သတင်း လွတ်လပ်ခွင့်ကော်မတီ (ယာယီ) က သြဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုသည့်အချက်
များအား ထောက်ခံကြောင်း စာနယ်ဇင်းသမား ၅၅၂ ဦး လက်မှတ်ရေးထိုးထားခြင်းကို သြဂုတ်လ ၁၃ ရက်
နေ့တွင် သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌများထံသို့ ပေးပို့မည်ဖြစ်ကြောင်း သတင်း လွတ်လပ် ခွင့်ကော်မ တီ
ယင်းအပြင် သတင်းမီဒီယာ သမားများ၏သဘောထားဆန္ဒမပါဘဲ ရေးဆွဲ ထားသော ပြန်ကြားရေး ၀န်ကြီး
ဌာန၏ ပုံနှိပ်မီဒီယာဥပဒေကို ကန့်ကွက်ရေးနှင့် သတင်းမီဒီယာများအပေါ်အစိုးရ၏တရားစွဲဆိုမှုများ ရုပ်သိမ်း
ပေးရေး ဆန္ဒထုတ်ဖော်ရေး ကိစ္စများကို သြဂုတ်လ ၁၅ ရက်နေ့တွင် ထပ်မံကာအစည်းအဝေးပြုလုပ်မည်ဖြစ်
ကြာင်း
သွားမည်ဖြ
သတင်းလွတ်လပ်ခွင့်ကော်မတီက သြဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော တောင်းဆိုချက် ၇ ချက်မှာ
၁။ ပိတ်ပင်ခံထားရသော The Voice Weekly , Envoy ၊ လျှပ်တပြက်ဂျာနယ်တို့ကို ချက်ချင်းထုတ်ဝေခွင့်
ပေးရန်။
(မှတ်ချက်-အစည်းအဝေးပြီးဆုံးချိန်တွင် လျှပ်တပြက်ဂျာနယ်ကို ပြန်လည်ထုတ်ဝေခွင့်ပြုလိုက်ပြီဟ
ပါသည်)
၂။ ပြုပြင်ပြောင်းလဲမှုများကို ထိခိုက်စေသည့်နောက်ပြန်ဆွဲသော မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်လုပ်ရပ်မျိုးကို
မဆို အရေးယူဖယ်ရှားပေးရန်။
၃။ ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေနှင့်မီဒီယာများကို ဖိနှိပ်ကန့်သတ်ထားသော ဥပဒေများကို ချက်ချင်းဖျက်
သိမ်းပေးရန်။
၎။ သတင်းမီယာများအပေါ် အရေးယူမှုများကို ထပ်မံလုပ်ဆောင်ခြင်းမပြုရန်။
၅။ ကျင့်ဝတ်နှင့်အညီရေးသားဖော်ထုတ်သော မည်သည့်ရေးသားမှုကို အစိုးရက ဥပဒေကြောင်းအရ တရား
စွဲမှုများကို ချက်ချင်းရပ်ဆိုင်းရန်။
၆။ မီဒီယာသမားများသဘောဆန္ဒမပါဝင်ဘဲရေးဆွဲထားသည့် မည်သည့်မီဒီယာဥပဒေကိုမဆို လက်မခံပါ။
၇။ လတ်တလောဖြစ်ပွားနေသော စာပေလွတ်လပ်ခွင့်ဆုံးရှုံးမှုများအတွက် မီဒီယာသမားများအား
နိုင်ငံတော်၏ တာဝန်အရှိဆုံးပုဂ္ဂိုလ်က အမြန်ဆုံးတွေ့ဆုံဖြေရှင်းပေးရန်
TheVoiceWeekly
0 comments:
Post a Comment