Pages

Friday, December 7, 2012

လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မီဒီယာများအားရှင်းလင်းပြောကြား

"လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မီဒီယာများအားရှင်းလင်းပြောကြား"

ရန်ကုန်၊ ဒီဇင်ဘာ ၇

 ဆန့်ကျင်ကန့်ကွက်မှုများနှင့် ကြုံတွေ့နေရသည့် လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ယနေ့ ၉ နာရီ ၃၀ မိနစ် အချိန်မှစ၍ ၁၁ နာရီ 
၃၀မိနစ်အချိန်အထိ ပြည်တွင်းမီဒီယာများနှင့် ပြည်ပမီဒီယာများကိုခေါ်ယူတွေ့ဆုံကာ တရုတ်နိုင်ငံ၏ သဘောထားကို ရှင်းပြမှုတစ်ရပ် ပြုလုပ်ခဲ့သည်။

 တရုတ်သံအမတ်ကြီးလီကျွင်းဟွာက ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော စုံစမ်းဖော်ထုတ်ရေး ကော်မရှင်၏ဆုံးဖြတ်ချက်ကို ၄င်းတို့နိုင်ငံအနေဖြင့် စောင့်မျှော်နေပြီး 
မှန်ကန်သည့်အတိုင်း၊မျှတသည့်အတိုင်းအဖြေထွက်လာလျှင်လက်မခံနိုင်စရာအကြောင်းမရှိပါဘူးဟူ၍ မီဒီယာများအားတရားဝင်ထုတ်ဖော်ပြောဆိုလိုက်သည်။

 ပြီးနောက် ၄င်းတို့အနေဖြင့် တရုတ်မြန်မာဆက်ဆံရေးအပေါ်၌ မြန်မာပြည်သူအချို့၏ လက်ရှိသဘောထားအပေါ် စိတ်မကောင်းဖြစ်မိပါကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ 

အဘယ့်ကြောင့်ထိုကဲ့သို့ဖြစ်ရခြင်းအပေါ် နှစ်နှစ်ကျော်ကြာသည်အထိ စဉ်းစား၍ မရပါကြောင်းလည်းထည့်သွင်းပြောဆိုခဲ့သည်။

 “ဆွေမျိုးပေါက်ဖော် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးလာတာ ကာလကြှာရည်ခဲ့ပါပြီ။ ဒါပေမဲ့ဆန္ဒပြတဲ့အချို့သောသူတွေက ပြည်တွင်းမှာရှိတဲ့ တရုတ်နိုင်ငံသားတွေ ထွက်သွားလို့ ကြွေးကြော်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။ အဲဒီလိုသာ ထွက်သွားရမယ်ဆိုရင် ကျွန်တော်သံအမတ်ကြီး လည်းအလုပ်လက်မဲ့ဖြစ်သွားမှာပေါ့။ ဒါကြောင့် စေတနာရှိရှိနဲ့မေတ္တာရပ်ခံချင်ပါတယ်။ 
တစ်ခါတလေ အခက်အခဲလေးတွေရှိတတ်ပါတယ်။ နောင်ကာလကို ရှေးရှုပြီး ညှိညှိနှိုင်းနှိုင်းလုပ်ဖို့လိုပါတယ်။ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးအပေါ် အချို့က ဒီလိုဖြစ်လာနေတာဟာ 
ကြီးမားတဲ့အကြောင်းကြီးရှိလို့လား။ ကျွန်တော်နားမလည်ဘူး။ မီဒီယာများသိရင် နည်းနည်းပညာပေးပါကျွန်တော်လိုချင်ပါတယ်”ဟု ၄င်းကပင် ဆက်ပြောသည်။

 ထို့နောက် မြန်မာမီဒီယာများအပါအ၀င် ပြည်ပမီဒီယာများ၏ မေးမြန်းချက်များကို သံအမတ်ကြီးက ပွင့်လင်းစွာဖြေကြားပြီးနောက်
အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။

