Pages

Friday, August 10, 2012

သောင်းရင်းမြစ်ရေလျှံ၍ ထိုင်းမြန်မာ ၁၀၀၀ကျော်ရေဘေးတိမ်းရှောင် နှစ်ဘက်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများရပ်ဆိုင်း

Photo: ယနေ့နံနက်ကတွေ့ရသည့်နယ်ခြားသောင်ရင်းမြစ်


မဲဆောက်၊သြဂုတ် ၁၀

ရက်သတ္တ ၃ ပတ်ကြာမိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ယနေ့နံနက်ကစတင်ကာ ထိုင်း-မြန်မာနယ်ခြားသောင်ရင်းမြစ်ရေလျှံခဲ့ပြီး



မြစ်အနီးနေထိုင်ကြသည့်ထိုင်းနှင့်မြန်မာလူဦးရေ ၁၀၀၀ ခန့် ရေဘေးလွတ်ရာသို့တိမ်းရှောင်ခဲ့ရပြီး နှစ်ဘက်နယ်စပ်ကုန်သွယ်ရေး



လုပ်ငန်းများရပ်ဆိုင်းထားရသည်။ 
မြစ်ရေကြီးမှုကြောင့် မြ၀တီမြို့ရှိအမှတ် ၁-၂-၃-၅ ရက်ကွက်များရှိပြည်သူအချို့ သောင်ရင်းမြစ်ရေလျှံ၍ ထိုင်းနှင့်မြန်မာလူဦးရေ 


၁၀၀၀ ခန့် ရေဘေးလွတ်ရာသို့တိမ်းရှောင် ရေဘေးလွတ်ရာသို့တိမ်းရှောင်ခဲ့ရပြီး ရေဘေးဒုက္ခသည်များအတွက် ခရိုင်တာဝန်ရှိသူ

များက အမှတ် ၂ ရပ်ကွက်နှင့်အမှတ် ၃ ရပ်ကွက်ရှိ ဓမ္မာရုံ ၂ ခုကို ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားပြီး ဆန်နှင့်ရိက္ခာခြောက်

များဝေငှပေး သည်ဟု ရေဘေးဒဏ်ခံရသူကိုသန်းဦးကပြောသည်။ 


ထိုင်းဘက်ရှိဟွေ့မုတ်နှင့်ထာ့အာရွာများတွင် မြစ်ရေလျှံမှုကြောင့် ရွာသားအချို့ဘေးလွတ်ရာတိမ်းရှောင်ခဲ့ပြီး မြန်မာဘက်တင်ပို့



မည့်ထိုင်းကုန်စည်များထားသည့် ဂို ဒေါင်အချို့မြစ်ရေ၀င်ရောက်ခဲ့သဖြင့် ဆုံးရှုံးမှုအချို့ရှိသည်ဟု အမှတ် ၂ လှေဆိပ်မှ ကုန်စည်ပို့



ဆောင်ရေးမန်နေဂျာနိုင်ဆူချိုင်းကပြောသည်။ 


Photo




၎င်းက"ရေကြီးတော့ဘာမှလုပ်လို့မရတော့ဘူး ဂိုဒေါင်ထဲကပစ္စည်းတွေကိုဘဲ ရေဘေးလွတ်အောင်လုပ်နေရတယ် ဗမာပစ္စည်းထိုင်း



ပစ္စည်းဘာမှပို့လို့မရတော့ဘူး ရေကျမှဘဲအလုပ်ပြန်လုပ်လို့ရမယ်"ဟုပြောသည်။ ထိုင်းကုန်သည်ကြီးများအသင်းက မြ၀တီတွင်



ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ကယ်ဆယ်ရေးပစ္စည်းများနှင့်စားသောက်ကုန်များကို သွားရောက်လှူဒါန်းရန် ပစ္စည်းများထုတ်



ပိုးနေသည်ဟု အဖွဲ့တာဝန်ရှိသူနိုင်ဝစ်ချိုင်းကပြောသည်။ 



ယခင်နှစ်ကအလားတူမြစ်ရေးကြီးမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သောကြောင့် မြ၀တီဘက်တွင်ယာယီကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ခဲ့ရပြီး



 နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများလည်းရပ်နားခဲ့ရသည်။ မြ၀တီမြို့သည် အနောက်မှအရှေ့ ၃ မိုင် မြောက်မှတောင် ၇၃ 



မိုင်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၆၅၀တွင်တည်ရှိပြီး ရပ်ကွက် ၅ ရပ်ကွက် ကျေးရွာအုပ်စု ၁၅ ခုနှင့် ကျေးရွာပေါင်း ၅၀ 



ရှိသည်။


ရဲရင့်မောင်(ပေါ်ပြုလာမြန်မာ)

0 comments:

Post a Comment