Pages

Friday, August 10, 2012

ဦးသန်နေထိုင်ခဲ့သောအိမ်ကို ပြတိုက်ငယ်ဖွင့်လှစ်နိုင်ရန် မိသားစုပြင်ဆင်

(ဦးသန့်နေထိုင်ခဲ့သည့် ဝါဒါမီရာဂါဒင်း အမှတ် ၃၁ နေအိမ်) (ဓာတ်ပုံ - Thant Myint Oo Facebook page)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ၁၉၅၀ပြည့်နှစ်များက နေထိုင်ခဲ့သော နေအိမ်အား မကြာမီ ပြန်လည်
ပြုပြင်ကာ ဦးသန့်၏ ဘဝအစိတ်အပိုင်းနှင့် အလုပ်နှင့် ပတ်သက်သည်များကို အိမ်၏အစိတ်အပိုင်းအချို့တွင် ပြတိုက်ငယ်အဖြစ် ပြုလုပ်သွားရန် မိသားစုက စီစဉ်နေကြောင်း သတင်းရရှိသည်။ 


အချို့နေရာများကို အများပြည်သူနှင့်ဆိုင်သော ဆွေးနွေးပွဲများ၊ သင်ခန်းစာပို့ချချက်များ ပြုလုပ်နိုင်ရန် မိသားစုများက ပြင်ဆင်နေ
ကြောင်း မြေးတော်စပ်သူ စာရေးဆရာ ဦးသန့်မြင့်ဦးက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် သြဂုတ်လ ၂ ရက်တွင် ရေးသားထား
သည်။

ယခင်အစိုးရလက်ထက်က ထိုအိမ်သည် အစိုးရပိုင်ဖြစ်ပြီး မိသားစု၏ စိတ်ကူးကို အကောင်အထည်ဖော်နိုင်ရန် သမ္မတကခွင့်ပြုပေး
ခဲ့ပြီး လအနည်းငယ်ကြာ အချိန်ယူပြင်ဆင်ကာ အကောင်အထည်ဖော်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ဦးသန့်မြင့်ဦးကရေးသား
ထားသည်။ 

အဆိုပါအိမ်သည် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ဆာကူရာရီစီဒန့် အနောက်ဘက်မှဝင်ရသော ဝင်ဒါမီရာဂါးဒင်း အမှတ်(၃၁) တွင် တည်ရှိသည်။

အောင်သူရ (7Day News Journal)

0 comments:

Post a Comment