Pages

Friday, August 10, 2012

အစိုးရမှ အင်အားသုံးပြီး KIO(ကချင်ပြည်နယ်လွတ်မြောက်ရေး) ဗဟို ဌာနချုပ်ကို စစ်ဆင်နေ



ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) ဌာနချုပ်ကို အစိုးရက အင်အားသုံးပြီး စစ်ဆင်နေသည်ဟု (KIA) စစ်ရုံးချုပ်က အရာရှိတဦးက ပြောပါသည်။ အင်အားဖြည့်တင်းထားသော အစိုးရ တပ်ဖွဲ့ များ သည်၊ ကချင် လွတ်မြောက်ရေး တပ်မတော် (KIO) ရှေ့တ န်း ချု ပ်နှင့် (၁၀) မိုင်ခန့် သာ ဝေးေ သာ ဒေါ့ဖုန်ယ န်မြို့နယ် ခွဲဘက် သို့ ရော က်ရှိနေပြီြး ဖစ်ပါသည်။
အစိုးရ တပ်ဖွဲ့တွေက လိုင်ဇာ ကို စ စ်ဆ င်နိုင် ဖို့ ဗန်းမော်ကတဆင့် တာပိန် ရေအား လျှပ်စစ်ဖက်ကို လမ်းေ ကြာ င်း (၁) အနေနဲ့ တကြောင်း အင် အားဖြည့်တယ်။ ပြီးတော့ လမ်းကြောင်း (၂)အနေနဲ့ ဒေါ့ဖု န်ယန်မြို့နယ်ခွဲ ဘက် ကို အင်အားဖြည့်ပါတယ်။ ကျနော်တို့နဲ့ (၃)ရက်အတွင်းမှာ အပြင်းအထန် တိုက်ပွဲတွေ (၁၂) ခါဖြစ်ခဲ့တယ်။

သူတို့ဖက်က အကျအဆုံး မသိပေမဲ့ ဒါဏ်ရာရသူတွေကိုတော့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဖက်ကို ပို့လိုက်တယ်” ဟု ဆိုပါသည်။

သြဂုတ်လ ၉ ရက်နေ့နေ့လည်ပိုင်းတွင် တာပိန်ရေအား လျပ်စစ်အနီး၌ အစိုးရခမရ ၃၁၉ နှင့်ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ ပါသည်။ အစိုးရတပ်ဖွဲ့သည် ကေအိုင်အေ ရှေ့တန်း ဌါနချုပ် (ယာယီ) ရုံးစိုက်ထားသော လိုင်ဇာဘက်ကို စစ်ဆင်နိုင်ရန်၊ ၀၇-၀၈-၂၀၁၂ ရက်နေ့တွင် မြစ်ကြီးနား ဘက်မှ၎င်း၊ (၀၈-၀၈-၂၀၁၂) ရက်နေ့တွင် မြစ်ကြီးနား-လိုင်ဇာလမ်းပေါ်ရှိ ဒဘတ်ယန် တွင်လည်းကောင်း အင်အား ထပ်ဖြည့်ထားပါသည်။

ဗန်မော်ဘက်မှ စစ်အင်အားများကိုလည်း ၀၇-၀၈-၂၀၁၂ ရက်နေ့တွင် ပြန်လည်အင်အားဖြည့်တင်းထားပြီး (လမ်းကြောင်း နှစ်ခုဖြင့် လိုင်ဇာဖက်ကို ချီတက်နေခြင်းဖြစ်ပါသည်။

လိုင်ဇာ စစ်ဆင်ရေးကို ပြီးခဲ့သည့် သြဂုတ်လ (၇) ရက်နေ့မှ စပြီး ပြင်းထန်သော ထိုးစစ်ဖြင့် စတင် ဆင်နွှဲလာနေပါသည်။ ဤ သို့ကြောင့် (၃) ရက်အတွင်း တိုက်ပွဲပေါင်း (၁၂) ကြိမ် ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

ဤကဲ့သို့သော အခြေအနေ၌ တရုတ်ပြည်ဖက်၌ ရောက်ရှိနေသော ကချင် စစ်ပြေး ဒုက္ခသည် များကိုလည်း တရုတ်အစိုးရက နှင်ထုတ်နေသည်ဟု ကချင်ဒုက္ခသည် အရေးကို ကူညီနေသော အဖွဲ့အစည်းများက ဆိုပါသည်။

မြန်မာ အစိုးရသည် အပစ်အခတ်ရပ်စဲရေးအတွက်KIO နှင့် အပစ် အခတ်ရပ်စဲရေးအတွက် အဆိုပြုမှုရှိသော်လည်း KIO မှလက်မခံဘဲ ပယ်ချခဲ့ပြီးမှ လိုင်ဇာစစ်ဆင်ရေး တိုက်ပွဲများ ပြင်းထန်လာခဲ့ခြင်းဖြစ်ပါသည်။


ကချင်နေ့စဉ်သတင်း Facebook

0 comments:

Post a Comment