Pages

Friday, December 7, 2012

အယ်လ်ဂျာဇီးယား သတင်းဌာနမှ ထုတ်လွင့်မည့် ရခိုင်ပြည်နယ် ပဋိပက္ခသတင်း အစီအစဉ်တစ်ခုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအစိုးရမှ ကန့်ကွက်

FRIDAY, 07 DECEMBER 2012 
 
ကာတာနိုင်ငံအခြေစိုက် အယ်လ်ဂျားဇီးယား သတင်းဌာနမှ ထုတ်လွင့်မည့် ရခိုင်ပြည်နယ်ပဋိပက္ခ သတင်းအစီအစဉ်တစ်ခုအား မြန်မာနိုင်ငံအစိုးရမှ ပြင်းထန်စွာ ကန့်ကွက်ကြောင်းကို နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် အယ်လ်ဂျားဇီးယား သတင်းဌာနသည် မြန်မာနိုင်ငံရှိ၎င်းတို့အခေါ်ရိုဟင်
ဂျာများနှင့်ပတ်သက်၍ သတင်းအစီအစဉ်တစ်ခုကို ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ အာရပ်ဘာသာဖြင့်လည်းကောင်း၊ ဒီဇင်ဘာ လ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ အင်္ဂလိပ်ဘာသာဖြင့်လည်း
ကာင်း ထုတ်လွင့်ပြသမည်ဖြစ်ကြောင်း သိရှိရသည်။
 
အဆိုပါ အစီအစဉ်တွင် ၎င်းတို့အခေါ် ရိုဟင်ဂျာများအား လူမျိုးတုံးအောင် သတ်ဖြတ်လုပ်ဆောင်နေမှုများကို ထည့်သွင်းဖော်ပြသွားမည်ဟုလည်း ဖော်ပြထားသည်ကို တွေ့ရှိရကြောင်း ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံအစိုးရ အနေဖြင့် ၂၀၁၂ ခုနှစ်မေလ၊ ဇွန်လနှင့် အောက်တိုဘာလတွင် လည်းကောင်း ဖြစ်ပွား
ခဲ့သော ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူမျိုးစုများနှင့် ဒေသခံ ရခိုင်တိုင်းရင်းသားများအကြား အကြမ်းဖက်
မှုများနှင့် စပ်လျဉ်း၍ စတင်ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ ပွင့်လင်းမြင်သာမှုရှိစွာ ကိုင်တွယ်ဆောင်ရွက်ခဲ့
ကြာင်း၊ 
 
လူမှုအုပ်စု နှစ်ခုအကြား ဖြစ်ပွားသည့် အကြမ်းဖက်မှုများ ဖြစ်ပွားရာ နေရာများသို့ ကုလသမဂ္ဂ လက်အောက်
ခံအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သံတမန်များ၊ Muslim Aid အဖွဲ့တို့အား ကိုယ်တိုင်သွားရောက် ကြည့်ရှုခွင့်ပေးခဲ့ကြောင်း၊ 
 
တူရကီ၊ အင်ဒိုနီးရှား၊ မလေးရှား စသည့်နိုင်ငံများနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC ) မှ
 နိုင်ငံခြားရေးဝန်ကြီး၊ အဆင့်မြင့် ကိုယ်စားလှယ်များကို သွားရောက်ခွင့်ပြုခဲ့ကြောင်း၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေသူ ဒုက္ခသည်များအား နေရာချထားပေးရေး၊ ပြန်လည်ထူထောင်ရေး၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးနှင့် အခြားလူ
မှုရေး လိုအပ်ချက်များ ပံ့ပိုးပေးရေး စသည့်လူသားချင်း စာနာထောက်ထားသည့် အကူအညီများကို ခွဲခြား
မှုမရှိပဲ ထိခိုက်နစ်နာသူ အုပ်စုနှစ်ခုလုံးအတွက် မျှတစွာ ထောက်ပံ့ကူညီခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် လွတ်လပ်သည့် စုံစမ်းစစ်ဆေး
ရး ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းပေးခဲ့ပြီဖြစ်ကြောင်း၊ ဖြစ်စဉ်များပေါ်တွင် သတင်းဌာနအချို့နှင့် အဖွဲ့အ
စည်းအချို့က စွပ်စွဲသကဲ့သို့ အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အာဏာပိုင်တို့က ပူးပေါင်းပါဝင် ပတ်သက်
ခင်း၊ လူမျိုးရေး၊ ဘာသာရေး၊ ခွဲခြားဖိနှိပ်ခြင်းများ လုံးဝမရှိသည်ကို ထပ်လောင်းအတည်ပြု ဖော်ပြကြောင်း၊ ပတ်သက်မှုမရှိကြောင်းကို နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူများက ကုလသမဂ္ဂ အထွေထွေညီလာခံ
တွင် ကမ္ဘာသို့ အတိအလင်း အသိပေးပြောကြားခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ် ပဋိပက္ခကို မဟုတ်မမှန် လုပ်ကြံ၍ ပုံကြီးချဲ့ကာ သတင်းမှတ်တမ်းအဖြစ် ထုတ်လွင့်ပြသရန် အယ်လ်ဂျားဇီးယား သတင်းဌာန၏ လုပ်ဆောင်ချက်များကို ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအနေ
ဖင့် ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်လိုက်ကြောင်း သတင်းထုတ်ပြန်ချက်အဆုံးတွင် ဖော်ပြထားသည်။
 
 
Eleven Media Group 

0 comments:

Post a Comment