Pages

Friday, August 10, 2012

ကိုလူချောအဖွဲ့ကို ဆန်အိတ် ၁ဝဝ လှူခဲ့တဲ့ သူထူးစံ

လတ်တလောတွင် သူထူးစံက ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးသည့် ‘မျက်လုံး’ ဇာတ်ကားကို ရိုက်ကူးခဲ့ပြီး ဆက်လက်၍ ‘ခြေလှမ်း’ အမည်ရကားကို ရိုက်ကူးနေ   ကြောင်း  ဆိုသည်။ အနုပညာ လောကသားများ ဖြစ်သည့် ကိုလူချော အဖွဲ့သားများကို သူထူးစံက ဒါရိုက်တာ ဝင်းထွန်းထွန်းနှင့်အတူ သြဂုတ်လ ၆ ရက် နံနက်တွင် ဆန်အိတ် ၁ဝဝ လှူဒါန်း ခဲ့သည်။

”ကျွန်တော်တို့ လောကမှာရှိ တဲ့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင် ဖက်တွေ ဆရာသမားတွေလည်း ပါတယ်။ အပေါင်းအသင်း တွေ
လည်း ပါတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေ  ကို တတ်နိုင်သလောက် တတ်နိုင် တဲ့ဘက်က ဖြည့်ဆည်းပေးတာပါ။ 

အိုဇုန်းလွှာပေါက်တာကို မဖာနိုင်ခင် မှာ ကိုယ့်ရဲ့ မိမိပတ်ဝန်း ကျင်ကို စိမ်းလန်းအောင် လုပ်ပါဆိုတဲ့ စကားအတိုင်း တတ်နိုင်သမျှ အပင်လေး တွေလည်း စိုက်တာပေါ့။ မင်းသား တွေလည်း ဒီလိုပဲ တစ်လကို   နှစ်ယောက်တွဲစီ လှူဖို့ အစီအစဉ်လေးတော့ ပြော
ထားပါတယ်။ ပွင့်ပွင့် လင်းလင်း ပြောရရင် အဓိက သရုပ်ဆောင်တွေ ဖြစ်တဲ့သူတွေတောင်မှ အခက်အခဲရှိပေမယ့် သူတို့တွေက ပိုဆိုးတာပေါ့။ ကိုယ် တတ်နိုင်တဲ့ ဘက်က ပံ့ပိုးကူညီတာပါ” ဟု သူထူးစံက ပြောသည်။

သိမ့်သိမ့်(ပေါ်ပြုလာမြန်မာ)

0 comments:

Post a Comment