Pages

Friday, August 10, 2012

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ပြဿနာ ထိမ်းချုပ်ရ ခက်ခဲနေကြောင်း မြန်မာအစိုးရက မနေ့က သတိပေးပြောဆို

Photo: မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ပြဿနာ ထိမ်းချုပ်ရ ခက်ခဲနေကြောင်း မြန်မာအစိုးရက မနေ့က သတိပေးပြောဆိုတယ်လို့ အေအက်ဖ်ပီ သတင်းက ရေးသားပါတယ်။ 
စိတ်ကြွဆေးပြား Amphetamine အလုံးရေ ၁ သန်း ၄ သိန်း နဲ့ ဘိန်းဖြူ ပိဿာ ၇၀ ကျော် ဖမ်းဆီးရမိချိန်မှာ အဲဒီလို စိုးရိမ်မှုတွေ ဖြစ်လာရတာလို့ ဆိုပါတယ်။ 
အဲဒီဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါးတွေ အများစုဟာ မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်မှာ ဖြစ်ပေမယ့် ဖြန့်ဖြူးရောင်းချမှုတွေဟာ ရန်ကုန်မြို့အထိ ပြန့်နှံ့နေတာဖြစ်ကြောင်း ၊ စိတ်ကြွဆေးပြားတွေကို အလွယ်တကူ ၀ယ်ယူလို့ ရနေတာဖြစ်တဲ့အတွက် ထိမ်းချုပ်ရ ခက်ခဲနေတာဖြစ်ကြောင်း သိရပါတယ်။ 
အမည်မဖေါ်လိုတဲ့ အစိုးရ မူးယစ်ဆေးဝါး နှိမ်နင်းရေးဌာန ၀န်ထမ်းတစ်ဦးက မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ပြဿနာဟာ အန္တရာယ်အလွန်ကြီးမားနေပြီ ဖြစ်ကြောင်း နဲ့ အခုနောက်ပိုင်း ပိုဆိုးလာတာ တွေ့ရကြောင်း ပြောဆိုတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ တစ်လတည်းတင် မူးယစ်ဆေးဝါး အမှုပေါင်း ၃၄၂ မှု ရှိခဲ့ပြီး ပါဝင်ပတ်သက်သူပေါင်း ၄၇၃ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံက နယ်ခြားဒေသတွေမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှု များပြားလာနေပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာလည်း မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုနဲ့ ဘဏ္ဍာငွေ ရှာဖွေနေတာတွေ ရှိနေတယ်လို့ဆိုပါတယ်။ ကုလသမဂ္ဂ စာရင်းအရ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုဟာ ၁၉၉၈ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း ၃ဆများလာတယ်လို့ ပြောထားပါတယ်။
 (ဓတ်ပုံ မူးယစ်ဆေးဝါးအများသယ်ဆောင်ဖြန်ဖြူးရာဟု အမည်ကျော်ကြားနေသော မြန်မာတရုတ်ယူနန်ပြည်နယ် နယ်စပ်ဒေသ)
(ဓတ်ပုံ မူးယစ်ဆေးဝါးအများသယ်ဆောင်ဖြန်ဖြူးရာဟု အမည်ကျော်ကြားနေသော မြန်မာတရုတ်ယူနန်ပြည်နယ် နယ်စပ်ဒေသ)
အေအဖ်ပီ သတင်းက ရေးသားပါတယ်။ 

0 comments:

Post a Comment