုပ်ပဲ လုပ်ခဲ့တာ´ ဟု ဝေဖန်ခဲ့သည်။

(ဓါတ်ပုံ)မျိုးမင်းစိုး
News Watch Journal , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment