Pages

Friday, August 10, 2012

ဒေါ်လာသန်း ၁၁၀ ကျော် ကုန်ကျမည့် တံတားများ အလုံဆိပ်ကမ်းတွင် ဆောက်မည်


အလုံသင်္ဘောကျင်း ဆိပ်ကမ်းတွင် အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကျော် ကုန်ကျမည့် ဆိပ်ခံတံတားသုံးခု ကို တည်ဆောက်နိုင်ရန် ပို့ဆောင်ရေး ဝန်ကြီးဌာနက မြန်မာ့အဏ္ဏဝါ စွမ်းအားရှင်အုပ်စု ကုမ္ပဏီအား သြဂုတ်လ ၄ ရက်နေ့တွင် လုပ်ကိုင်ခွင့် ပြုလိုက်သည်။


ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်တွင်ပြုလုပ်သည့် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုကြောင်း လက်မှတ်ရေးထိုးခြင်း အခမ်းအနားတွင်---------- “ပို့ဆောင်ရေးဝန်ကြီးဌာနအနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်တဲ့အနေနဲ့ အစိုးရသစ် သက်တမ်း ဒုတိယနှစ်မှာမြန်မာ့ဆိပ်ကမ်း အာဏာပိုင်နဲ့ ပုဂ္ဂလိကနဲ့ ပူးပေါင်းပြီး 
ပထမဆုံး အကြိမ် လက်မှတ်ရေးထိုးခြင်း ဖြစ်တယ်” ဟု ပို့ဆောင်ရေးဝန်ကြီး ဦးဉာဏ်ထွန်းအောင် က ပြောကြားသွားသည်။

အဆိုပါ ဆိပ်ကမ်းများ တည်ဆောက်ပြီးစီးပါက တန်ချိန် ၃,၅ဝဝ ရှိ နိုင်ငံခြားသင်္ဘာကြီး ခြောက်စီး တပြိုင်နက် ဆိုက်ကပ်နိုင်ပြီး ကုန်တင်ကုန်ချ လုပ်ငန်းများအတွက် ကုန်သတ္တာ အလုံးရေ ၃၂ဝ,ဝဝဝ ခန့်ထိ သိုလှောင်နိုင်မည်ဟု မြန်မာ့အဏ္ဏဝါကုန်တင်ကုန်ချ လုပ်ငန်းများအတွက် ကုန်သတ္တာ အလုံးရေ ၃၂ဝ,ဝဝဝ ခန့်ထိ သိုလှောင်နိုင်မည်ဟု စွမ်းအားရှင်အုပ်စုမှ မန်နေးဂျင်း ဒါရိုက်တာ 
ဦးကိုကိုထူး က အဆိုပါ အခမ်းအနားတွင် ပြောသွားသည်။

ထိုကုမ္ပဏီသည် ၂ဝဝ၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ မြန်မာ့ရင်းနှီးမြှပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် အလုံမြို့နယ် ကမ်းနားလမ်း
ရှိ ကြွေထည်မြေထည် လုပ်ငန်း မြေနေရာကို ငှားရမ်းပြီး ဆိပ်ခံတံတား နှစ်ခုတည်ဆောက်ပြီး ကုန်းတွင်း ကုန်သတ္တာစခန်းများ တည်ဆောက်ကာ ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့သည်။

ထိုလုပ်ငန်းများ အောင်မြင်ခြင်းကြောင့် ၂ဝဝ၃ ခုနှစ်တွင် စတင် လုပ်ကိုင်ခဲ့သည့် ကနဦး လုပ်ကိုင်ခွင့် နှစ် ၃၀ အပြင်နောက်ထပ် နှစ်
တိုး ၁၅ နှစ် နှစ်ကြိမ် ထပ်မံတိုးမြှင့် လုပ်ကိုင်ခွင့် ရရှိခဲ့သည်ဟုလည်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင် က ပြောသည်။

အဆိုပါလုပ်ငန်းများ ပုဂ္ဂလိကအား လုပ်ကိုင်ခွင့်ပြုခြင်းနှင့် ပတ်သက်၍ ဝန်ကြီး ဦးဉာဏ်ထွန်းအောင် က မြန်မာနိုင်ငံ သည် ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌ တာဝန် ယူရမည်ဖြစ်ပြီး  မြန်မာ့ စီးပွားရေးကဏ္ဍကို တခြားအာဆီယံနိုင်ငံများ
နှင့် ရင်ပေါင်တန်းနိုင်ရန် ပုဂ္ဂလိက အဖွဲ့အစည်းများကို အားပေးခြင်းဖြစ်ကြောင်းလည်း ပြောသွားခဲ့သည်။

ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများအနက် သင်္ဘော ၁၈ စီး ဆိုက်ကပ်နိုင်သည့် တံတား ၁၈ ခု ရှိပြီပြီး တံတား ၁၄ ခု ထပ်မံဆောက်လုပ်၍
နိုင်ငံခြားကုန်တင်သင်္ဘော ၃၂ စီး တပြိုင်နက်တည်း ဆိုက်ကပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်ဟု လည်း ဦးဉာဏ်ထွန်း
အောင် က ပြောသည်။

ထို့အပြင် ရန်ကုန် တဘက်ကမ်း သံလျင်မြို့နယ် သီလဝါ ဆိပ်ကမ်းတွင်လည်း သင်္ဘောပေါင်း ၃၇ စီး ဆိုက်ကပ်နိုင်သည့် တံတားများ တည်ဆောက်ရန် စီစဉ်ထားရမည် ဟုလည်း ဝန်ကြီးက ပြောသွားခဲ့သည်။

ရန်ကုန် (မဇ္ဈိမ)

0 comments:

Post a Comment