Pages

Friday, August 10, 2012

အကျင့်ပျက်တရားသူကြီးတွေကို ဖယ်ရှားဖို့ တရားစီရင်ရေး နဲ့ ဥပဒေရေးရာ ကော်မတီဥက္ကဌ သူရဦးအောင်ကိုက ပြည်သူ့လွှတ်တော်ကို ဒီကနေ့တင်ပြ

မြန်မာနိုင်ငံ တရားရေးမဏ္ဍိုင်နဲ့ ပြည်သူလူထု ရပိုင်ခွင့်တွေ နဲ့ ပတ်သက်ပြီး တရားစီရင်ရေး နဲ့ ဥပဒေရေးရာ ကော်မတီဥက္ကဌ သူရဦးအောင်ကိုက ပြည်သူ့လွှတ်တော်ကို ဒီကနေ့ အစီရင်ခံစာတစောင် တင်ပြခဲ့ပါတယ်။ 
တရားစီရင်ရေးမှာ တာဝန်မကျေပြွန်တဲ့ ၊ ဂုဏ်အင်္ဂါ အရည်အချင်းပျက်ယွင်းတဲ့ တရားသူကြီးတွေ၊ ဝန်ထမ်းတွေကို ဖယ်ရှားပြီး ပြည်သူ့တွေက ရွေးချယ်သူတွေနဲ့ ပြန်လည်အစားထ
ိုး ခန့်အပ်ဖို့လိုကြောင်း စသဖြင့်ပြောဆိုခဲ့တယ်လို့ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး နဲ့ ပတ်သက်ပြီး ကော်မတီကို တင်ပြတိုင်ကြားတာတွေရှိနေကြောင်း ၊ မြန်မာနိုင်ငံမှာ အဆင့်မြင့်တရားသူကြီးတွေ ရဲ့ အဂတိလိုက်စားမှုတွေ နဲ့ ဖြောင့်မတ်မှန်ကန်မှုမရှိတဲ့ စီရင်မှုတွေအတွက် အရေးယူဆောင်ရွက်နိုင်မဲ့ ဥပဒေတိတိကျ ပြဌာန်းဖို့ လိုအပ်ကြောင်း အခြေခံဥပဒေမှာလဲ တရားသူကြီးများကို ကာကွယ်ထားတာ တွေ့ရတာကြောင့် တင်ပြရတာဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

ဒီအဆိုနဲ့ သုံးသပ်ချက်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးဖို့ရှိကြောင်း လည်းသိရပါတယ်။




RFA (Burmese)

0 comments:

Post a Comment