PN-051, ညွန့်ဝင်း

ရန်ကုန်၊ ဒီဇင်ဘာ ၇

ဆန့်ကျင်ကန့်ကွက်မှုများနှင့် ကြုံတွေ့နေရသည့် လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်
ရာ တရုတ်သံအမတ်ကြီးက ယနေ့ ၉ နာရီ ၃၀ မိနစ် အချိန်မှစ၍ ၁၁ နာရီ၃၀မိနစ်အချိန်အထိ ပြည်တွင်းမီဒီယာ
များနှင့် ပြည်ပမီဒီယာများကိုခေါ်ယူတွေ့ဆုံကာ တရုတ်နိုင်ငံ၏ သဘောထားကို ရှင်းပြမှုတစ်ရပ် ပြုလုပ်ခဲ့သည်။ တရုတ်သံအမတ်ကြီးလီကျွင်းဟွာက ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော စုံစမ်းဖော်ထုတ်ရေး ကော်မရှင်
၏ဆုံးဖြတ်ချက်ကို ၄င်းတို့နိုင်ငံအနေဖြင့် စောင့်မျှော်နေပြီး မှန်ကန်သည့်အတိုင်း၊မျှတသည့်အတိုင်းအဖြေထွက်
လာလျှင်လက်မခံနိုင်စရာအကြောင်းမရှိပါဘူးဟူ၍ မီဒီယာများအားတရားဝင်ထုတ်ဖော်ပြောဆိုလိုက်သည်။
ပြီးနောက် ၄င်းတို့အနေဖြင့် တရုတ်မြန်မာဆက်ဆံရေးအပေါ်၌ မြန်မာပြည်သူအချို့၏ လက်ရှိသဘောထားအပေါ် စိတ်မကောင်းဖြစ်မိပါကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

အဘယ့်ကြောင့်ထိုကဲ့သို့ဖြစ်ရခြင
်းအပေါ် နှစ်နှစ်ကျော်ကြာသည်အထိ စဉ်းစား၍ မရပါကြောင်းလည်းထည့်သွင်း
ပြောဆိုခဲ့သည်။
“ဆွေမျိုးပေါက်ဖော် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးလာတ
ာ ကာလကြှာရည်ခဲ့ပါပြီ။ ဒါပေမဲ့ဆန္ဒပြတဲ့အချို့သောသူတွေက ပြည်တွင်းမှာရှိတဲ့ တရုတ်နိုင်ငံသားတွေ ထွက်သွားလို့ ကြွေးကြော်တာမျိုးတွေလည်းရှိခဲ့ပါတယ်။အဲဒီလိုသာထွက်
သွားရမယ်ဆိုရင် ကျွန်တော်သံအမတ်ကြီး လည်းအလုပ်လက်မဲ့ဖြစ်သွားမှာပေါ့။ ဒါကြောင့် စေတနာရှိရှိနဲ့မေတ္တာ
ရပ်ခံချင်ပါတယ်။ 

တစ်ခါတလေ အခက်အခဲလေးတွေရှိတတ်ပါတယ်။ နောင်ကာလကို ရှေးရှုပြီး ညှိညှိနှိုင်းနှိုင်းလုပ်ဖို့လို
ပါတယ်။
 နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးအပေါ် အချို့က ဒီလိုဖြစ်လာနေတာဟာ ကြီးမားတဲ့အကြောင်းကြီးရှိလို့
ား။ ကျွန်တော်နားမလည်ဘူး။ မီဒီယာများသိရင် နည်းနည်းပညာပေးပါကျွန်တော်လိုချင်ပါတယ်”ဟု ၄င်းကပင် ဆက်ပြောသည်။
ထို့နောက် မြန်မာမီဒီယာများအပါအ၀င် ပြည်ပမီဒီယာများ၏ မေးမြန်းချက်များကိုသံအမတ်ကြီးကပွင့်လင်းစွာဖြေ
ကြားပြီးနောက်အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ညွန့်ဝင်း
 
Popular Myanmar News:


0 comments:

Post a Comment