Pages

Monday, December 10, 2012

လိင်ပညာပေး 'ညှို့'မဂ္ဂဇင်းကို စာနယ်ဇင်း ကောင်စီက ခေါ်ယူ

Photo: လိင်ပညာပေး 'ညှို့'မဂ္ဂဇင်းကို စာနယ်ဇင်း ကောင်စီက ခေါ်ယူ

    10 December 2012  | 
   
လိင်ပညာပေး 'ညှို့'မဂ္ဂဇင်းကို စာနယ်ဇင်း ကောင်စီက ခေါ်ယူလိင်ပညာပေး မဂ္ဂဇင်း ဟုဆိုသော 'ညှို့' မဂ္ဂဇင်းကို မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီက ဒီဇင်ဘာလ ၄ ရက်နေ့၌ ခေါ်ယူထားကြောင်း ယင်းမဂ္ဂဇင်း အယ်ဒီတာချုပ် ကိုဦးဆွေက ပြောသည်။

"ကောင်စီကလည်း ကိုယ့်အပေါ်မှာ ပြင်းပြင်းထန်ထန် အရေးယူမယ်လို့မထင်ပါဘူး၊ ပျော့ပျော့ပျောင်းပျောင်းနဲ့ ညှိနှိုင်းဆွေးနွေးမယ့် အနေအထားပါပဲ" ဟု ကိုဦးဆွေက ဆိုသည်။ စာနယ်ဇင်းကောင်စီကျင့်ဝတ်များတွင် မြန်မာ့ယဉ်ကျေးမှုနှင့်သက်ဆိုင်သော ကျင့်ဝတ် ပါဝင်သောကြောင့် ညှို့မဂ္ဂဇင်း ကို ခေါ်ယူခြင်း ဖြစ်နိုင်ကြောင်း စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်ကပြောသည်။

"ဖက်ရှင်အနေနဲ့ ခွင့်ပြုထားပြီး လိင်ပညာပေးမဂ္ဂဇင်းထုတ်တာမျိုးကတော့ ကောင်စီနဲ့တိုက် ရိုက်မဆိုင်ပါဘူး၊ ဒါကတော့ ဌာနဆိုင်ရာကိစ္စပါ"ဟု ၄င်းကဆိုသည်။ ညှို့မဂ္ဂဇင်းကို မြန်မာပြည်တွင် လိုအပ်လျက်ရှိသော Sex Education (လိင်ပညာပေး) ကဏ္ဍကို ဝင်ရောက်ဖြည့်စွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ထုတ်ဝေခြင်းဖြစ်ကြောင်း၊ လိင်ပညာပေး ကိစ္စရပ်များနှင့် ပတ်သက်၍ လုံးချင်းစာအုပ်များရှိသော်လည်း မဂ္ဂဇင်းမရှိသေးသောကြောင့် ယခုကဲ့ သို့ထုတ်ဝေနေခြင်းဖြစ် ကြောင်း ကိုဦးဆွေကပြောသည်။ ညှို့မဂ္ဂဇင်းမှာ မျက်နှာဖုံးဒီဇိုင်းအပါအဝင် အတွင်းဆောင်းပါးများကြောင့် ပရိသတ်စိတ်ပါဝင်စားမှု ကို ခံနေရသည်။

ထက်နိုင်ဇော် 

အေးချမ်းမွန်မှ Venus News Journal  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

10 December 2012 

လိင်ပညာပေး 'ညှို့'မဂ္ဂဇင်းကို စာနယ်ဇင်း ကောင်စီက ခေါ်ယူလိင်ပညာပေး မဂ္ဂဇင်း ဟုဆိုသော 'ညှို့' မဂ္ဂ
ဇင်းကို မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီက ဒီဇင်ဘာလ ၄ ရက်နေ့၌ ခေါ်ယူထားကြောင်းယင်းမဂ္ဂဇင်း အယ်
ဒီတာချုပ် ကိုဦးဆွေက ပြောသည်။ "ကောင်စီကလည်း ကိုယ့်အပေါ်မှာ ပြင်းပြင်းထန်ထန် အရေးယူမယ်လို့မထင်ပါဘူး၊ ပျော့ပျော့ပျောင်းပျောင်း
နဲ့ ညှိနှိုင်းဆွေးနွေးမယ့် အနေအထားပါပဲ" ဟု ကိုဦးဆွေက ဆိုသည်။ 
 
စာနယ်ဇင်းကောင်စီကျင့်ဝတ်များတွင် မြန်မာ့ယဉ်ကျေးမှုနှင့်သက်ဆိုင်သော ကျင့်ဝတ် ပါဝင်သောကြောင့် ညှို့မဂ္ဂဇင်း ကို ခေါ်ယူခြင်း ဖြစ်နိုင်ကြောင်း စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်ကပြောသည်။

"ဖက်ရှင်အနေနဲ့ ခွင့်ပြုထားပြီး လိင်ပညာပေးမဂ္ဂဇင်းထုတ်တာမျိုးကတော့ ကောင်စီနဲ့တိုက် ရိုက်မဆိုင်ပါဘူး၊ ဒါကတော့ ဌာနဆိုင်ရာကိစ္စပါ"ဟု ၄င်းကဆိုသည်။ ညှို့မဂ္ဂဇင်းကို မြန်မာပြည်တွင် လိုအပ်လျက်ရှိသော Sex Education (လိင်ပညာပေး) ကဏ္ဍကို ဝင်ရောက်ဖြည့်စွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့်ထုတ်ဝေခြင်းဖြစ်ကြောင်း၊ 
 
လိင်ပညာပေး ကိစ္စရပ်များနှင့် ပတ်သက်၍ လုံးချင်းစာအုပ်များရှိသော်လည်း မဂ္ဂဇင်းမရှိသေးသောကြောင့် ယခုကဲ့ သို့ထုတ်ဝေနေခြင်းဖြစ် ကြောင်း ကိုဦးဆွေကပြောသည်။ ညှို့မဂ္ဂဇင်းမှာ မျက်နှာဖုံးဒီဇိုင်းအပါအဝင် အတွင်းဆောင်းပါးများကြောင့် ပရိသတ်စိတ်ပါဝင်စားမှု ကို ခံနေရသည်။

ထက်နိုင်ဇော်
 
Venus News Journal

0 comments:

Post a Comment