Pages

Friday, December 7, 2012

အဆိုတော်ဒေါ်မာမာအေးသည် မြန်မာနိုင်ငံတွင် ၃ လခန့် နေထိုင်မည်

အဆိုတော်မာမာအေးသည် ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် မြန်မာနိုင်ငံသို့ပြန်ရောက်လာသည်။ အဆိုတော် မာမာအေးက သူမအား လာရောက်ကြိုဆိုသူ မိသားစုဝင်များ၊ မိတ်ဆွေများ၊ ဂီတလောကသားအချို့နှင့် ပရိသတ်များကို "မာမာအေးကို သီချင်းဆိုဖို့ ပြောထားတာတွေရှိတယ်။ မာအေးသီချင်း ဆိုပြချင်ပါတယ်။ ကျန်းမာနေသရွေ့ပေါ့။ " ဟု ရန်ကုန်လေဆိပ်တွင် နှုတ်ဆက်စကားပြောကြားသည်။

ဒေါ်မာမာအေးသည် မြန်မာနိုင်ငံတွင် ၃ လခန့် နေထိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အသက် ၇၆ နှစ်အရွယ် ဒေါ်မာမာအေးသည် ၀ှီးချဲအသုံးပြု လာရောက်သည်ကိုတွေ့ရပြီး လေဆိပ်တွင် ကြိုဆိုနေသူများကြား ပြုံးရွှင်လန်းဆန်းနေသည်ကို တွေ့ရသည်။ သူမ၏ ကျန်းမာရေးမှာ လေဖြတ်ထားဖူးပြီး နှလုံးရောဂါအခံရှိကာ ခန္ဓာကိုယ်ဝိတ်များ၍ ချော်လဲထားဖူးသည်မှာ နှစ်ခါရှိပြီဖြစ်သောကြောင့် မြန်မာပြည်ခရီးစဉ် လာရောက်ရာတွင် ၀ှီးချဲအသုံးပြုကာ လာရောက်ခဲ့ရခြင်းဖြစ်ကြောင်း သူမ၏ သမီးဖြစ်သူ ဒေါ်မေချိုကပြောသည်။ ဒေါ်မာမာအေးသည် ရန်ကုန်တွင် ဘိုဘိုအန်တာတိန်းမန့်နှင့် ပူးပေါင်း၍ ဂီတဖျော်ဖြေပွဲ ပြုလုပ်ရမည်ဖြစ်ပြီး ယခု ဒီဇင်ဘာလအတွင်း ပုဂံရှိ တန့်ကြည့်တောင်ဆရာတော်ထံတွင် တရားစခန်းဝင်မည်ဟု သိရသည်။

အဆိုတော် မာမာအေးသည် ၁၉၉၈ ခုနှစ်က ဥရောပနိုင်ငံအချို့သို့ အလည်အပတ်ခရီးထွက်ရာမှ ပြည်ပရောက် အတိုက်အခံအချို့ကို တေးသီချင်းများ သီဆိုဖျော်ဖြေခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ၁၀ ကျော်ကြာ ပြန်မလာဖြစ်ရာမှ ယခု ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ-ထက်ပိုင်ဖြိုး(ဇ၀န)

အေးချမ်းမွန်မှ  7Day News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :7Day News Journal

အဆိုတော်မာမာအေးသည် ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် မြန်မာနိုင်ငံသို့ပြန်ရောက်လာသည်။ အဆိုတော် မာမာအေးက သူမအား လာရောက်ကြိုဆိုသူ မိသားစုဝင်များ၊ မိတ်ဆွေများ၊ ဂီတလောကသားအချို့နှင့် ပရိသတ်များကို "မာမာအေးကို သီချင်းဆိုဖို့ ပြောထားတာတွေရှိတယ်။ မာအေးသီချင်း ဆိုပြချင်ပါတယ်။ ကျန်းမာနေသရွေ့ပေါ့။ " ဟု ရန်ကုန်လေဆိပ်တွင် နှုတ်ဆက်စကားပြောကြားသည်။ ဒေါ်မာမာအေးသည် မြန်မာနိုင်ငံတွင် ၃ လခန့် နေထိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အသက် ၇၆ နှစ်အရွယ် ဒေါ်မာမာအေးသည် ၀ှီးချဲအသုံးပြု လာရောက်သည်ကိုတွေ့ရပြီး လေဆိပ်တွင် ကြိုဆိုနေသူများကြား ပြုံးရွှင်လန်းဆန်းနေသည်ကို တွေ့ရသည်။ 
 
သူမ၏ ကျန်းမာရေးမှာ လေဖြတ်ထားဖူးပြီး နှလုံးရောဂါအခံရှိကာ ခန္ဓာကိုယ်ဝိတ်များ၍ ချော်လဲထားဖူးသည်မှာ နှစ်ခါရှိပြီဖြစ်သောကြောင့် မြန်မာပြည်ခရီးစဉ် လာရောက်ရာတွင် ၀ှီးချဲအသုံးပြုကာ လာရောက်ခဲ့ရခြင်းဖြစ်ကြောင်း သူမ၏ သမီးဖြစ်သူ ဒေါ်မေချိုကပြောသည်။
 
 ဒေါ်မာမာအေးသည် ရန်ကုန်တွင် ဘိုဘိုအန်တာတိန်းမန့်နှင့် ပူးပေါင်း၍ ဂီတဖျော်ဖြေပွဲ ပြုလုပ်ရမည်ဖြစ်ပြီး ယခု ဒီဇင်ဘာလအတွင်း ပုဂံရှိ တန့်ကြည့်တောင်ဆရာတော်ထံတွင် တရားစခန်းဝင်မည်ဟု သိရသည်။
အဆိုတော် မာမာအေးသည် ၁၉၉၈ ခုနှစ်က ဥရောပနိုင်ငံအချို့သို့ အလည်အပတ်ခရီးထွက်ရာမှ ပြည်ပရောက် အတိုက်အခံအချို့ကို တေးသီချင်းများ သီဆိုဖျော်ဖြေခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ၁၀ ကျော်ကြာ ပြန်မလာဖြစ်ရာမှ ယခု ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ-ထက်ပိုင်ဖြိုး(ဇ၀န) 
 7Day News Journal

0 comments:

Post a Comment