Pages

Friday, December 7, 2012

ဒီဇင်ဘာလ နှောင်းပိုင်းတွင် တာဝေးပစ် ဒုံးကျည် တစ်ခု ပစ်လွှတ်ရန် မြောက်ကိုရီးယား စီစဉ်

ဒီဇင်ဘာလ နှောင်းပိုင်းတွင် တာဝေးပစ် ဒုံးကျည် တစ်ခု ပစ်လွှတ်ရန် မြောက်ကိုရီးယား စီစဉ်

မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် ဒီဇင်ဘာလ နှောင်းပိုင်းတွင် တာဝေးပစ် ဒုံးကျည် တစ်ခုအား ပစ်လွှတ်ရန် အတွက် အဆင့် ၃ ဆင့် စလုံးအား ဒုံးပျံ ပစ်စင်တွင် တပ်ဆင်ထားပြီး ဖြစ်ကြောင်း၊ အဆိုပါ တပ်ဆင်ခြင်း သည် အပြည်ပြည် ဆိုင်ရာ စစ်ပွဲများ တားဆီးရေး ပြဋ္ဌာန်းချက် များကို မလိုက်နာခြင်း ဖြစ်သည်ဟု ဒီဇင်ဘာလ ၅ ရက်နေ့တွင် အသံလွှင့် ဌာနများမှ ပြောကြားခဲ့ ပါသည်။

၎င်းဒုံးပျံအား မြောက်ကိုရီးယား နိုင်ငံ၏ အနောက် မြောက်ဘက်တွင် တပ်ဆင်ထားပြီး ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံ၏ Yonhap သတင်း ဌာနက တရားဝင် ပြောကြားခဲ့ ပါသည်။ ဒီဇင်ဘာလ ၁ဝ ရက်နေ့နှင့် ၁၂ ရက် အကြားတွင် စတင်ပစ်လွှတ် နိုင်မည်ဖြစ်ကြောင်း ကိုလည်း အမည် မဖော်လိုသော ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့ ပါသည်။ 

အထက် ပါ ဒုံးပျံ ပစ်လွှတ်ရန် ဆောင်ရွက်ခြင်းသည် ပြီးခဲ့သည့် ဧပြီလ အတွင်း ပစ်လွှတ်ခဲ့စဉ် မအောင်မြင် ခဲ့သည့် နောက်ပိုင်း မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် ယခုနှစ် အတွင်း ဒုတိယ အကြိမ် ပစ်လွှတ်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။ မြောက်ကိုရီးယား နိုင်ငံသည် ဂြိုဟ်တုအား ဂြိုဟ်ပတ် လမ်းအတွင်း စနစ်တကျ ရောက်ရှိစေရန် ရည်ရွယ်၍ ဒုံးပျံဖြင့် လွှတ်တင်ခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့ ပါသည်။ 

အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်း များအနေဖြင့် အဆိုပါ ဒုံးပျံ ပစ်လွှတ်ခြင်းများ အပေါ် သံသယများ ရှိခဲ့ကြကြောင်း ဖော်ပြထားပါ သည်။

http://www.myawady.net.mm/allnews/global/item/1141-2012-12-07-20-30-38

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ

မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် ဒီဇင်ဘာလ နှောင်းပိုင်းတွင် တာဝေးပစ် ဒုံးကျည် တစ်ခုအား ပစ်လွှတ်
ရန် အတွက် အဆင့် ၃ ဆင့် စလုံးအား ဒုံးပျံပစ်စင်တွင်တပ်ဆင်ထားပြီး ဖြစ်ကြောင်း၊အဆိုပါ တပ်ဆင်ခြင်း
သည် အပြည်ပြည် ဆိုင်ရာ စစ်ပွဲများ တားဆီးရေး ပြဋ္ဌာန်းချက် များကို မလိုက်နာခြင်း ဖြစ်သည်ဟု ဒီဇင်ဘာ
လ ၅ ရက်နေ့တွင် အသံလွှင့် ဌာနများမှ ပြောကြားခဲ့ ပါသည်။ ၎င်းဒုံးပျံအား မြောက်ကိုရီးယား နိုင်ငံ၏ အနောက် မြောက်ဘက်တွင် တပ်ဆင်ထားပြီး ဖြစ်ကြောင်း တောင်
ကိုရီးယား နိုင်ငံ၏ Yonhap သတင်း ဌာနက တရားဝင် ပြောကြားခဲ့ ပါသည်။ ဒီဇင်ဘာလ ၁ဝ ရက်နေ့နှင့် ၁၂ ရက် အကြားတွင် စတင်ပစ်လွှတ် နိုင်မည်ဖြစ်ကြောင်း ကိုလည်း အမည် မဖော်လိုသော ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့ ပါသည်။

အထက် ပါ ဒုံးပျံ ပစ်လွှတ်ရန် ဆောင်ရွက်ခြင်းသည် ပြီးခဲ့သည့် ဧပြီလ အတွင်း ပစ်လွှတ်ခဲ့စဉ် မအောင်မြင် ခဲ့သည့် နောက်ပိုင်း မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် ယခုနှစ် အတွင်း ဒုတိယ အကြိမ် ပစ်လွှတ်ရန် ကြိုး
ပမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။ မြောက်ကိုရီးယား နိုင်ငံသည် ဂြိုဟ်တုအား ဂြိုဟ်ပတ် လမ်းအတွင်း စနစ်တကျ ရောက်ရှိစေရန် ရည်ရွယ်၍ ဒုံးပျံဖြင့် လွှတ်တင်ခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့ ပါသည်။
အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်း များအနေဖြင့် အဆိုပါ ဒုံးပျံ ပစ်လွှတ်ခြင်းများ အပေါ် သံသယများရှိခဲ့ကြ
ကြာင်း ဖော်ပြထားပါ သည်။

 
မ၀တီ 

0 comments:

Post a Comment