Pages

Friday, August 10, 2012

ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်မှာ ဒေသခံရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီရိုဟင်ဂျာတွေအကြား အကြမ်းဖက်မှုတွေဆက်လက်ဖြစ်ပေါ်နေ

Photo: ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်မှာ ဒေသခံရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီရိုဟင်ဂျာတွေအကြားဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း သေဆုံးသူ(၇)ဦးအထိရှိခဲ့ပြီး၊ ကျောက်တော်မြို့နယ်တစ်ခုလုံးကို မနေ့က ပုဒ်မ-၁၄၄ (ညမထွက်ရအမိန့်)ထုတ်ပြန်လိုက်တယ်လို့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က RFA ကိုပြောပါတယ်။
'ကျောက်တော်တမြို့တည်း။ဒါပေမဲ့ကျောက်တော်မြို့မှာဖြစ်တာမဟုတ်ဘူး၊ ဘေးပတ်ဝန်းကျင်တွေဖြစ်တာ
 မြို့ ပေါ်ကိုကူးလာပြီးဖြစ်လာမှာစိုးလိ့ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လုပ်တာပါ။လောလောဆယ် 
ကျနော်တို့ ခုနှစ်ယောက် သေဆုံးတယ်လို့ သတင်းရထားပါတယ် ကျန်တာတွေက ကျနော်တို့ ဆီ တက်မလာသေးတော့လေ အတည်ပြုရခက်သေးလို့ ပါဖမ်းဆီးထားတာတော့မရှိသေးပါဘူးခင်ဗျာ ။
ကျနော်တို့ သိရတဲ့ အချိန်ထိတော့ဖမ်းဆီးထားတာမရှိသေးပါဘူးခင်ဗျာ'
ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ(၈)ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှု တွေကြောင့် နေအိမ် ၂၀၀ ကျော်ခန့်မီးလောင်ဆုံးရှုံးခဲ့ရပြီး၊ လုံခြုံရေးတွေချထားတာကြောင့် ကျောက်တော်မြို့မှာ အခြေအနေတွေလတ်တလော ငြိမ်သက်နေပါတယ်။ ဒါပေမယ့် နယ်တွေနဲ့ဆက်သွယ်သွား လာရေးမှာတော့ စိုးရိမ်ရတဲ့ အခြေအနေမျိုးရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ရဲ့ အနောက်ဘက်နယ်စပ်မြို့ဖြစ်တဲ့ မောင်တောမြို့မှာ မနေ့က အကြမ်းဖက် သမားတွေ ဗုံးဖောက်ခွဲမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့တာကြောင့် လုံခြုံရေးတွေကို တင်းကျပ်စွာချထားပြီး ပုဒ်မ-၁၄၄ (ညမထွက်ရအမိန့်)ကိုလည်း မနေ့က (၂)လ သက်တမ်းထပ်တိုးလိုက်တယ်လို့ မောင်တောမြို့ခံ တစ်ဦးက RFA ကို အခုလိုပြောပါတယ်။
"မနေ့ညကဒီကရှစ်နာရီလောက်ကာဖျူးအမိန့်ထုတ်ပြီးတော့ကာဖျုးပုဒ်မကိုတပ်ပြီးတော့ ညခုနှစ်နာရီကနေမနက်ငါးနာရီအထိမသွားရဘူး၊လမ်းကြိုလမ်းကြားတွေမှာ ငါးယောက်အထက်မစုရဘူး ပြောတယ် '
ဒါ့အပြင် ဒီကနေ့ ညနေ(၄)နာရီခန့်အချိန်က မင်းပြားမြို့မှာ မြစ်ထဲကနေ ခမရ ၃၇၇ က စစ်သားတွေနဲ့အတူ စီးနင်းလိုက်ပါလာတဲ့ သမ္ဗာန်ပေါ်က ဘင်္ဂါလီရိုဟင်ဂျာအချို့နဲ့ ထောင်နဲ့ချီတဲ့မင်းပြားမြို့ခံတွေအကြား တင်းမာမှုတွေဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါပေမယ့် ဒေသခံ အာဏာပိုင်တွေက လူစုခွဲလိုက်တဲ့ အတွက် တစ်စုံတစ်ရာ ပဋိပက္ခတွေဖြစ်ပွားတာမျိုးတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်မှာ ဒေသခံရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီရိုဟင်ဂျာတွေအကြား
ဖစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း သေဆုံးသူ(၇)ဦးအထိရှိခဲ့ပြီး၊ ကျောက်တော်မြို့နယ်တစ်ခုလုံးကို မနေ့က ပုဒ်မ-၁၄၄ (ညမထွက်ရအမိန
့်)ထုတ်ပြန်လိုက်တယ်လို့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က RFA ကိုပြောပါတယ်။
'ကျောက်တော်တမြို့တည်း။ဒါပေမဲ့ကျောက်တော်မြို့မှာဖြစ်တာမဟုတ်ဘူး၊ ဘေးပတ်ဝန်းကျင်တွေဖြစ်တာမြို့ ပေါ်ကိုကူးလာပြီးဖြစ်
လာမှာစိုးလိ့ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လုပ်တာပါ။လောလောဆယ်ကျနော်တို့ ခုနှစ်ယောက် သေဆုံးတယ်လို့ သတင်းရထားပါ
တယ် ကျန်တာတွေက ကျနော်တို့ ဆီ တက်မလာသေးတော့လေ အတည်ပြုရခက်သေးလို့ ပါဖမ်းဆီးထားတာတော့မရှိသေးပါဘူး
ခင်ဗျာ ။

0 comments:

Post a Comment